Cele News

မနေ့ညက ကံစမ်းမဲမပေါက်သူတွေ နောက်ကံစမ်းမဲတွေ ဆက်မျှော်လင့်လို့ရသေးကြောင်း ပြောလာတဲ့ “စမိုင်းလ်”

ပရိသတ်တွေအတွက် မကြာခဏဆိုသလို ကံစမ်းမဲအစီအစဉ်တွေနဲ့ လက်ဆောင်တွေပေးနေသူ စမိုင်းလ်ကတော့ မနေ့ကညကလည်း ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ရဲ့မွေးနေ့ပါတီလေးအနေနဲ့ Facebook Live လွှင့်ပြီး ဂိမ်းတွေကစားခဲ့တဲ့အပြင် တစ်သိန်းဆု ဆယ်ဆု၊ တစ်သိန်းခွဲတန် Gift Box ဆယ်ခုနဲ့ ဂဏန်းခန့်မှန်းခိုင်းပြီး ဆုချငွေ ဆယ်သိန်းတို့ကို မဲဖောက်ပေးခဲ့ပါတယ်။

Flower

စမိုင်းလ်ရဲ့ ကံစမ်းမဲ Live ကိုတော့ ကြည့်ရှုသူပေါင်း တစ်သန်းကျော်ရှိခဲ့ကြသလို ကံစမ်းမဲပေါက်ဖို့ မျှော်လင့်ခဲ့ကြသူတွေလည်း အများကြီးပါ။ မနေ့ကညက Live မှာ ကံစမ်းမဲမပေါက်သွားတဲ့သူတွေကိုတော့ စမိုင်းလ်က စိတ်မလျှော့ကြဖို့နဲ့ နောက်ထပ်ကံစမ်းမဲအစီအစဉ်တွေရှိသေးကြောင်း မျှဝေလာပါတယ်။

Flower

မနေ့ကကံထူးသူများအားလုံး ဒီနေ့စတင်ဆက်သွယ်ပြီး ငွေများလွှဲပေးနေပါပြီရှင်။ ကံစမ်းမဲမပေါက်သူများလည်း နောက်အမြဲကံစမ်းမဲတွေပြုလုပ်အုန်းမှာဖြစ်လို့ နောက်အခေါက်တွေမှာပေါက်ကြပါစေလို့ဆုတောင်းပေးပါတယ်။ အားလုံးပဲကျန်းမာချမ်းသာကြပါစေ ဆိုပြီး ရေးသားမျှဝေလာပါတယ်။

နောက်ထပ်ကံစမ်းမဲအစီအစဉ်တွေအနေနဲ့ မနေ့က (၂၂) ရက်နေ့ည ဆယ်နာရီမှ ဒီနေ့(၂၃) ရက်နေ့ည (၁၀)နာရီ (၂၄) နာရီအတွင်းမှာ စမိုင်းလ်အွန်လိုင်းရုပ်ရှင်ရုံကနေ ဂယက်တွေပါဟယ် ဇာတ်ကားကြည့်သူတွေထဲက တစ်ယောက်ကို သုံးသိန်းဆုမဲဖောက်ပေးသွားမှာပါ။

ဒါ့အပြင် ဇာတ်ကားကြည့်ရှုသူတွေရဲ့ဖုန်းနံပါတ်တွေကို သိမ်းထားပြီး လာမယ့် (၂၀၂၁) ဇန်နဝါရီလ (၁) ရက်နေ့မှာ သိန်း(၃၀)၊သိန်း(၂၀)၊ (၁၀) သိန်း ဆိုပြီး ဆုမဲတွေဖောက်ပေးသွားမှာမို့ မနေ့ညက မဲမပေါက်ခဲ့သူတွေ စိတ်မပျက်ဘဲ မျှော်လင့်လို့ရသေးကြောင်း မျှဝေပေးလိုက်ပါတယ်နော်။

Source – စမိုင်းလ် Smile

Unicode Version