Cele News

ရင်ခုန်စရာကောင်းတဲ့ ကြည်ပြာရောင် မျက်ဝန်းလေးတွေနဲ့ ညှို့အားပြင်းပြင်း ဖမ်းစားထားတဲ့ “အိချောပို”

ပရိသတ်ကြီးရေ အမိုက်စားကောက်ကြောင်းအလှတွေကို ပိုင်ဆိုင်ထားပြီး ယောကျာ်း လေးပရိသတ်တွေရဲ့ အသည်းတွေကို ခြွေချထားနိုင်သူကတော့ မင်းသမီးချောလေး အိချောပိုပဲ ဖြစ်ပါတယ်။ သူမကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့် ရုပ်ရှင်ကားကြီးတွေအထိပါ ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ လက်ရှိ ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလလေးမှာတော့ အနုပညာအလုပ်တွေကို ခဏတာ ရပ်နားထားပြီး အနားယူနေထိုင်နေတာဖြစ်ပါတယ်။ အိချောပိုဟာ ဝတ်စားဆင်ယဉ်မှုမှာလည်း ဘယ်လို ဖက်ရှင်ဒီဇိုင်လေးတွေနဲ့ပဲဖြစ်ဖြစ် လိုက်ဖက်ညီညီဝတ်ဆင်တတ်တဲ့ သူပဲဖြစ်ပါတယ်။ သူမကတော့ အမြဲလိုလို ကလေးဆန်တဲ့ အမူအရာလေးတွေ ကြောင့်လည်း ပရိသတ်တွေကလည်း ချစ်အားပိုနေရတာဖြစ်ပါတယ်။ ယခုမှာတော့ အိချောပိုက မြင်သူတိုင်း ငေးမောသွားလောက်မယ့် အလန်းစား ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေထဲမှာတော့ အိချောပိုက လွတ်လပ်ပေါ့ပါးတဲ့ အလန်းစားဖက်ရှင်လေးနဲ့ လှရက်လွန်းနေပြီး ရင်ခုန်စရာကောင်းတဲ့ ကြည်ပြာရောင် မျက်လုံးလေးတွေနဲ့ ညို့အားပြင်းပြင်း ဖမ်းစားထားတာ ဖြစ်ပါတယ်။ […]

Cele News

မွန်မြတ်ပြီး တန်ဖိုးဖြတ်မရတဲ့ ကြည်နူးပီတိဖြစ်စရာ အလှူလေးတစ်ခုကို ထပ်မံ ပြုလုပ်ခဲ့တဲ့” ဖြူဖြူထွေး”

မင်းသမီးချောလေး ဖြူဖြူထွေးကတော့ အေးချမ်းတဲ့ အပြုံးလှလှလေးတွေနဲ့ ဟန်ဆောင်မှုကင်းကာ ချစ်ဖို့ကောင်းသူလေးဖြစ်ပြီး စကားပြောလိုက်တိုင်းမှာလည်း ရိုးသားပွင့်လင်းတဲ့အပြင် ကိုယ်ပိုင်အရည်အချင်းရှိပြီး အလုပ်ကိုကြိုးစားတတ်တဲ့ ဖြူဖြူထွေးက အခုဆိုရင် ဝါရင့်အနုပညာရှင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးလျှက်ရှိတာတွေ့ရပါတယ်။ ဖြူဖြူထွေးဟာ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ သွက်လက်ဖျတ်လက်တဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲရောက်ရှိလာခဲ့သူလေးဖြစ်သလို သူမရဲ့ပင်ကိုယ်ဟာသစွမ်းရည်နဲ့ အကဗီဒီယိုလေးတွေကြောင့် လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ပိုမိုရေပန်းစားလူကြိုက်များလာကာ ပရိသတ်အခိုင်မာရရှိထားတာပါ ။ ဟာသဗီဒီယိုလေးတွေကို အမြဲတင်လေ့ရှိပြီး ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးခြင်းကို ရရှိထားတာလည်းဖြစ်ပါတယ်။ဒါ့အပြင် အလှူအတန်းဆိုလည်း တတ်နိုင်သလောက် သူမရရှိတဲ့ အနုပညာကြေးတွေနဲ့ လှူဒါန်းတတ်သူလေးဖြစ်ပါတယ် ။ ကြော်ငြာတစ်ခုရိုက်ပြီးတိုင်းလည်း ဇာတ်ပို့သရုပ်ဆောင်တွေကို တတ်နိုင်သလောက်လေး ကန်တော့တတ်ပြီး အခုလည်း အစားအသောက်နဲ့ ငွေသားများ ထပ်မံလှူဒါန်းကာ မွန်မြတ်သောအလှူလေးတစ်ခုကိုလုပ်ခဲ့တာတွေ့ရပါတယ်။ ပရိသတ်ကြီးလည်း ဖြူဖြူထွေးရဲ့ အလှူလေးကို သာဓုခေါ်နိုင်စေရန် မျှဝေပေးလိုက်ပါတယ် …။Source : […]

