Cele News

မြင့်မြတ်က နာမည်နဲ့လိုက်အောင် မြင့်မြတ်ပါတယ်လို့ ဆိုလိုက်တဲ့ ယုန်လေး

မြင့်မြတ်က နာမည်နဲ့လိုက်အောင် မြင့်မြတ်ပါတယ်လို့ ဆိုလိုက်တဲ့ ယုန်လေး
=======================================
လတ်တလော ပရိသတ်တွေကြားမှာ မိသားစုရေး အိမ်တွင်းရေးကြောင့် ဝေဖန်မှုတွေခံနေရတဲ့ မြင့်မြတ်နဲ့ ပတ်သက်ပြီးတော့ ယုန်လေးက သူရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ ဒီဇင်ဘာလ (၂၁)ရက်က ရှင်းပြပြောဆိုလာခဲ့ပါတယ်။
လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က အင်တာဗျူးတစ်ခုမှာ မြင့်မြတ်ရဲ့ဖခင် Taxi မောင်းနေရတယ်ဆိုတဲ့ ဗီဒီယိုဖိုင်တက်လာပြီး နောက်ပိုင်းမှာ မြင့်မြတ်တစ်ယောက် ဝေဖန်မှုတွေကို ခံနေရတာပါ။
ယုန်လေးကတော့ မြင့်မြတ်ဟာ မိဘအပေါ်မသိတတ်တဲ့ သားတစ်ယောက် မဟုတ်ပါဘူး။ ဝေဖန်မှု တွေမစောပါနဲ့လို့လည်း ပြောထားပါတယ်။
“လူတိုင်းကို အမြင်မတော်ရင် ကူညီနေတဲ့ မြင့်မြတ်၊ သူ့အဖေ၊ အမေအရင်းကို ဘာမှမလုပ်ပေးဘူး။ ကျေးဇူး မသိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။ သေချာစဉ်းစား စေချင်ပါတယ်။ ဝေဖန်တာ မစောစေချင်ပါ ဘူး။ တစ်လောကလုံးလည်း သူ့စိတ်ထား သူ့စိတ်ဓာတ်သိပါတယ်။ ချက်ချင်းဘယ်သူ့မှ ဝင်မပြောကြ တာ မိသားစုရေးဖြစ်နေလို့ပါ။ ကျွန်တော် တိတိကျကျသိတာ ကျွန်တော်နဲ့တွဲပြီးကူတာတွေ အများကြီး ရှိတယ်။ အနီးစပ်ဆုံး Covid First Wave ကပြောမယ်ဆို PPE အစုံ ၁၀၄၀၊ ၁၆၅ သိန်းကျော်ဖိုး လှူ တယ်။ ဆေးရုံဝန်ထမ်းတွေ အတွက် ၁၀ သိန်း၊ ကျွန်တော့်အလှူမှာ ထပ်မတည် တယ်။ မရမ်းကုန်းမြို့ နယ်၊ မြောက်ဒဂုံမြို့နယ် ဆန်၊ ဆီ၊ ဆား လိုအပ်တာ လှူတယ်။ ရုပ်ရှင်လောကသားများ အဆင်မပြေ ဘူးဆိုလည်း သူကူတယ်။ မြင့်မြတ်က ဖေ့ဘွတ် မသုံးဘူး။ ပြီးတော့ သူ့အဖေကို အိမ်ဝယ်ပေးလိုက် တယ်၊ အမေကို ကွန်ဒို ဝယ်ပေးလိုက်တယ်။ ညီမလေးကို ဘာဆိုင်ဖွင့်ပေးလိုက်တယ်။ လူသိအောင် မပြောပြခဲ့ဘူး” လို့ ယုန်လေးက ဒီဇင်ဘာလ (၂၁)ရက်က သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသား ထားတာပါ။
“Excel မှာ အခန်းဝယ်ပေးတယ်။ ရွှေဂုံတိုင်မှာ ကွန်ဒိုဝယ်ပေးတယ်။ ဦးအတွက် Crown ဝယ်ပေး တယ်။ ညီမလေးအတွက် လုပ်ပေးချင်တဲ့ အလုပ်လေးတွေ သူလုပ်ပေးတယ်။ ရင်းနှီးပေးတယ်။ လ တိုင်း မိသားစု ကို ကန်တော့တာ စိတ်ထဲက မှန်းကြည့် ဘယ်လောက်ဖြစ်နိုင်မလဲ။ မှန်းကြည့်တာ ထက်သုံးဆလောက် များပါတယ်။ လူတိုင်းမှာ အခက်အခဲနဲ့ ရင်ဆိုင်နေရသလို Covid အချိန်ကာလမှာ သူလည်း အခက်အခဲပေါင်းများစွာ ရှိပါတယ်။ စိတ်ညစ်စရာပေါင်း များစွာရှိပါတယ်။ သူ့ဆီမှာလည်း စိတ်ရှပ်စရာတွေ အရမ်းများပါတယ်။ သူလူတိုင်းကို မပြောတတ်ဘူး။ ကျွန်တော်ပြောလည်း စိတ်ညစ် တာပဲရှိမှာပါဆိုပြီး သူပြောနေကျစကား။ အဲဒါကြောင့် သူဖုန်းပိတ်ထားတာ များပါတယ်။ ဘယ်မှလည်း မသွားဘူး။ အိမ်မှာပဲ ရှိပါတယ်။ ကျွန်တော်တို့တွေ့ချင်လည်း အိမ်ပဲသွားတာ။ အရေးကြီးတဲ့ အချိန် ဆက်မယ်ဆိုလည်း ဘယ်သူဆက်ဆက် Manager နဲ့ သူ့ဘေးနားမှာရှိတဲ့ ညီလေးဆီ ဆက်ရင် မြင့်မြတ်ကိုယ်တိုင်မကိုင်တာမှ မရှိတာ”လို့ ယုန်လေးက ထပ်မံပြီး ရေးသားထားပါတယ်။
မြင်မြတ်ရဲ့ဖခင် Taxi မောင်းတာကလည်း ကားဝယ်ထဲက နံပါတ် အနီဝယ်တာဖြစ်ပြီး အလုပ်မရှိ ရင်ပျင်းလို့ ဒီအတိုင်း မောင်းနေတာဖြစ်ကြောင်း မြင့်မြတ်ဖခင်က သူ့ကိုပြောပြဖူးတယ်လို့လည်း ဆိုပါတယ်။
မိသားစုတွေနားလည်မှု ခဏလွဲတယ်လို့ပဲ မြင်ပါတယ်လို့ ပြောပြထားသလို ထင်ရာတွေ လျှောက်ဝေ ဖန်နေတဲ့ လူတွေကိုလည်း ထင်သလို မဟုတ်ဘူးဆိုတာ အတိအကျပြောချင်ပါတယ်လို့ ဆိုထားတာ ပါ။
“မြင့်မြတ် ကိစ္စကတော့ ဘာပဲဖြစ်နေဖြစ်နေ ကျွန်တော်တို့ သူ့ဘက်ကနေ ရပ်တည်ပြီးသားပါ တကယ် လည်း ကျွန်တော်ပြောတာတွေက အမှန်တရားတွေကြီးပါပဲ။ မြင့်မြတ်က နာမည်လိုက်အောင် မြင့်မြတ် ပါတယ်။အားလုံး peace” လို့ ယုန်လေးက ပြောထားပါသေးတယ်။
သိမ့်
Pyi Myanmar