Health

အထူးကုဆရာဝန်ကြီးတွေပြပြီးဆေးတွေစားလာတာ ၂နှစ်ကျော် မပျောက်တဲ့ ဆီးချို သွေးချို တစ်လစွဲစွဲမြဲမြဲသောက်တာ ပျောက်ကင်းခဲ့တဲ့ ကိုယ်တွေ့ ဆေးနည်

“အထူးကုဆရာဝန်ကြီးတွေပြပြီးဆေးတွေစားလာတာ ၂နှစ်ကျော် မပျောက်တဲ့ ဆီးချို သွေးချို တစ်လစွဲစွဲမြဲမြဲသောက်တာ ပျောက်ကင်းခဲ့တဲ့ ကိုယ်တွေ့ ဆေးနည်း။

Flower

“ဆီးချို သွေးချို ကာကွယ်ဖို့ အစွမ်းထက် သင်္ဘောသီးစိမ်းရေနွေး နေ့စဉ်သောက်ကြစို့”

ယခုရက်ပိုင်းအတွင်းခေတ်စားလာသောဆေးမီးတို( ဆေးနည်းတို )တစ်ခုအကြောင်းတင်ပြလိုက်ပါသည်။

Flower

ပုပ္ပားတောင်သို့ဘုရားဖူးသွားရင်းဆီးချိုတက်၍မေ့လဲကျသွားသောအမေသိန်း(နန်းရှေ့ကန်ကောက်သစ်ရွာ)မှဤနည်းကိုပြောပါသည်။အမေသိန်းသည်ဆီးချိုသွေးချိုရောဂါနှင့်အထူးကုဆရာဝန်ကြီးများပြပြီးဆေးစားနေသည်မှာ၂နှစ်ကျော်ရှိပြီဖြစ်ပါသည်။ခါတိုင်းလည်းဆီးချိုတက်လျှင်မူးလဲနေကျဖြစ်ပါသည်။

ပုပ္ပားတောင်စောင်းတန်းမှအမေကြီးတစ်ဦးမှသူ့ကိုပွေ့ချီထားခိုင်းပြီးသင်္ဘောသီးစိမ်းအဆင်သင့်ကိုခေါင်းပိုင်းမှဖြတ်အတွင်းမှအစေ့နုများကိုဇွန်းဖြင့်ခြစ်ထုတ်ပြီးနောက်ဆူနေသောရေနွေးအဖြူလောင်းထည့်ပြီးပိတ်ထားပါသည်။

၁၅မိနစ်ခန့်ထားပြီးနောက်သွန်ငှဲ့ပြီးအနည်းငယ်အအေးခံ၍တိုက်ပါသည်။

သင်္ဘောသီးကိုလွှင့်မပစ်ရပါရေနွေးပြန်ပြန်ဖြည့်ပြီးတစ်နေကုန်၎ကြိမ်၅ကြိမ်အထိသောက်နိုင်ပါသည်။

ဤနည်းဖြင့်အမူးရောဂါအမျိုးမျိုးသက်သာသည့်အပြင်သွေးယားရောဂါ။အိပ်မပျော်သောရောဂါနှင့်အစာအိမ်ရောဂါအချို့တို့ပါပျောက်ကင်းသူများရှိသည် ဟုဆိုပါသည်။

အမေသိန်းသည်ဤနည်းကိုယုံယုံကြည်ကြည်ဖြင်တစ်လစွဲစွဲမြဲမြဲသောက်ပြီးနောက်နေ့စဉ်စစ်ဆေးနေသောဆီချို မှာလုံးဝမတက်တော့ဟုဆိုပါသည်။

ဤနည်းအတိုင်းလုပ်ဆောင်ပုံကိုတင်ပြပေးသူဆရာမဒေါ်ကြည်ကြည်သန်းနှင့် အမေသိန်းတို့ပုံကိုတင်ပြထားပါသည်။ဘေးထွက်ဆိုးကျိုးမရှိသောနည်းဟုယူဆ၍တင်ပြပါသည်။

မြန်မာ့ဆေးစွမ်းနှင့်အိမ်တွင်းဆေးမြီးတိုများ
#အထွေထွေဗဟုသုတ