Cele News

ကျန်းမာရေးမကောင်းတဲ့ ဖခင်ကို ဘုန်ကြီးလူထွက်ခိုင်းပြီး အနီးကပ်ပြုစုနေတဲ့ ချစ်စုရဲ့ ဗီဒီယိုဖိုင်

ပရိသတ်တွေကြားမှာ ဟာသလူရွှင်တော်တစ်ဦးအဖြစ် နာမည်ကြီးခဲ့တဲ့ ဦးပေါ်လေးကတော့ ယခုလက်ရှိအချိန်မှာ ဘုန်းကြီးလူထွက်လိုက်ပြီပဲ ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေမှာလည်း ဇာတ်ပို့သရုပ်ဆောင်အနေနဲ့ ပါဝင်ရိုက်ကူးတတ်တဲ့ သူကို မသိသူမရှိပါဘူးနော်။ ဦးပေါ်လေးက အသက်အရွယ်တစ်ခုကြောင့် အနုပညာအလုပ်တွေကို ဆက်လက်မလုပ်ကိုင်နိုင်တော့ပေမယ့် သူရဲ့ သား ချစ်စုကတော့ ပရိသတ်တွေကြားမှာ ယနေ့တိုင် ရပ်တည်အောင်မြင်နေသူပါ။ ချစ်စုက လက်ရှိ နာမည်ကြီး မြန်မာပြည်စတားလူရွှင်တော်အဖွဲ့တွေထဲက တစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်ကြိုက်ဟာသဉာဏ်ရွှင်သူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ ချစ်စုရဲ့ ဇနီးကလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာဖြစ်ပြီး ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပါနော်။ ဖခင် ဦးပေါ်လေးအပေါ်မှာလည်း ဇနီးမောင်နှံနှစ်ယောက်လုံးက ရိုသေလေးစားကြတာကို တွေ့ရပါတယ်။ ယခုမှာလည်း ကျန်းမာရေးမကောင်းတဲ့ ဖခင်ကို ဘုန်းကြီးလူထွက်ခိုင်းပြီး အိမ်မှာ ထမင်း၊ ဟင်း ကောင်းတွေနဲ့ သေချာ ပြုစုနေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို တင်ပေးလာခဲ့ပါတယ်။ ဖခင်ရဲ့ ကျေးဇူးကြွေးကို ဆပ်နေကြတဲ့ […]

Cele News

မထက်ကိုချစ်လို့ သိန်းပေါင်းများစွာ တန်ဖိုးအရှိဆုံး ဘယက်ကြီးကို ဝယ်ယူအားပေးလိုက်တဲ့” ရွှေမှုံရတီ”

