Knowledge

ကျောက်ဂူတောရ ဆရာတော်ကြီး၏ ကြည်ညိုဖွယ်ရာ ဂုဏ်ပုဒ်များ

ကျောက်ဂူတောရ ဆရာတော်ကြီး၏ ကြည်ညိုဖွယ်ရာ ဂုဏ်ပုဒ်များ
============================
(၁) ​ကျောက်​ဂူဆရာ​တော်​ကြီးသည်
အနားယူ လှဲ​လျှောင်းအိပ်​စက်​ခြင်း မရှိပါ။
(၂၆ နှစ်​အတွင်း တစ်​ကြိမ်​တစ်​ခါမျှ
လှဲ​လျောင်း အိပ်​စက်​အနားယူခြင်းမမြင်​ခဲ့ဖူးပါ)

(၂) ​ကျောက်ဂူဆရာ​တော်​ကြီးတွင်ေ​​ချွးနံ့
ကိုယ်​နံ့ နံခြင်းမရှိပါ ။
(တစ်​ခါ​သောအချိန်​က ဆရာ​တော်​ကြီးသည်
ဝိပဿနာတရားများ တရွာလျှင်​ ၃ ရက်​ခန့်​ဖြင့်
မိုးလင်းမိုးချုပ်​သင်​ပြ၍ ၁၀ ရွာခန့်
တစ်​လ​လောက်​​ရေမချိုးသင်္ကန်းမလဲဖြစ်​ခဲ့ပါ
နေ့တွင်​ခန္ဓာညဏ်​​ရောက်​ ရုပ်​နမ်​ခွဲးခြားတရားများပြ၍
ညတွင်​သုဿံဓုဒင်​ ​ဆောက်​တည်​​နေခဲ့ပါသည်
ရက်​၃၀ခန့်​မှရေချိုးဖြစ်​ပါသည်​။
အဆိုပါသင်္ကန်းတွင် ​ချွေးနံ့ကိုယ်​နံ့
လုံးဝမရှိသည်​အပြင်​ သစ်​​ခေါက်​နံ့ပင်​ကြိုင်​​သင်း​နေပါသည်​)

(၃)ကျောက်​ဂူဆရာ​တော်​ကြီးသည်​ အချိန်​တိုင်း
အလုပ်​လုပ်​​​နေ​သောသူ ဖြစ်​ပါသည်​။
(၂၄နာရီလုံး တစ်​လလုံး တစ်​နှစ်​လုံး ၂၆နှစ်​လုံးလုံး တရားဟောခြင်း စာ​ရေးခြင်း 
မေတ္တာဘာဝနာပွားခြင်း သမထဘာဝနာ
ပွားခြင်း ဝိပသာနာဘာဝနာပွားခြင်းများ
တစ်​ခုမဟုတ်​တစ်​ခု ပြုလုပ်​​နေပါသည်​။
ခန္ဓာကိုယ်​စွမ်းအင်​ကုန်​ဆုံး၍
ခဏတဖြုတ်​ ငိုက်မြည်း​​​သွားသည်​မှအပ
ကျန်​အချိန်​များတွင်​ သာသနာ​​တော်ကြီးအတွက်
အလုပ်​လုပ်​​နေ​ပါသည်​)

