Cele News

သူ့ရှုံးပွဲအတွက်ရဲ့ငိုကြွေးနေတဲ့ ကချင်တိုင်းရင်းသား ကလေးငယ်ကို လူမှုကွန်ယက်မှာ ပို့စ်တင်ပြီးအားပေးခဲ့တဲ့ အောင်လအန်ဆန်း

Flower

(ရုပ်သံဖိုင်ကို အောက်တွင်ကြည့်ရှုပါရန်)


Flower

















(Unicode)

သူ့ရှုံပွဲအတွက်ရဲ့ငိုကြွေးနေတဲ့ ကချင်တိုင်းရင်းသား ကလေးငယ်ကို လူမှုကွန်ယက်မှာ ပို့စ်တင်ပြီးအားပေးခဲ့တဲ့ အောင်လအန်ဆန်း

မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်ကို ပြန်ယူမယ်လို့ အောင်လအန်ဆန် ကတိပြု

One Championship ရဲ့ Inside the Martrix ပြိုင်ပွဲမှာ စိန်ခေါ်သူ ရိုင်နီယာဒီရစ်ဒါကို ရှုံးနိမ့်ခဲ့ပြီး

ကမ္ဘာ့မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ် စွန့်လွှတ်ခဲ့ရတဲ့ အောင်လအန်ဆန်က

သူ့ခါးပတ်ကို ပြန်ယူမယ်လို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်

သူ့ရှုံးပွဲကြောင့် ဝမ်းနည်းပြီး ငိုကြွေးနေတဲ့ ကလေးငယ်ရဲ့ ဗီဒီယိုနဲ့အတူ အောင်လအန်ဆန်က အခုလို ရေးသားဖော်ပြခဲ့တာပါ

“အခုထက် ပိုသန်စွမ်းတဲ့ အနေအထားနဲ့ ပြန်လာခဲ့မယ်။ မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်ကို ပြန်ယူမယ်။ ငါ ပြောတဲ့စကားတွေကို မှတ်ထားပေးပါ။ လုံးဝမငိုပါနဲ့”လို့ ရေးထားပါတယ်

မြန်မာ့စပါးအုံး အောင်လအန်ဆန်ဟာ မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကို စွန့်လွှတ်ခဲ့ရပေမယ့် လိုက်ဟဲဗီးဝိတ်ချန်ပီယံအဖြစ် ဆက်ရှိနေပါတယ်

ကျွန်တော် နေကောင်းကျန်းမာပါတယ်၊

ကျွန်တော့်မိသားစုလည်း နေကောင်းကျန်းမာကြပါတယ်၊

ထို့အတူကျွန်တော့်အသင်းကလည်း ကျွန်တော့်ကိုနောက်ကွယ်ကနေ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။

ဘုရားသခင်ကကောင်းမြတ်ပါတယ်!

ကျွန်တော် အသန်မာဆုံး၊ အကောင်းဆုံးပုံစံနဲ့ လေ့ကျင့်ပြင်ဆင် ပြန်လည်ရင်ဆိုင်ထိုးသတ်ပြီးတော့

မစ်ဒယ်ဝိတ်တန်းချန်ပီယံ ခါးပတ်ကိုပြန်လည်အရယူမယ်လို့ကတိပေးပါတယ်။

ဒီတော့ငိုကြွေးမနေပါနဲ့တော့🙏❤

Video Player

00:00
00:32

Aung La Nsang(Burmese Python)