ယူနီကုဒ်ဖြင့်ဖတ်ရန်
မြောက်ဒဂုံက ကျဆုံးသွားတဲ့ ကိုချစ်မင်းသူရဲ့ ကျန်ရစ်ခဲ့တဲ့ ကိုယ်ဝန်ဆောင် ဇနီးနဲ့ သမီးလေးအတွက် တတ်နိုင်တဲ့ဘက်က
သွားရောက် ကူပေးခဲ့ပါတယ်။ ကိုယ်ဝန်နဲ့ဆိုတော့ ယခုအချိန်ကနေစပြီး ကိုယ်ဝန်နဲ့ပတ်သတ်တဲ့ စောင့်ရှောက်မှုတွေ
(ဆီးစစ်သွေးစစ်တာနေစ လိုအပ်သော အစစအရာရာ) မွေးဖွားပြီးသည်အထိ နီနီတို့ သူငယ်ချင်း မတည် ထားတဲ့ ဆန္ဒမွန်
အခမဲ့ကုသိုလ်ဖြစ်သားဖွားဆေးခန်းကနေ တာဝန်ယူပေးသွားပါမယ် ဆိုတဲ့အကြောင်းလည်းအားပေးရင်း ညီမ အားတင်း
ထားဖို့ပြောခွင့်ရခဲ့ပါတယ်။ကိုချစ်မင်းသူတာဝန်ကျေခဲ့သလို ကျမတို့ပြည်သူတွေလည်း အချင်းချင်းပြန်ကူညီကြတာမြင်ရလို့
ကျမတို့အားတွေ ထပ်ဖြစ်ရပါတယ်။ လိုက်ခဲ့ပေးတဲ့ Ninians ကိုယ်စားပြု Aye Thiri Khine Julian ကျေးဇူးတင်ပါတယ်။