ပရိသတ်ရင်ထဲ တဖန်ပြန်လည်ဝင်ရောက်လာခဲ့တဲ့ မင်းသမီးကြီး ထက်ထက်မိုးဦးကတော့ ယခုလက်ရှိအချိန်မှာ တစ်ကြော့ပြန်အောင်မြင်မှုတွေကို ဆွတ်ခူးလာနိုင်ပြီလည်း ဖြစ်ပါတယ်။ ကြော်ငြာခေတ်တစ်ခုကို လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က ပြိုင်ဖက်ကင်းရပ်တည်နိုင်ခဲ့တဲ့ သူမက ယခုမှာလည်း Liveလွှင့်ရောင်းတဲ့ ရတနာပစ္စည်းကြော်ငြာတွေမှာ ထိပ်ဆုံးက အောင်မြင်မှုတွေကို ရရှိထားတာပါ။ မိုးကုတ်သူဖြစ်တဲ့ ထက်ထက်က ကျောက်မြက်ရတနာအကြောင်း နားရည်ဝသူမို့ သေချာရှင်းပြနိုင်ပြီး အတန်ဆုံးဈေးတွေနဲ့ ရောင်းတတ်သူဖြစ်လို့ ဝယ်ယူသူတွေကလည်း စိတ်တိုင်းကျတာကို တွေ့ရပါတယ်။ ဝယ်ယူသူတွေထဲမှာ နိုင်ငံကျော် မင်းသားမင်းသမီးတွေ ပါဝင်တာဖြစ်ပြီး ယနေ့မှာလည်း ပရိသတ်တွေရဲ့ အသည်းကျော်မလေး ရွှေမှုံရတီကလည်း အားပေးလိုက်ပြန်ပါပြီနော်…။ ရွှေမှုံကတော့ သူမကိုယ်တိုင် ဝတ်ပြီး အလှပိုတိုးဖို့အတွက် သိန်းပေါင်းရာကျော်တန်တဲ့ ဘယက်ကြီးကို မထက်ရဲ့ Live salesလေးမှာပဲ ဝယ်ယူအားပေးလိုက်တာပါ။   တကယ့်ကိုမှ လှပြီး တန်ဖိုးကြီးမားတဲ့ ဘယက်ကြီးကို ဈေးမဆစ်ပဲ ဝယ်လိုက်တာဖြစ်လို့ […]

Cele News

ပြိုနေတဲ့အိမ်လေးထဲမှာနေရတဲ့ မြေးအဖိုးနှစ်ယောက်အတွက် အိမ်လေးတစ်လုံးဆောက်ပေးသွားမယ့် လင်းလင်းနဲ့ ချစ်သုဝေ

မြန်မာနိုင်ငံရဲ့အရေးကိစ္စတိုင်းအတွက် ခေတ်သစ်ဖောင်ဒေးရှင်းကနေတဆင့် လိုအပ်လာတိုင်း လက်မနှေးကူညီနေသူတွေဖြစ်တဲ့ လင်းလင်းနဲ့ချစ်သုဝေတို့ ဇနီးမောင်နှံ ကတော့ မြန်မာနိုင်ငံမှာ ကိုဗစ်စတင်ဖြစ်ပွားကတည်းကနေ ယနေ့အချိန်ထိ သိန်း(၄၀၀၀) နီးပါးလှူဒါန်းပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် ကိုဗစ်အလှူတွေသာမက အခြားလိုအပ်နေတဲ့နေရာတွေကိုလည်း ဆက်တိုက်ဆိုသလို ကူညီနေပါသေးတယ်။ ဒီနေ့မှာတော့ ပြိုနေတဲ့အိမ်လေးထဲမှာ ချို့ချို့တဲ့တဲ့နေ နေရတဲ့ မြေးအဖိုးနှစ်ယောက်အတွက် အိမ်လေးတစ်လုံးဆောက်လုပ်လှူဒါန်းသွားမယ်လို့ သိရပါတယ်။ အဖိုးဖြစ်သူက အသက်(၇၀) ကျော်နေပြီဖြစ်ပြီး ဝမ်းစာအတွက် ကုန်စိမ်းရောင်းချအသက်မွေးနေရသူပါ။ သူတို့ရဲ့အိမ်လေးကတော့ ပြိုကျနေတာကြာပြီဖြစ်ပေမယ့် နေ့စဉ်စားသောက်ဖို့အရေးသာ အာရုံစိုက်နေရတာမို့ ပြိုကျနေတဲ့အိမ်လေးထဲမှာပဲ မြေးအဖိုး(၂) ယောက် ဖြစ်သလို နေနေရတာဖြစ်ပါတယ်။ ဒါ့အပြင် အဘိုးတို့နေတဲ့ ရပ်ကွက်က ချောင်းနဲ့နီးတဲ့ရပ်ကွက်ဖြစ်နေတာမို့ မိုးများပြီး ရေတက်လာတိုင်း ညအချိန်မတော်လည်း အိမ်ထဲကထွက်ပြီး ရေလွတ်ရာ လမ်းမကြီးဘက်ကို သွားနေရင်း ဒီအိမ်လေးနဲ့ပဲ ဖြစ်သလို နေထိုင်နေရပါတယ်တဲ့ ပရိသတ်ကြီးရေ… ချစ်သုဝေကတော့ မိတ်ဆွေတစ်ယောက်ရဲ့ […]

