News

သားလေးကို ကျမသားလေးနဲ့ အတူတူပြန် အတူတူသွားဆိုတော့ ညနေပြန်လာချိန်တိုင်းမျှော်မိပါတယ်

မန္တလေးကမ်းနားလမ်းတွင် အာဏာရှင်စစ်တပ်မှပစ်သတ်လိုက်၍ သေဆုံးသွားသော ၁၇ နှစ်သား မောင်ဝေယံထွန်း မွေစားအမေထံသို့သွားရောက်၍ မေတ္တာကမ်ပိမ်းမှ ၃ သိန်းကျပ်တိတိကိုသွားရောက်လှူဒါန်းခဲ့ပါသည် ။

Flower

သားလေးကို ကျမသားလေးနဲ့

အတူတူပြန် အတူတူသွားဆိုတော့

Flower

ညနေပြန်လာချိန်တိုင်းမျှော်မိပါတယ်

မနေ့က ကျမအိမ်မှာရက်လည်ဆွမ်းကပ်လှူပါတယ် ငိုရင်းပြော ပြောရင်းငိုနေရှာသော

မျှစ်ချဉ်နဲ့ဝက်သားစားချင်တယ်အမေရာဆိုလို့ ဝက်သားနဲ့မျှစ်ချဉ်လေး ချက်ကျွေးတာ တမနက်ဘဲစားသွားရတယ်ညနေကြပြန်မလာတော့ဘူး

ရင်ထဲကလာသောအသံလေးနှင့်ငိုရှာတယ် ၈ပေပတ်အခန်းကျဉ်းလေးထဲမှာ စျေးအိပ်စျေးစား

ကလေးငယ်တယောက်ကို နေဖို့နေရာပေးထားတယ်ဆိုကတည်းက နည်းတဲ့မေတ္တာမဟုတ်ပါဘူး လေးစားပါတယ်ရှင်

ကျမယောကျာ်းခေါ်လာတုန်းက သားလေးမျက်နှာနဲ့လက်တွေမှာ ခြင်ကိုက်ဖုတွေကိုအများကြီးဘဲဆိုပြီးပြောပြီးငို

သားဘယ်ကလာတာလဲမေးရင် မြစ်ငယ်ကလွဲပြီးဘာမှမပြောဘူး အဖေအမေနံမည်မေးတယ် အမေကိုယုံတယ် အမေဘဲလေလို့ဖြေတာ ဘာမှမေးမရဘူးပြောပြီးငို စိတ်ထဲတကယ်မကောင်း
သားလေးအတွက်ကျောက်တိုင်လေးလုပ်ခြင်ပါတယ်ဟုလဲပြော

မှန်ကွဲဖုန်းကလေးကို သားအရင်းနဲ့မွေးစားသား တယောက်တလှဲ့ကိုင်တာတဲ့လေ။

ဝေယံထွန်းမွေးစားအမေကိုမမေ့ကြပါနဲ့။🙏🏻

crd to owner