Cele News

သိန်း(၂၀၀)တန်ကားကြီးကို ချွန်တွန်း ပရဟိတအဖွဲ့ အတွက် လာရောက်လှူ ဒါန်းတဲ့အလှူရှင် မိသားစုအ ကြောင်း ပြောလာတဲ့ ဒိန်းဒေါင်

ပရိသတ်တွေချစ်ရတဲ့ ဟာသ သရုပ်ဆောင် လူရွှင်တော် ဒိန်းဒေါင်ကတော့ Covid-19 ကာလမှာ သူ့ရဲ့ ချွန်တွန်း ပရဟိတအဖွဲ့တွေနဲ့အတူ အလှူအတန်းတွေ ဆက်တိုက်ဆိုသလိုလုပ်ဆောင်နေ ခဲ့ပါတယ် ။ ချွန်တွန်းပရဟိတကို လာရောက်လှူဒါန်းကြတဲ့အလှူငွေတွေနဲ့ လိုအပ်နေတဲ့နေ ရာ တွေ ကူညီလှူဒါန်းခဲ့ပြီး အမှန်တကယ်အကူညီမဲ့နေသူတွေကို အိမ်တိုင်ရာရောက်ကူညီမှုပေးနေ ခဲ့ တာပဲဖြစ်ပါတယ် ။

ဒါ့အပြင် အနုပညာရှင်အသိုင်းအဝိုင်းနဲ့ တခြားတခြားသောအလှူရှင်တွေကလည်း ချွန်တွန်း ပရ ဟိ တ အတွက် အလှူငွေတွေ ပါဝင်လှူဒါန်းပြီး ကုသိုလ်ယူခဲ့ကြပါတယ် ။ ဖုန်းဆက်ပြီးအကူညီ တောင်းသမျှ နေရာတိုင်းကို ကိုယ်တိုင်ကိုယ်ကျသွားရောက်ကြည့်ရှုပြီး လိုအပ်တာမှန်သမျှကို တ တ် အားသမျှ လှူဒါန်းကုသိုလ်ယူလျက်ရှိပြီး ယနေ့တိုင် အဆက်မပြတ်လှူဒါန်းပေးနေခဲ့တာပါ ။

ဗုဒ္ဓဘာသာ မြန်မာအယူဆတစ်ခုအရ တူသောအကျိုးပေးတယ်လို့တောင်ဆိုရမှာပါ ။ သိန်း (၂၀၀) တန်ကားကြီးကို ချွန်တွန်းပရဟိတအဖွဲ့ကို အလှူရှင် မိသားစုတစ်စုက လာရောက်လှူ ဒါန်းခဲ့ကြောင်း ဒိန်းဒေါင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့ပါတယ် ။

Flower

အခုလို သိန်းရာကျော်တန်ကားကြီး လာရောက် လှူဒါန်းလိုက်တဲ့မိသားစုကိုသာဓုခေါ်ပေးကြ ပါဦး လို့ ဒိန်းဒေါင်က ပရိသတ်တွေကိုတောင်းဆိုထားပါသေးတယ် ။ ပရိသတ်တွေကလည်း ချွန်တွန်းပရဟိတအတွက် ထပ်တူထပ်မျှဝမ်းသာနေကြပြီး အလှူရှင်မိသားစုကိုလည်း ဆုမွန် ကောင်းတွေ အများကြီးတောင်းပေးခဲ့ကြပါတယ် ။

credit-cele gabar

[zawgyi]

ပရိသတ္ေတြခ်စ္ရတဲ့ ဟာသ သ႐ုပ္ေဆာင္ လူ႐ႊင္ေတာ္ ဒိန္းေဒါင္ကေတာ့ Covid-19 ကာလမွာ သူ႔ရဲ႕ ခြၽန္တြန္း ပရဟိတအဖြဲ႕ေတြနဲ႔အတူ အလႉအတန္းေတြ ဆက္တို က္ဆို သ လိုလုပ္ေဆာင္ေန ခဲ့ပါတယ္ ။ ခြၽန္တြန္းပရဟိတကို လာေရာက္လႉဒါန္း ၾကတဲ့အလႉေငြေတြနဲ႔ လိုအပ္ေနတဲ့ေန ရာ ေတြ ကူညီလႉဒါန္းခဲ့ၿပီး အမွန္ တကယ္အကူညီမဲ့ေနသူေတြကို အိမ္တိုင္ရာေရာက္ကူညီမႈေပးေန ခဲ့ တာပဲျဖစ္ပါတယ္ ။

ဒါ့အျပင္ အႏုပညာရွင္အသိုင္းအဝိုင္းနဲ႔ တျခားတျခားေသာအလႉရွင္ေတြက လ ည္း ခြၽန္တြန္း ပရ ဟိ တ အတြက္ အလႉေငြေတြ ပါဝင္လႉဒါန္းၿပီး ကုသိုလ္ယူခဲ့ၾ က ပါတယ္ ။ ဖုန္းဆက္ၿပီးအကူညီ ေတာင္းသမွ် ေနရာတိုင္းကို ကိုယ္တိုင္ကိုယ္က် သြားေ ရာက္ၾကည့္ရႈၿပီး လိုအပ္တာမွန္သမွ်ကို တ တ္ အားသမွ် လႉဒါန္းကုသိုလ္ယူလ်က္ ရွိၿပီး ယေန႔တိုင္ အဆက္မျပတ္လႉဒါန္းေပးေနခဲ့တာပါ ။

ဗုဒၶဘာသာ ျမန္မာအယူဆတစ္ခုအရ တူေသာအက်ိဳးေပးတယ္လို႔ေတာင္ဆိုရမွာပါ ။ သိန္း (၂၀၀) တန္ကားႀကီးကို ခြၽန္တြန္းပရဟိတအဖြဲ႕ကို အလႉရွင္ မိသားစုတစ္စုက လာေရာ က္လႉ ဒါန္းခဲ့ေၾကာင္း ဒိန္းေဒါင္က သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာထက္ကေန ေရး သားေဖာ္ျပခဲ့ပါတယ္ ။

အခုလို သိန္းရာေက်ာ္တန္ကားႀကီး လာေရာက္ လႉဒါန္းလိုက္တဲ့မိသားစုကိုသာဓုေခ ၚေပးၾက ပါဦး လို႔ ဒိန္းေဒါင္က ပရိသတ္ေတြကိုေတာင္းဆိုထားပါေသးတယ္ ။ ပရိသတ္ေတြကလည္း ခြၽန္တြန္းပရဟိတအတြက္ ထပ္တူထပ္မွ်ဝမ္းသာေနၾက ၿ ပီး အလႉရွင္မိသားစုကိုလည္း ဆုမြန္ ေကာင္းေတြ အမ်ားႀကီးေတာင္းေ ပး ခဲ့ ၾကပါတယ္ ။