Cele News

ကိုရီးယား ထိပ်တန်းမင်းသား Park Seo Joon နဲ့အတူ သရုပ်ဆောင်ခွင့်ရခဲ့တဲ့ မေမြတ်နိုး (ရုပ်သံ)

(ရုပ်သံဖိုင်ကို အောက်တွင် ကြည့်ရှုပါရန်) တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့ Park Seo Joon ကိုတော့ ပရိသတ်တွေသိကြမှာပါ။ မြန်မာနိုင်ငံကနှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။ ပရိသတ်အချစ်တော်မေမြတ်နိုးကတော့ Park Seo Joonနဲ့အတူတွဲပြီးတော့ သရုပ်ဆောင်ခွင့်ရခဲ့ပါပြီ။ မေကတော့ Park Seo Joon နဲ့အတူ ကြော်ငြာတစ်ခုကိုရိုက်ကူးခွင့်ရခဲ့ပါတယ်။ ဒီနေ့မှာတော့ အဲ့ဒီဗီဒီယိုလေးကို Park Seo Joon ရဲ့ဖေ့ဘွတ်ခ်ကနေပြီးတော့ မျှဝေခဲ့သလို မေမြတ်နိုးကလည်း Surprise ဆိုပြီးတော့ ပြန်လည်မျှဝေခဲ့ပါတယ်။ မေမြတ်နိုးကတော့ Miss Asia Pacific World တစ်ယောက်အဖြစ် မြန်မာနိုင်ငံကို ပထမဆုံးသရဖူသယ်လာခဲ့သူတစ်ယောက်ပါ။ ဒါ့အပြင် Asia Next Top Model ပြိုင်ပွဲကြီးရဲ့ 4th season မှာလည်း မြန်မာနိုင်ငံကနေပြီးတော့ ပထမဆုံးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Top -7 အဆင့်အထိပါဝင်ခဲ့သူပါ။ […]

Cele News

ဖခင်မွေးနေ့အတွက် ပြုလုပ်ပေးခဲ့တဲ့ မိသားစုအလှူလေးကို မျှဝေလာတဲ့” ငွေဇင်လှိုင်း”

