Cele News
ဘဝမှာ ခဏခဏပြိုလဲလိုက် ပြန်ရုန်း ကန်လိုက်နဲ့ ကြိုးစားခဲ့တာကို အပြစ်မ မြင်ပဲ ချစ်ပေးကြလို့ ကျေးဇူးတင်ပါ တယ် ဆိုတဲ့ ထက်ထက်မိုးဦး
ဘဝမှာ ခဏခဏပြိုလဲလိုက် ပြန်ရုန်းကန်လိုက်နဲ့ ကြိုးစားခဲ့တာကို အပြစ်မမြင်ပဲ ချစ်ပေးကြလို့ ကျေးဇူးတင်ပါတယ်ဆိုတဲ့ ထက်ထက်မိုးဦး
Flower
အသက်အရွယ်မျိုးစုံက ပရိသတ်တွေ အားပေးချစ်ခင်ကြတဲ့ မင်းသမီးချောလေး ထက်ထက်မိုးဦး က ကြော်ငြာတွေ အများအပြားကို ရိုက်ကူးခဲ့ရလို့ ကြော်ငြာဘုရင်မလို့တောင် တင်စားခံရသူတစ် ဦးပါ။ ထက်ထက်မိုးဦးက ကြော်ငြာတွေအပြင် ရုပ်ရှင်ဗီဒီယိုကားတွေလဲ ရိုက်ကူးခဲ့ပြီး အကယ်ဒမီ ဆုတွေနဲ့ အနုပညာမှတ်တိုင်တွေကို စိုက်ထူနိုင်ခဲ့သူ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးက လက်ရှိမှာ လည်း အနုပညာလုပ်ငန်းတွေကို ပြန်လည်အချိန်ပေးလုပ်ကိုင်နေပြီး ပရိသတ်နဲ့ နီးနီးကပ်ကပ် ထိ တွေ့နိုင်ဖို့ ကြိုးစားနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။
လက်ရှိမှာတော့ လူမှုရေးကိစ္စတွေကြောင့် စိတ်ထိခိုက်ဝမ်းနည်းနေရတဲ့ ထက်ထက်မိုးဦးက ဒီက နေ့မှာတော့ သူမရဲ့ ချစ်ပရိသတ်ကြီးကို ကျေးဇူးတင်စကား ပြောလာခဲ့တာကို တွေ့ရပါတယ်။ “ဘ ဝမှာ ခဏခဏ ပြိုလဲကျလိုက် ပြန်ရုန်းကန်လိုက်နဲ့ ကြိုးစားလာတာ အခုချိန်တွေထိ ထက်ကို အပြစ်မမြင် အမြဲချစ်နေပေးတဲ့ ပရိသတ်ကို အရမ်းလည်းချစ်တယ် ကျေးဇူးလည်းတင်ပါတယ် အမြဲလည်းကြိုးစားနေပါတယ်။” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ရေးသားထားပါတယ်။
Flower
ထက်ထက်မိုးဦးကတော့ ဘဝမှာ အနိမ့်အမြင့် အတက်အကျမျိုးစုံကို ကျော်ဖြတ်ခဲ့ရပြီး ပရိသတ် တွေပေးတဲ့ အားအင်တွေနဲ့ပဲ ပြန်လည် ရပ်တည်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ထက်ထက်မိုးဦးတစ်ယောက် ရှေ့ဆက် အလုပ်တွေအများကြီးလုပ်နိုင်ဖို့ ဆုတောင်းပေးကြပါ ဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့ လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Htet Htet Moe Oo’s fb
Bilie – Cele Connections
[zawgyi]
ဘဝမှာ ခဏခဏပြိုလဲလိုက် ပြန်ရုန်းကန်လိုက်နဲ့ ကြိုးစားခဲ့တာကို အပြစ်မမြင်ပဲ ချစ်ပေးြ ကလို့ ကျေးဇူးတင်ပါတယ်ဆိုတဲ့ ထက်ထက်မိုးဦး