Cele News
သူ့ပါးစပ်ကနေတောင်မှ ဖခင်ဖြစ်သူပြန်လွတ်လာဖို့ တစ်ခါမှ မတောင်းဆိုခဲ့ဘူးကြောင်း ပြောပြလာတဲ့ မင်းမော်ကွန်း
Flower
Flower
ပရိတ်သတ်ကြီးရေ…ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီမင်းသား မင်းမော်ကွန်းဟာဆိုရင် မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး အမှန်တရားဘက်ကနေရဲရဲဝင့်ဝင့်ရပ်တည်ရင်း ပြည်သူလူထုနဲ့အတူ တစ်သားတည်းရပ်တည်နေတာပဲဖြစ်ပါတယ်နော်..။မင်းမော်ကွန်းဟာဆိုရင် လူထုလှုပ်ရှားမှုမှာ တစ်ရက်တစ်လေတောင်မှမနားပဲ နေ့တိုင်းလမ်းပေါ်ထွက်ပြီး တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေသူပဲဖြစ်ပါတယ်။
လူထုလှုပ်ရှားမှုမှာ မင်းမော်ကွန်းသာပါဝင်လှုပ်ရှားရုံမကပဲ သူ့ရဲ့ဖခင်ဖြစ်သူ မင်းသားကြီးဦးဇင်ဝိုင်းကလည်းတက်ကြွစွာပါဝင်လှုပ်ရှားခဲ့တာကြောင့် ပုဒ်မ ၅၀၅(က)နဲ့ ဖမ်းဝရမ်းထုတ်ခံခဲ့ရပြီး ပီးခဲ့တဲ့ ရက်ပိ်ုင်းက ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာပဲဖြစ်ပါတယ်နော်။အဲ့ဒီလိုဖမ်းဆီးခံလိုက်ရတဲ့ ဦးဇင်ဝိုင်းဟာ ပြန်လွတ်လာပြီးဧည့်ရိပ်သာမှာနားနေတယ် ဆိုတဲ့ ကောလဟာလကတင်းအမှားတွေထွက်နေတာပဲဖြစ်ပါတယ်။ဒီသတင်းမှေားတွနဲ့ပတ်သက်ပြီး မင်းမော်ကွန်းက မခံမရက်နိုင်ဖြစ်ကာ အခုလိုပဲပြန်လည်တုန့်ပြန်လိုက်တာပဲဖြစ်ပါတယ်နော်…။
မင်းမော်ကွန်းက ” ကျွန်တော့်ပါးစပ်ကနေတောင်မှ ကျွန်တော့အဖေကိုလွှတ်ပေးဖို့တစ်ခွန်းမှမတောင်းဆိုခဲ့မိပါဘူး အဖေကလည်းဒီအတိုင်းပဲမှာခဲ့ပါတယ် ခုထက်ထိအဆက်အသွယ်မရပါဘူး ဆုတောင်းရုံကလွဲလို့ ဘာမှမတတ်နိုင်ပါဘူး ရပ်တည်မှုမှန်ကန်ဖို့ ကိုယ့်မျက်နှာကိုယ်မှန်ထဲပြန်ကြည့်မိရင် ရှက်မနေရဖို့ ကိုယ့်ကြောင့်သားသမီးတွေလူရာမဝင်ဖြစ်မနေရဖို့ အဖေရပ်တည်ခဲ့သလို ကျွန်တော်လည်းရပ်တည်ပါတယ် ဒီလောက်ပါပဲ ” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်.။အမှန်တရားဘက်ကရပ်တည်နေလို့ အကြောက်တရားနဲနဲမှ အရှိပဲ ရဲရဲဝ့ံဝ့ံရင်ဆိုင်ရဲတဲ့ မင်းမော်ကွန်းနဲ့ဦးဇင်ဝိုင်းရဲ့စိတ်ဓာတ်ကို အမှန်တကယ်ကိုလေးစားဂုဏ်ယူမိပါတယ်နော်…။ဖတ်ရှုပေးတဲ့ ပရိတ်သတ်တယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်…။
Source ; Kyaw Kyaw Htay Lwin ‘s Facebook acc
Credit ; Celebrity Platforms