Flower

(၄) ​ကျောက်​ဂူဆရာ​တော်​ကြီး ​မေတ္တာဂရုဏာ
ကြီးစွာဖြင့်​ အားထည့်ပရိတ်​ရွတ်​ဖတ်​တိုင်းတွင်
အမြဲတမ်းပင်​ ပရိတ်​​ရေများဆူပွက်​ပါသည်​။
(ရွာကြီးတရွာတွင်​ ဆရာ​တော်​အား ပင့်​ဖိတ်​၍
ဝိပသာနာ တရားစခန်းဖွင့်​ရန် ပြင်​ဆင်​ကြစဉ်
ရွာဦး​ကျောင်းဆရာ​တော်​ကြီးနှင့်​ ရွာသားတချို့မှ
တရားစခန်းမဖွင့်​ရန်​ တရားတစ်​ပွဲသာလုပ်​၍
ပြန်​ကြွရန်​ ​​ကျောက်​ဂူဆရာ​တော်​ကြီးအား
လျှောက်​ထား အ​ရေးဆိုလာပါသည်​ ဤသို့ဖြစ်​၍
ရွာလယ်​တွင်​ မဏ္ဌပ်​ထိုး၍ ပရိတ်​တရားပွဲသာ
ပြုလုပ်​ကြပါသည်​ ပရိတ်​တရားပွဲစသည်​နှင့်
တရွာလုံးတွင်​ရှိ​သော ​ရေတွင်းထဲ့မှ​ရေ ​ရေကန်​ထဲ့မှ​ရေ
ရေအိုးထဲ့မှ​ရေ ​ရေခွက်​ထဲ့မှ​ရေ ​ရေဘူးထဲ့မှ​ရေများ
ဆူပွက်​လျံထွတ်​​နေကြပါ​​တော့သည်​ ။
အကျိုးအ​နေနှင့်​ ဤရွာကြီးတွင်​ ဝိပသာနာ
တရားစခန်းဖွင့်​ခွင့်​ ရရှိခဲ့ပါသည်​)

(၅) ​ကျောက်​ဂူဆရာ​တော်​ကြီးသည်
သင်္ကန်း၃ထည်​ သပိတ်​တစ်​လုံး တစ်​ပါး​နေ
ကျောင်းသင်္ခန်းဖြင့်​သာ ​ရောင့်​ရဲ​နေ​ထိုင်​​တော်​မူပါသည်။
(ဆရာ​တော်​ကြီးတွင်​ ကြီးကျယ်​ ခန်းနားလှ​သော
ကျောင်း​တိုက်​ကြီး ၄ တိုက်​ရှိပါသည်
(က)ဂန်​​ဂေါမြို့နယ်​ ကန်​၇ရွာ ဘိုးဘွားရိပ်​သာ
ကျောက်​ဂူ​ကျောင်း(ဧက ၃၀၀ ကျယ်​ဝန်းပါသည်​)
( ခ)သုံးဆယ်​မြို့ဓမ္မသုခ​ ​ကျောက်​ဂူ​ကျောင်း
(ဧက ၃၀ ခန့်​ကျယ်​ဝန်းပါသည်​)
( ဂ)က​လေးမြို့စက်​မူဇုံ ​ကျောက်​ဂူ​ကျောင်း
(ဧက ၁၀ ကျယ်​ဝန်းပါသည်​)
(ဃ)​ပေါင်း​လောင်းမြို့ ​မူလပထမ​ ကျောက်​ဂူ​ကျောင်း
(ဧက ၁၀ ​ကျော်​ကျယ်​ဝန်းပါသည်​)
ထို​ကျောင်းတိုက်​ကြီးများတွင်​ အ​ဆောက်​အဦး
ပေါင်းများစွာ သာသနာ့ဝန်​ထမ်း
သံဃာ သီလရှင်ေ​ပါင်း​များစွာ ရှိကြပါသည်​ 
နေ့စဉ်​​နေ့တိုင်း ပိတ်ရက်မရှိ ​​ဝိပဿနာတရားများ
ဟောကြားနာကြား ပွားများအားထုတ်​​နေကြပါသည်​။
ရန်​ကုန်​ မန္တ​လေး ပြင်​ဦးလွင်​ ​တောင်​ကြီး
မိုးကုတ်​ မြို့များတွင်​လည်း ​​​​ကျောက်ဂူ
ကျောင်း​တိုက်​များ ​ဖော်​​ဆောင်​ရန်
ပြင်​ဆင်​​နေ ကြပါသည်​။
ဆရာ​တော်​ကြီးအတွက်​ ​အဆင့်​မြင့်​​ကောင်းမွန်​​သော
ကျောင်း​​ဆောင်​များကို ဒကာဒကာမ
စေတနာရှင်​ ကုသိုလ်​ရှင်​များက ​ဆောက်​လုပ်
လှူဒါန်းကြ​သော်​လည်း ကုသိုလ်​တိုးကြ​​စေရန်
၃ ရက်​ခန့်​သာ အသုံးပြု
သီတင်းသုံး၍ မူလတစ်​ပါး​ကျောင်း
တဲ​ကျောင်းတွင်​သာ ​သီတင်းသုံး​နေ​တော်​မူပါသည်​)

