(Unicode)
လေးစားစရာ လုပ်ရပ်နဲ့ စိတ်ဓာတ်ကြောင့် အွန်လိုင်းမှာ လူကြိုက်များနေတဲ့ အုပ်ချုပ်ရေးမှူး
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ကျွန်းဖိုပင်ကျေးရွာက အုပ်ချုပ်ရေးမှူး ဦးကံတင်+ ဒေါ်ဝင်းရီ…
သားကိုဆန်း+မမြမြသင်း၊ ကိုထွန်း+မသီတာစန်းမိသားစုမှကျွန်းဖိုပင်ရွာမှာရှိတဲ့ အိမ်ခြေပေါင်း ၂၀၀ကျော်ကို
တစ်အိမ်လျှင်ဆန် တစ်တင်းစီ လှူဒါန်းခဲ့တာဘဲ ဖြစ်ပါတယ်။
အုပ်ချုပ်ရေးမှူး တစ်ဦးရဲ့ အခုလိုမျိုး မွန်မြတ်လှတဲ့ လုပ်ရပ်နဲ့ စိတ်ဓာတ်ကြောင့်
အွန်လိုင်းမှာလည်း လူအများက ဝမ်းသာနေကြတာပဲ ဖြစ်ပါတယ်နော်။
တကယ်ကို သာဓုခေါ်ပါတယ်ဗျာ။
ကမ္ဘာ့ကပ်ရောဂါကြီး ကျရောက်နေသော ယခုလိုကာလမှာ ယခုကဲ့သို့ လိုအပ်သော အလှူဒါန
ပြုလုပ်လူဒါန်းသော စေတနာရှင် မိသားစု ယခု ထက်မက ဆထက်ထမ်းပိုး တိုးပြီး လှူဒါန်းနိုင်ပြီး
ဘဝတစ်လျှောက်လုံး ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း
ကျတော်များ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်။
ယခုကဲ့သို့ ဂုဏ်ယူလေးစားဖွယ် လူဒါန်းမှုအစုစုကိုလဲ အများပြည်သူ သာဓုခေါ်နိုင်ကြစေဖို့
ယခုကဲ့သို့ ထပ်ဆင့်ဖော်ပြ ဂုဏ်ပြုအပ်ပါတယ်နော်။
ဒီသတင်းကိုတော့ ( ကိုအေးမင်း ) စာမျက်နှာမှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါတယ်။