ပရိတ္သတ္ႀကီးေရ… ျပည္သူခ်စ္သ႐ုပ္ေဆာင္ေနတိုးကေတာ့ ထိပ္တန္းအႏုပညာရွင္ေတြထဲကမွ တစ္ေယာက္အပါအဝင္ျဖစ္ၿပီး ႐ုပ္ရွင္ဇာတ္ကားေပါင္းမ်ားစြာနဲ႕ ေၾကာ္ျငာေတြေပါင္းမ်ားစြာကို ႐ိုက္ကူးေနရတဲ့ ေအာင္ျမင္တဲ့ျပည္သူခ်စ္အႏုပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္ေနာ္…။ေနတိုးဟာဆိုရင္ ပရိတ္သတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကိုလည္းအခိုင္အမာရရွိထားခဲ့ၿပီး လက္ရွိျပည္တြင္းေရးကိစၥနဲ႕ပက္သတ္ၿပီး ျပည္သူလူထုနဲ႕အတူ ရပ္တည္လ်က္ရွိၿပီး လူထုလႈပ္ရွားမႈေတြမွာလည္း ပါဝင္ေနသူတစ္ေယာက္ပဲျဖစ္ပါတယ္။
မင္းသားေခ်ာေနတိုးကေတာ့ ယခုအခါေသြးခ်င္းညီအစ္ကိုေတြရဲ႕ ဘဝေတြ မပ်က္သြားေစမယ့္ နည္းလမ္းေလ းကို ေျပာျပရင္း ေမတၱာရပ္ခံေတာင္းဆိုလိုက္ပါတယ္။ ေနတိုးကေတာ့ ” ကၽြန္ေတာ္တို႔တိုင္းရင္းသား ညီအကိုေမာင္ႏွမမ်ား အားလုံးဟာ ေသြးခ်င္း ညီအကိုေတြပါပဲ ကၽြန္ေတာ္တို႔ညီအကိုေတြရဲ့ဘဝေတြမ်ားစြာအတြက္ ကၽြန္ေတာ္တို႔မိသားစုေတြရဲ့ဘဝေတြ မပ်က္ေစဖို႔နဲ႔ကၽြန္ေတာ္တို႔ ကေလးေတြရဲ့အနာဂါတ္မေပ်ာက္ေစဖို႔အတြက္အခုအခ်ိန္မွာတစ္ခုတည္းေသာနည္းလမ္းကCDM နဲ႔ ကူညီၾကဖို႔ပဲျဖစ္ပါတယ္ အားကိုးပါတယ္ ေမတၱာရပ္ခံပါတယ္အသနားခံတင္ျပေတာင္း ဆိုပါတယ္ခင္ဗ်ာ ” ဆိုၿပီး ေရးသားထားပါတယ္။
“ကၽြန္ေတာ္တို႔ျပည္သူ အားလုံးမွာမိသားစုေတြရွိၾကပါတယ္ တစ္ဦးအေပၚ တစ္ဦး ေမတၱာစိတ္နဲ႔ ကိုယ္ခ်င္းစာေပးၾကဖို႔လိုပါတယ္ခင္ဗ်ာ..မိမိတိုင္းျပည္ကိုမိမိတို႔ညီညြတ္မႈနဲ႔ကယ္တင္ေပးၾကပါစည္းလုံးျခင္းသည္အင္အား ဆိုတဲ့အတိုင္းCDM ရဲ့စည္းလုံးမႈနဲ႔အတူ ကၽြန္ေတာ္တို႔ ရဲ့သူရဲေကာင္းဝန္ထမ္းမ်ားအားအစဥ္ထာဝရ ေလးစားစြာျဖင့္… ေနတိုးျပည္သူမ်ား အားလုံးအႏၲရာယ္ကင္းၾကပါေစ ” ဆိုၿပီး ေရးသားထားခဲ့ပါတယ္။ ခ်စ္ပရိသတ္ေတြအတြက္ မင္းသားေနတိုးတို႔မိသားစုေလးရဲ့ ပုံရိပ္ေလးေတြကို ျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္။ဖတ္ရႈေပးတဲ့ပရိတ္သတ္ႀကီးကို အထူးပဲေက်းဇူးတင္ရွိပါတယ္ေနာ္…။
Source: naytoe 2021officially ‘ s facebook page
