Cele News

ရတနာကိုးသွယ်ကျွန်းအခေါင်းကို မြသွဲ့သွဲ့ခိုင်အတွက် ဂုဏ်ပြုသဂြိုလ် ဖို့လှူဒါန်း ပေးခဲ့တဲ့ ဦးကျော်သူ

ရတနာကိုးသွယ်ကျွန်းအခေါင်းကို မြသွဲ့သွဲ့ခိုင်အတွက် ဂုဏ်ပြုသဂြိုလ် ဖို့လှူဒါန်း ပေးခဲ့တဲ့ ဦးကျော်သူ
……………….
ဖေဖော်ဝါရီ ၂၀

Flower

နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌကြီးဦးကျော်သူအပါအဝင် တခြားသောအဖွဲ့ဝင် တွေက မနေ့ကသေဆုံးသွားခဲ့တဲ့ မြသွဲ့သွဲ့ခိုင်အတွက် ရတနာကိုးသွယ်ကျွန်းအခေါင်းကို ဂုဏ်ပြုသဂြိုလ် ဖို့လှူဒါန်း ပေးခဲ့တာဖြစ်ပါတယ်။
မမြသွဲ့သွဲ့ခိုင်ကတော့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ရက်၊ နံနက် ၁၁:၀၅ နာရီမှာ ကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။
အာဇာနည်သမီးငယ် မြသွဲ့သွဲ့ခိုင်ကို ဦးညွှတ် အလေးပြုပါတဲ့အကြောင်းကိုလည်း ဦးကျော်သူကဆိုထားတဲ့အပြင် “ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက်ကျွန်တော်၏ အနုပညာအကြံပေးမိတ်ဆွေကြီးဖြစ်သူ နိုင်ငံခြားသင်္ဘောသား၊ စာရေးဆရာ၊ အနု ပညာရှင် ကိုမောင်မောင်သိန်းလှိုင်မှ ကိုယ်တိုင်ဖန်တီးကာ (၉)ရက်တိတိကိုမောင်မောင် သိန်းလှိုင်၊ ကိုလင်းစိန်(ချက်ကလေး) နှင့်ကျွန်တော်တို့ ပြုလုပ်လှူဒါန်းထားသော ရတနာကိုးသွယ်ကျွန်းအခေါင်းကြီး ဖြင့် ဂုဏ်ပြုသင်္ဂြိုလ်မှုပြုရန်အတွက် ယနေ့နံနက်တွင် နေပြည်တော် ခုတင်(၁၀၀၀) ပြည်သူ့ဆေးရုံသို့ အတွင်းရေးမှူး ကိုထွန်းကိုကို၊ အလှူရှင် ကိုမောင်မောင်သိန်းလှိုင်နှင့် နာရေးကူညီမှုအသင်းသားများ၊ပရဟိတဝန်ထမ်းများမှ
မော်တော်ယာဉ် သုံးစီးဖြင့် သွားရောက် လှူဒါန်းပို့ဆောင်ခဲ့ပါသည်” လို့ ဦးကျော်သူက အသိပေးရေးသားထားတာဖြစ်ပါတယ်။
မမြသွဲ့သွဲ့ခိုင်၏ နောက်ဆုံးဈာပနအခန်းအနားကိုတော့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မှာနေပြည်တော်ရှိ ကွေ့ကြီးသုသာန်မှာ သင်္ဂြိုလ်သွားမှာ ဖြစ်ပါတယ်
Mi Su Mon