News

မှော်ဘီတွင် အသက် ၁၁နှစ်အရွယ် ကောင်လေးကို ရေအိုင်ထဲခေါ်ကာ ဓမ္မတာဆန့်ကျင်၍မဖွယ်မရာ ပြုလုပ်သူကို အရေးယူ

မှော်ဘီတွင် အသက် ၁၁နှစ်အရွယ် ကောင်လေးကို ရေအိုင်ထဲခေါ်ကာ ဓမ္မတာဆန့်ကျင်၍မဖွယ်မရာ ပြုလုပ်သူကို အရေးယူ

မှော်ဘီ နိုဝင်ဘာ ၂၆/၂၀၂၀

နေအိမ်ရှေ ဆော့ကစားနေသည့် ကလေးငယ်အား ငါး
မြှားသွားမည်ဟု ခေါ်ဆိုကာ ရေအိုင်အတွင်း မဖွယ်မရာ ပြုလုပ်မှု နိုဝင်ဘာ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Flower

ရန်ကုန် မြောက်ပိုင်းခရိုင် မှော်ဘီမြို့နယ် ဆတ်သွားတော ကျေးရွာအုပ်စုရှိ တရားလိုမှာ နိုဝင်ဘာ ၂၄ ရက် ညနေ ၃ နာရီခန့်၌ နေအိမ်တွင် ရှိနေစဉ် အသက် ၁၁နှစ် ၆လအရွယ် သားဖြစ်သူမှာ ငို၍ ပြန်လာသဖြင့် ဖြစ်စဉ်အား မေးမြန်းခဲ့ကြောင်း ဆိုသည်။

ထိုသို့မေးမြန်းစဉ် သားဖြစ်သူမှာ နေ့လည် ၂ နာ
ရီခန့်က နေအိမ်ရှေ၌ ဆော့ကစားနေစဉ် ကိုကိုနိုင်(ခ)ပေါင်ချိန် ရောက်လာပြီး သားဖြစ်သူကို ငါးမြှားသွားမည် လိုက်ခဲ့ဟု ခေါ်ဆောင်ကာ ရှမ်းကုန်းကျေးရွာထိပ်ရှိ ရေအိုင်သို့ရောက်ရှိစဉ် ငါးမမြှားတော့ဘူး ရေဆင်းချိုးမည်ပြောကာ နှစ်ယောက်အတူဆင်းကာ ရေအိုင်ထဲအရောက် ကိုကိုနိုင်(ခ)ပေါင်ချိန်က သားဖြစ်သူ၏ ဘောင်းဘီအား ဆွဲချွတ်ကာ စအိုအား မဖွယ်မရာ ပြုလုပ်သဖြင့် ၎င်းအား ဆောင့်တွန်းကာ ရေအိုင်ထဲ မှ ပြန်ပြေးလာကြောင်း ပြောပြသိရသဖြင့် ရေသိုးကျေးရွာ မှော်ဘီမြို့နယ်နေ ကိုကိုနိုင်(ခ)ပေါင်ချိန်အား ဥပဒေအရအရေးယူပေးပါရန် မိခင်ဖြစ်သူမှ တရားလိုပြုလုပ် တိုင်တန်းခဲ့ကြောင်း ၎င်းတိုင်ကြားချက်မှ သိရသည်။

ဓမ္မတာနှင့်ဆန့်ကျင့်၍ မဖွယ်မရာပြုလုပ်ခဲ့သူ ကိုကိုနိုင်(ခ)ပေါင်ချိန် ၂၃နှစ် အား မှော်ဘီမြို့မရဲစခန်း မှ (ပ)၁၄၅၇/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၇၇/၃၆၃ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ညီညီ(လှိုင်သာယာ)
Top Phoenix Media Group