Credit: MMLoad
ပရိတ်သတ်ကြီးရေ… ပြည်သူချစ်သရုပ်ဆောင်နေတိုးကတော့ ထိပ်တန်းအနုပညာရှင်တွေထဲကမှ တစ်ယောက်အပါအဝင်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားပေါင်းများစွာနဲ့ ကြော်ငြာတွေပေါင်းများစွာကို ရိုက်ကူးနေရတဲ့ အောင်မြင်တဲ့ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်နော်…။နေတိုးဟာဆိုရင် ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်းအခိုင်အမာရရှိထားခဲ့ပြီး လက်ရှိပြည်တွင်းရေးကိစ္စနဲ့ပက်သတ်ပြီး ပြည်သူလူထုနဲ့အတူ ရပ်တည်လျက်ရှိပြီး လူထုလှုပ်ရှားမှုတွေမှာလည်း ပါဝင်နေသူတစ်ယောက်ပဲဖြစ်ပါတယ်။
မင်းသားချောနေတိုးကတော့ ယခုအခါသွေးချင်းညီအစ်ကိုတွေရဲ့ ဘဝတွေ မပျက်သွားစေမယ့် နည်းလမ်းလေ းကို ပြောပြရင်း မေတ္တာရပ်ခံတောင်းဆိုလိုက်ပါတယ်။ နေတိုးကတော့ ” ကျွန်တော်တို့တိုင်းရင်းသား ညီအကိုမောင်နှမများ အားလုံးဟာ သွေးချင်း ညီအကိုတွေပါပဲ ကျွန်တော်တို့ညီအကိုတွေရဲ့ဘဝတွေများစွာအတွက် ကျွန်တော်တို့မိသားစုတွေရဲ့ဘဝတွေ မပျက်စေဖို့နဲ့ကျွန်တော်တို့ ကလေးတွေရဲ့အနာဂါတ်မပျောက်စေဖို့အတွက်အခုအချိန်မှာတစ်ခုတည်းသောနည်းလမ်းကCDM နဲ့ ကူညီကြဖို့ပဲဖြစ်ပါတယ် အားကိုးပါတယ် မေတ္တာရပ်ခံပါတယ်အသနားခံတင်ပြတောင်း ဆိုပါတယ်ခင်ဗျာ ” ဆိုပြီး ရေးသားထားပါတယ်။
“ကျွန်တော်တို့ပြည်သူ အားလုံးမှာမိသားစုတွေရှိကြပါတယ် တစ်ဦးအပေါ် တစ်ဦး မေတ္တာစိတ်နဲ့ ကိုယ်ချင်းစာပေးကြဖို့လိုပါတယ်ခင်ဗျာ..မိမိတိုင်းပြည်ကိုမိမိတို့ညီညွတ်မှုနဲ့ကယ်တင်ပေးကြပါစည်းလုံးခြင်းသည်အင်အား ဆိုတဲ့အတိုင်းCDM ရဲ့စည်းလုံးမှုနဲ့အတူ ကျွန်တော်တို့ ရဲ့သူရဲကောင်းဝန်ထမ်းများအားအစဉ်ထာဝရ လေးစားစွာဖြင့်… နေတိုးပြည်သူများ အားလုံးအန္တရာယ်ကင်းကြပါစေ ” ဆိုပြီး ရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသားနေတိုးတို့မိသားစုလေးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်…။
Source: naytoe 2021officially ‘ s facebook page
Credit: MMLoad