(၆) ​ကျောက်​ဂူဆရာ​တော်​ကြီးသည်
ဓူတင်​(၁၃)ပါးဆောင်​ ဆရာ​တော်​ကြီးဖြစ်​ပါသည်
(ဓူတင်​များထဲ့မှ ဆရာ​တော်​ကြီး၏
သုဿန်​ဓုတင်​​ဆောင်​ပုံအ​ကြောင်းကို
အနည်းငယ်​တင်​ပြပါမည်​ ။
ဆရာ​​တော်​ကြီး သုဿန်​သင်္ချိုင်းတွင် ညဘက်​ 
ဓုတင်ေ​ဆာင်ခဲ့သည်မှာသင်္ချိုင်းများပင်
တစ်​ရာ​ကျော်​မည်​ထင်​ပါသည်​။
တစ်​ခြားနိုင်​ငံများနှင့်​ မြို့ကြီးများတွင်
ညဘက်​သုဿန်​ကြွရန်​​ ခက်​ခဲပါ၍ 
နေ့ခင်းဘက်​များတွင်​သာ ​မေတ္တာပို့
ကုသိုလ်​အမျှ​ဝေ ကြွ​ရောက်​တတ်​ပါသည်​။
နယ်​မြို့များ ​ကျေးရွာများတွင်​ အမြဲတမ်းပင်
ညဘက်​သုဿန်​ ဓုတင်​​ဆောင်​ပါသည်​ ။
ဆရာ​တော်​ကြီး၏ သုဿန်​ဓုတင်​​ဆောင်​ပုံမှာ ည၉နာရီ​ကျော်​ လူသူ​လေးပါး အိပ်​ပြီးချိန်​တွင်​ သုဿန်​သို့​ ​တိတ်​ဆိတ်​စွာ
မေတ္တာပို့ရင်း ဝင်​ရပါသည်​ သင်္ချိုင်းသို့​ရောက်​လျှင်
လူ​သေ​ကောင်​ ​မြေမြုပ်​​သော​နေရာ
မီးရှို့​သော​နေရာ ဂူသွင်း​သော ​နေရာများ၌
တ​နေရာစီ တရားထိုင်​ပါသည်​ ။
ဆရာ​တော်​ကြီးမှာ တစ်​ညတာလုံး
မေတ္တာဘာဝနာ သာမထဘာဝနာ
ဝိပသာနာဘာဝနာ ကုသိုလ်​တရားများ
အားထုတ်​ရင်း မြင်​အပ်​ မမြင်​အပ်​များနှင့်
ရင်းနှီးကျွမ်းဝင်​​​​ စေရန်​ ညအချိန်​ကို
ကုန်​ဆုံး​စေပါသည်​ ။မနက်​၄နာရီမထိုးခင်
လူသူ​လေးပါးမထခင်​ သုဿန်​မှ ​မေတ္တာပို့ရင်း
တိတ်​ဆိတ်​စွာထွက်​ခွာပါသည်​။
တချို့သချိင်္ုင်းများတွင်​ တစ်​ညသာကြွ၍
တချို့သချိင်္ုင်း​များကို နှစ်​ညသုံးညကြွတတ်​ပါသည်​။
ကြွ​ရောက်​ရန်ု ကြိုတင်​မိန့်​ထား​လေ့မရှိပါ
ည ၉ နာရီ​ကျော်​ ဆရာ​တော်​ကြီးသင်္ကန်းရုံသည်​ကို
ကြည့်​၍ သာသိရှိရတတ်​ပါသည်​ ။