မြန်မာနိုင်ငံရဲ့ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကာလမှာ ငွေကြေးတတ်နိုင်သူတွေက ချို့တဲ့သူတွေ၊ အကူအညီလိုအပ်နေသူတွေကို ကူညီရင်း အဆင်ပြေပြေနဲ့ဒီကာလကြီးကို ကျော်လွှားနိုင်အောင် ကြိုးစားနေတာကတော့ တကယ်ကို ကြည်နူးပီတိဖြစ်စရာပါ။ ကုသရေးဆေးရုံတွေ၊ Lock Down Center တွေက လူနာတွေအတွက်လည်း ကိုယ်တတ်သလောက် အစားအသောက်တွေ စဉ်ဆက်မပြတ်လှူဒါန်းပေးနေကြတဲ့အလှူရှင်တွေလည်း အများအပြားပါပဲ။ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲကနေ တက်လှမ်းလာတဲ့အဆိုတော်တစ်ယောက်ဖြစ်သူ တမူးသူလေး ငွေဇင်လှိုင်းကလည်း ဒီနေ့မှာ Lock Down ကျနေတဲ့ အိမ်ထောင်စု(၂၈၀) စာအတွက် အလှူပြုလုပ်ပေးခဲ့ကြောင်း မျှဝေလာပါတယ်။ ဖခင်ဖြစ်သူရဲ့(၇၁) နှစ်ပြည့်မွေးနေ့အလှူအနေနဲ့ မိသားစုတစ်ခုစီအတွက် ဆန်(၄) ပြည်၊ ဆီတစ်ဘူး၊ ကြက်သွန်၊ ကြက်ဥ၊ ကော်ဖီ၊ မရွေး၊ ငါးသေတ္တာ၊ နို့ဆီနဲ့ Mask များကို မိသားစုအလှူလေးအနေနဲ့ လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်။ ငွေဇင်လှိုင်းတို့မိသားစုကတော့ မကြာခဏဆိုသလို အလှူကြီးပြုလုပ်လေ့ရှိသူတွေဖြစ်သလို ဒီတစ်ခေါက်မှာလည်း ကိုဗစ်ကြောင့် ဒုက္ခရောက်နေတဲ့ […]

Cele News

ချစ်ဇနီးရဲ့ အပြုအစုအယုအယတွေကြောင့် ပါးစပ်ကြီးစေ့လို့မရနိုင်တော့တဲ့အထိ ပီတိတွေဖြစ်နေတဲ့ နေဝင်း (ရုပ်သံ)

(ရုပ်သံဖိုင်ကို အောက်တွင်ကြည့်ရှုပါရန်) ချစ်ဇနီးရဲ့ အပြုအစုအယုအယတွေကြောင့် ပါးစပ်ကြီးစေ့လို့မရနိုင်တော့တဲ့အထိ ပီတိတွေဖြစ်နေတဲ့ နေဝင်းရဲ့ဗီဒီယို အမိုက်စား Rap သီချင်းတွေကို သီဆိုတတ်တဲ့ Snare အဖွဲ့က အဆိုတော် နေဝင်းကတော့ လူငယ်ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်အားပေးခြင်းကို တစ်ခဲနက်ခံရသူတစ်ယောက် ဖြစ်ပါတယ်။ နေဝင်းက လက်ရှိမှာတော့ ပရိသတ်တွေအတွက် သီချင်းသစ်တွေကို ဖန်တီးပေးနေလျက်ရှိပြီး ကြင်စဦး အိမ်ထောင်သည်ဘဝကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချစ်စရာကောင်းပြီး ရှေ့သွားနောက်လိုက်ညီလွန်းတဲ့ နေဝင်းတို့ ဇနီးမောင်နှံကို ချစ်သူဘဝကတည်းကနေ အခုအချိန်ထိ အားပေးချစ်ခင်ကြဆဲ ဖြစ်ပါတယ်။ နေဝင်းတို့ စုံတွဲလေးကတော့ ချစ်သူတွေအဖြစ် (၁၁) နှစ်ကျော်လက်တွဲပြီးမှ အိမ်ထောင်သည်ဘဝကိုရောက်လာခဲ့တာကြောင့် တစ်ယောက်အကြောင်းတစ်ယောက် သိကာ လိုအပ်ချက်မှန်သမျှကို ဖြည့်စည်းပေးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နေဝင်းက ပရိသတ်တွေအားကျရစေမယ့် ဗီဒီယိုလေးတစ်ပုဒ်ကို သူ့ရဲ့ ဖေ့စ်ဘုတ်ကနေ မျှဝေပေးလာပါတယ်။ […]

Cele News

ရွှေတောင်က ၄ နှစ်အရွယ် မိန်းကလေးကို သတ်တဲ့ တရားခံက တစ်ရွာတည်းနေ အမျိုးသားကြီးတစ်ဦးဖြစ်

