Cele News

သီတင်းကျွတ်မှာ အိမ်သားတွေကြီးစဉ်ငယ်လိုက်ကန်တော့ရင်း ဘွားဘွားကြီးဒေါ်ခင်လေးဆွေဆီက မုန့်ဖိုးတောင်းရခက်ပုံကို အရွှန်းဖောက်လာတဲ့ “စမိုင်းလ်”

Flower

သရုပ်ဆောင် စမိုင်းလ်ကတော့ ချစ်စရာကောင်းပြီး သွက်လက်ချက်ချာလွန်းတာကြောင့် ပရိသတ်တွေ အချစ်ပိုနေရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

စမိုင်းလ်ကတော့ မိဘတွေမရှိတော့တဲ့နောက်မှာ အဘွား၊ အစ်မနဲ့ ခင်ပွန်းဖြစ်သူရဲ့ မိဘတွေကိုသာ ဦးထိပ်ထားပြီး အိမ်ဦးခန်းမှာ ပြုစုစောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်။

Flower

ဒီကနေ့မှာတော့ စမိုင်းလ်က သီတင်းကျွတ်မှာ အိမ်သားတွေကြီးစဉ်ငယ်လိုက်ကန်တော့ရင်း ဘွားဘွားကြီးဒေါ်ခင်လေးဆွေဆီက မုန့်ဖိုးတောင်းရခက်ပုံကို အရွှန်းဖောက်လာခဲ့တာကို အခုလိုပဲ ပြောပြလာပါတယ်။

“သီတင်းကျွတ်ကြီးစဉ်ငယ်လိုက်ကန်တော့ကြ မုန့်ဖိုးတောင်းကြ စားကြသောက်ကြ။ မိဘတွေမရှိတော့တဲ့ကျမတို့ညီအမနှစ်ယောက် သွေးသားဆိုလို့အဖွားပဲရှိတော့ပါတယ်။ အဖွားကိုကန်တော့။ ညည်းကို ဘာလို့ပေးရမှာလဲငါ့မြစ်တွေပဲပေးမယ်ဆိုလို့အတင်းလု။ အဖွားမုန့်ဖိုးပြန်ပေးရလို့သွေးတက်ပြီးမရီနိုင် 🤪” ဆိုပြီး မုန့်ဖိုးပေးတဲ့ ဖွားဖွားကြီး ဒေါ်ခင်လေးဆွေကို စနောက်ကျီစယ်ကာ အရွှန်းဖောက်ခဲ့တာပဲ ဖြစ်ပါတယ်။

စမိုင်းလ်တို့ မိသားစုလေးကတော့ သီတင်းကျွတ်အခါသမယလေးမှာ အိမ်သားတွေ ကြီးစဉ်ငယ်လိုက် ကန်တော့ကြရင်း ပျော်စရာကောင်းတဲ့အချိန်တွေကို ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပျော်စရာကောင်းတဲ့ သီတင်းကျွတ်လပြည့်နေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

 

ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: စမိုင်းလ် Smile’s fb

Unicide Version

သရုပ်ဆောင် စမိုင်းလ်ကတော့ ချစ်စရာကောင်းပြီး သွက်လက်ချက်ချာလွန်းတာကြောင့် ပရိသတ်တွေ အချစ်ပိုနေရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

စမိုင်းလ်ကတော့ မိဘတွေမရှိတော့တဲ့နောက်မှာ အဘွား၊ အစ်မနဲ့ ခင်ပွန်းဖြစ်သူရဲ့ မိဘတွေကိုသာ ဦးထိပ်ထားပြီး အိမ်ဦးခန်းမှာ ပြုစုစောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စမိုင်းလ်က သီတင်းကျွတ်မှာ အိမ်သားတွေကြီးစဉ်ငယ်လိုက်ကန်တော့ရင်း ဘွားဘွားကြီးဒေါ်ခင်လေးဆွေဆီက မုန့်ဖိုးတောင်းရခက်ပုံကို အရွှန်းဖောက်လာခဲ့တာကို အခုလိုပဲ ပြောပြလာပါတယ်။

“သီတင်းကျွတ်ကြီးစဉ်ငယ်လိုက်ကန်တော့ကြ မုန့်ဖိုးတောင်းကြ စားကြသောက်ကြ။ မိဘတွေမရှိတော့တဲ့ကျမတို့ညီအမနှစ်ယောက် သွေးသားဆိုလို့အဖွားပဲရှိတော့ပါတယ်။ အဖွားကိုကန်တော့။ ညည်းကို ဘာလို့ပေးရမှာလဲငါ့မြစ်တွေပဲပေးမယ်ဆိုလို့အတင်းလု။ အဖွားမုန့်ဖိုးပြန်ပေးရလို့သွေးတက်ပြီးမရီနိုင် 🤪” ဆိုပြီး မုန့်ဖိုးပေးတဲ့ ဖွားဖွားကြီး ဒေါ်ခင်လေးဆွေကို စနောက်ကျီစယ်ကာ အရွှန်းဖောက်ခဲ့တာပဲ ဖြစ်ပါတယ်။

စမိုင်းလ်တို့ မိသားစုလေးကတော့ သီတင်းကျွတ်အခါသမယလေးမှာ အိမ်သားတွေ ကြီးစဉ်ငယ်လိုက် ကန်တော့ကြရင်း ပျော်စရာကောင်းတဲ့အချိန်တွေကို ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပျော်စရာကောင်းတဲ့ သီတင်းကျွတ်လပြည့်နေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: စမိုင်းလ် Smile’s fb