Cele News

Facebook live ကနေ ဂိမ်းကစားပြီး သိန်း (၄၀) ကျော်ရရှိနိုင်မယ့် သူမရဲ့ ကံစမ်းမဲအစီအစဉ်လေးကို ပြောပြလာတဲ့ စမိုင်းလ်ရဲ့ ဗီဒီယို

(ရုပ်သံဖိုင်ကို အောက်တွင်ကြည့်ရှုပါရန်)

Flower


Flower


















(Unicode)

Facebook live ကနေ ဂိမ်းကစားပြီး သိန်း (၄၀) ကျော်ရရှိနိုင်မယ့် သူမရဲ့ ကံစမ်းမဲအစီအစဉ်လေးကို ပြောပြလာတဲ့ စမိုင်းလ်ရဲ့ ဗီဒီယို

ဝါရင့်သရုပ်ဆောင်မင်းသမီးကြီး စမိုင်းလ်ကတော့ အနုပညာနယ်ပယ်မှာ အောင်မြင်လာခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိခဲ့တဲ့ သူပဲဖြစ်ပါတယ်။

ယနေ့အချိန်ထိ စမိုင်းလ်က ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိနေတုန်းပဲဖြစ်ပြီး

အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းချင်း လုပ်ကိုင်နေတာလည်းတွေ့ရပါတယ်။

သူမဟာ စိတ်သဘောထားပြည့်ဝပြီးစကားပြောပွင့်လင်းသူတစ်ယောက် ဖြစ်သလို

သူတစ်ပါးကိုလည်းအမြဲကူပေးတတ်တဲ့ သူပဲဖြစ်ပါတယ်။

ဒါ့အပြင် စမိုင်းလ်က ဘာသာတရားကိုအထူးကိုင်းရှိုင်းသူဖြစ်တာကြောင့် အလှူအတန်းတွေကိုလည်း လက်မနှေးပဲ

ရက်ရက်ရောရော လှူဒါန်းပေးပါတယ်။

စမိုင်းလ်ရဲ့ လှူဒါန်းမှုကလည်း လူကိုယ်တိုင် သွားရောက်လှူဒါန်းသလို သူမရဲ့ လူမှုကွန်ယက်ပေါ်ကနေပြီးတော့

သိန်းချီကံစမ်းမဲဖောက်ပေးပြီး လှူဒါန်းပေးတာတွေ့ရပါတယ်။

ယခုမှာလည်း သူမရဲ့ ချစ်ပရိသတ်တွေအတွက် သိန်း(၄၀) ကျော်ရရှိမယ့် ကံစမ်းမဲ အစီအစဉ်လေးကို ပြောပြထားတဲ့ ဗီဒီယိုဖိုင်လေးကို တင်ပေးလာခဲ့ပါတယ်။

ဒီအစီအစဉ်လေးကတော့ ပထမဆုံးအနေနဲ့ သူမပေးထားတဲ့ ဖုန်းနံပါတ်လေးတွေကို မိမိနာမည်နဲ့ SMS ပေးပို့ရမှာဖြစ်ပြီး

ကံစမ်းမဲနှိုက်ပေးတဲ့အပြင် အောက်တိုဘာလ ၂၂ ရက် ၊ ကြာသာပတေးနေ့ ည ၈ နာရီအချိန်တွင် စမိုင်းလ်ရဲ့ page မှာ live လွှင့်မှာဖြစ်ပြီး

ပေးထားတဲ့ နံပါတ် ၃ လုံးကို ခန့်မှန်းပေးရမှာဖြစ်ပါတယ်။

ဆုကြေးအနေနဲ့ကတော့ ပထမဆု ၁၀ သိန်းကျပ်တိတိအပြင်

Samsung A01 ဖုန်း – ၁၀လုံး ၊ ကျပ် ၁သိန်းဆု – ၁၀ဆု များကိုလည်း ကံစမ်းမဲဖောက်ပေးသွားမှာဖြစ်ပါတယ်။

ချစ်ပရိသတ်ကြီးလည်း သိန်း ၄၀ ကျော်ရရှိမယ့် စမိုင်းလ် ရဲ့ ကံစမ်းမဲအစီအစဉ်မှာ ပါဝင် ကံစမ်းနိုင်ဖို့အတွက်

ဒီဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးပါတယ်။

၂၂ ရက် ၊ ကြာသပတေးနေ့ ည ၈ နာရီ အချိန်မှာ အားလုံး ကံထူးရှင်တွေဖြစ်ပါစေနော်။

Photo Credit – စမိုင်းလ် smile fb page

Video & Source – စမိုင်းလ် smile fb page

MM Load