လူသတ်တရားခံကို ဒီကနေ့ အောက်တိုဘာလ ၂၈ ရက်မှာ ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ ရွှေတောင်မြို့နယ်၊ ကျောက်ဖူးကျေးရွာက အသက်၎ နှစ်အရွယ် ကလေးငယ်ကို သတ်ခဲ့တဲ့ တရားခံကို ဖမ်းမိပြီဖြစ်တယ်လို့ ရွှေတောင်မြို့နယ် ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွှန်ဝေက ပြောပါတယ်။ ကလေးကိုသတ်တဲ့တရားခံ ဦးခင်ဝင်းအသက် ၅၀ ကလေးကိုသတ် ပီနံအိတ်နဲ့ထုပ် ဆိုင်ကယ်ပေါ်တင် လယ်ထဲမြေသြဇာပက်ဆိုပြီး သွားပြစ်တယ်ဆိုဘဲ။ ရက်စက်လိုက်တာ 😢 chan chan ပျောက်ဆုံးနေသော ၄ နှစ်အရွယ် မိန်ကလေးကို ၉ ရက်မြောက်နေ့တွင် သေဆုံးလျှက်ပြန်တွေ့ အောက်တိုဘာ ၂၆၊ ၂၀၂၀ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်က မန်ကျီးပေါက်ကုန်းအုပ်စု ကျောက်ဖူးကျေးရွာတွင်နေထိုင်သည့် အသက် လေးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်နေ့၊ ညနေ ၄ […]

Cele News

ကြောက်ခေတ် သီချင်းသီဆိုခဲ့တဲ့ ကျားပေါက်အတွက် ရတက်မအေးစရာပဲဗျာ

(သီချင်း ရုပ်သံဖိုင်ကို အောက်တွင်ကြည့်ရှုနိုင်ပါသည်) ကြောက်ခေတ်သီချင်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဟု သတင်းထုတ်ပြန် သီချင်းကိုဖော်ပြခဲ့သည့် The Voice Myanmar”ကိုလည်းစစ်ဆေးအရေးယူသွားမည်။ တပ်မတော်အား ပြည်သူလူထုအထင်မြင်လွဲမှားစေရန်အကြောင်းပြုပြီး NLD ပါတီအားမဲဆွယ်စည်းရေးရုံးအသွင်ဖြင့် “ကြောက်ခေတ်”သီချင်းအားရေးသားသီဆိုခဲ့သူ “The Voice Myanmar” မှ ဒိုင်တစ်ဦိးဖြစ်သူ အဆိုတော်ဟန်ထူးလွင်(ခေါ်)ကျားပေါက် အား တပ်မတော်အားဂုဏ်သိက္ခာညှိုးနွမ်းစေမှုဖြင့် စစ်တေးစုံစမ်းမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ကနဦးသတင်းရရှိသည်။ မှတ်ချက်။ အလားတူဖြစ်စဉ် ယခင် တပ်မတော်နှင့်အစိုးရ စည်းလုံးမှုသီချင်းကိုရေးသားပုံဖော်ခဲ့သည့် အဆိုတော် ယုံလေးအား NLD ပါတီအား ထောက်ခံသူ ရုပ်ရှင်အစည်းအရုံးဥက္ကဌမှရိုက်ကူးခွင့်တစ်နှစ်ပိတ်၍ပြစ်ဒဏ်ပေးခဲ့သည်။ အိုင်ပီမင်းအောင် (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ) “ငါ့မှာ ကြောက်တတ်တဲ့ အကျင့်ဟာ မွေးရာပါပဲ… ဘာဆိုဘာမှ မလုပ်တတ်သေး ခင် ကြောက်တတ်ရတယ်… ဘာမှမဖြစ်သေးဘူး… တို့လူမျိုးဟာ ကြောက်တော့တာပဲ… ဘာကြောက်နေလဲ… အဲလိုမေးတယ်… မကြောက်လို့ရမလား… သားရီးရဲ့… သူတို့မှာ […]