(၇) ​ကျောက်​ဂူဆရာ​တော်​ကြီး၏ ​ဦး​​ခေါင်းကို 
ခေါင်းရိတ်ြ​​ခင်း ကိစ္စအား မိ့မိ့ကိုယ်​တိုင်​လည်း မရိတ် 
တပည့့်များအားလည်းအရိတ်​ ခိုင်​တား မ​တွေ့ဘူးပါ။
(ထို့​ကြောင့်​ ဆရာ​တော်​ကြီး၏ ဆံ​တော်​များအား
လိုခြင်​သူ​ ပေါများလှ​သော်​လည်း တစ်​​ယောက်​မျှ
မရရှိကြပါ)

(၈) ​ကျောက်​ဂူဆရာ​တော်​ကြီး၏ တရားတစ်​ပွဲ
အ​ကြောင်းပြု၍ တစ်​ရွာလုံး ဗုဒ္ဓဘာသာဝင်
ဖြစ်​ခဲ့ရပါသည်​။(​အိမ်​​ခြေ တစ်​ရာ​ကျော်​ရှိ​သော 
တောင်​​ပေါ်ရွာ​လေး တစ်​ရွာသည်
ဘာသာခြားတစ်​ခုမှ စည်းရုံး၍
တစ်​ရွာလုံးကျွတ်​ ဘာသာဝင်​ပွဲကြီး
စည်​ကားစွာကျင်းပရန်​ ပြင်​ဆင်​​နေ​သောနေ့ဖြစ်​ပါသည်​ ။
ထို​နေ့သည်​ မိုးများလည်း ရွာ​နေပါသည်
တောင်​ကျ​ရေများလည်းကျ​နေပါသည်
ချောင်း​ရေများလည်းလျှံ​နေပါသည်​။
တောင်​​ပေါ်ရွာ​ ဖြစ်​သဖြင့်​ လမ်းများလည်း
ရွှံ​စေးများဖြင့်​ သွားလာရန်​ အင်​မတန်​ ​ခက်​ခဲ့​နေပါသည်​။
ထိုအချိန်​တွင်​ ဆရာ​တော်​ကြီးသည်
ရွာလယ်​လမ်းမှ တစ်​လှမ်းခြင်း တစ်​လှမ်းခြင်း
လမ်း​လျှောက်​၍ ရွာထဲသို့ ဝင်​လာပါသည်​ ။
ထူးခြားမူ့ အ​နေဖြင့်​ မိုးရွာ​နေ​သော်​လည်း
သင်္ကန်းများ ​ရေမစိုပါ လမ်းမှာ ဗွက်​ထ​နေ​သော်​လည်း ​ခြေ​​ထောက်​တို့တွင်​ ရွှံများမ​ပေကျံ​ပါ။
ဘာသာခြားသို့ ကူ​ပြောင်းပွဲလုပ်​​နေ​သော
လူအုပ်ြ​​ကီးသည်​ ဆရာ​တော်​ အနီးတွင်
ဝိုင်းအုံလာကြပါသည်​။ဆရာ​တော်​ကြီးမှ
တစ်​နာရီခန့်​ တရား​ဟောခဲ့ပါသည်​။
ဘာသာခြား​သို့ မဝင်​ဖြစ်​​တော့ဘဲ ဗုဒ္ဓဘာသာသို့သာ
တစ်​ရွာလုံး ဖြစ်​သွား ခဲ့ပါသည်​။
ထိုရွာ​လေးသည်​ ယခုအချိန်​ထိ
ဆရာ​တော်​ကြီးအား မကြာခဏ ပင့်​ဖိတ်​၍
ဝိပဿနာ တရားစခန်းများ ပြုလုပ်​ဖြစ်​ဆဲဖြစ်​ပါသည်​)

POSTED CREDIT-Ko nyi