Cele News

ကျဆုံးသွားတဲ့ အာဇာနည် သူရဲကောင်း ဇင်လင်းထက်ရဲ့ မိသားစုအား ငွေကျပ် (၁၆)သိန်းလှူဒါန်းခဲ့တဲ့ ခင်ဝင့်ဝါ 🙏

ခုချိန်မှာတော့ အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ ရပ်တည်နေကြတဲ့ အနုပညာရှင်တွေဟာ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ နေ့စဉ်နဲ့အမျှ အားမလျော့ဘဲ ရပ်တည်ကာ တစ်ထောင့်တစ်နေရာကနေ ပါဝင်လျက်ရှိနေတာကို အားလုံးမြင်တွေ့ရမှာပါနော်။

Flower

 

Flower

မြန်မာနိုင်ငံရဲ့ ဒီလှုပ်ရှားမှုကြီးဟာ ခုဆိုရင် အန္တရာယ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်နေရပြီဖြစ်သလိုလူငယ်တွေကလည်း နောက်မဆုတ်ဘဲ ရဲဝင့်စွာ အကာအကွယ်အပြည့်အစုံနဲ့ လှုပ်ရှားမှုတွေပြုလုပ်နေတာကိုလေးစားစွာတွေ့မြင်ရပါတယ်။ဒီထဲမှာမှ အသက်ပေးသွားရတဲ့ သူရဲကောင်းအာဇာနည်တွေလည်း များစွာထွက်ပေါ်ခဲ့တာကြောင့် အားလုံးက ဝမ်းနည်းမျက်ရည်ကျခဲ့ရတာအမှန်ပါပဲ။

အခုလည်း ခင်ဝင့်ဝါဟာ သူငယ်ချင်းတွေနဲ့အတူစုပေါင်းပြီး တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ဇင်လင်းထက်ရဲ့မိသားစုကို အလှူငွေ (၁၆) သိန်းလှူဒါန်းခဲ့ကြောင်းခုလိုရေးသားဖော်ပြထားတာဖြစ်ပါတယ်။” ကျဆုံးသွားတဲ့ အာဇာနည်တွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ကျန်ရစ် သူမိသားစု များ အား အကူအညီ ပေးရန် ကျွန်မတို့ သူငယ်ချင်းမိတ်ဆွေတွေ ပါဝင်ထားသည့် ရန်ပုံငွေ ထဲမှ ဒီနေ့ ကျိုက်ထိုမြို့ မှ မောင် ဇင်လင်းထက် ၏ မိသားစုအား  ကျပ် ၁၆ သိန်း ဆက်သွယ်ပေးခဲ့ ပါသည်။ ပါဝင်လှူဒါန်းပေးကြတဲ့သူငယ်ချင်း မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင့် နောက်ရက်တွေများမှာလည်း လိုအပ်သည့် နေရာ များ ကို ဆက်သွယ် ပြီး အကူအညီများ ပေးသွား ပါမည် ။”စာလေးပဲဖြစ်ရာ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Khin Wint Wah