News

အရေးကြီးလူနာတွေမို့ မီးစုံဖွင့် အလန်းအော်ပြီးမောင်းတာတောင် အခွင့်အရေးမပေးခဲ့ကြတဲ့ တစ်ကိုယ်ကောင်းသမားများ

Flower

ဖြစ်စဉ် ၂ ရပ်လုံး ကျွန်တော်တို့ကား ပေါ်မှာ.အောက်ဆီဂျင်ပေး.ခေါ်ရတဲ့ အရမ်းအရေးကြီးလူနာ တွေ ဆေးရုံပို့ရတဲ့အချိန်..မီးစုံဖွင့် အလန်းအော်တယ်.. မောင်းတဲ့ ကလေးတွေက အသက်ကယ်ဖို့ဘဲ စိတ်ထဲထည့်ထားတယ်..

ဆေးရုံမြန်မြန်ရောက်ဖို့အရေးကြီးတယ်ပေါ့.. မီးပွိင့်မီးနီ ဖြတ်မိတယ် ဒါပေမဲ့ ၂ ကြိမ်လုံး တဖက်ယာဉ်ကြောက ကားတွေ နဲနဲလေးမှ အခွင့်အရေးမပေးခဲ့ပါဘူး ဦးစားလဲ မပေးပါဘူး..ပုံပါအတိုင်း ဝင်တိုက်တာ ခံရပါတယ်..

Flower

ကား ၂ စီး တရက်စီ ၁၁ ရက်နေ့နဲ့ ၁၈ရက်နေ့က ပါ.. ကျွန်တော်တို့ လျော်ပေးခဲ့ရပါတယ်..ကိုယ့်ကားကိုလည်း မြင်တဲ့အတိုင်း ဘေးတံခါးတွေနဲ့ အရှေ့ခေါင်းတွေကို ပြင်ရပါတော့မယ်..

ကျွန်တော်တို့ ကလေးတွေကို မှာထားလိုက်ပါပြီ..ဘယ်လောက်အရေးကြီးကြီး.မီးနီကို မဖြတ်ပါနဲ့တော့လို့..ဒီဖြစ်စဉ် ၂ ရပ်လုံးမှာ..လူနာအသက်ကယ်ရင်းနဲ့ ကျွန်တော်တို့ရဲ့အသက်တွေလဲ ပေးဆပ်လိုက်ရနိုင်ပါတယ်

ဟုတ်ကဲ့..ကျွန်တော်တို့ မီးနီကို မဖြတ်ရဲတော့ပါဘူး..

ဦးစန်းမြင့်
တာမွေကွန်ယက် SRT (yro) သတင်းနဲ့ ရန်ပုံငွေရှာဖွေရေး တာဝန်ခံ Ph..09 25000 1377