News

(NLD) ပါတီအောင်နိုင်ရေး လှည့်လည်ရာတွင် ပါဝင်သူ တစ်ဦးသည် ၎င်းလိုက်ပါလာသည့် ယာဉ်ပေါ်မှ NLD အလံအား ဝှေ့ယမ်းစဉ် အပေါ်ရှိ ဓာတ်ကြိုးနှင့် ထိမိ၍ ဓာတ်လိုက် သေဆုံး

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့တွင် အောက်တိုဘာလ ၁၆ ရက်နေ့၊ မွန်းလွဲပိုင်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအောင်နိုင်ရေး လှည့်လည်ရာတွင် ပါဝင်သူ တစ်ဦးသည် ၎င်းလိုက်ပါလာသည့် ယာဉ်ပေါ်မှ NLD အလံအား ဝှေ့ယမ်းစဉ် အပေါ်ရှိ ဓာတ်ကြိုးနှင့် ထိမိ၍ ဓာတ်လိုက် သေဆုံးသွားခဲ့ကြောင်း မြင်းမူမြို့မရဲစခန်းမှ သိရသည်။

ဓာတ်လိုက် သေဆုံးခဲ့သည်သူမှာ မြင်းမူမြို့၊ ကျန်စစ်သားရပ်နေသူ ထွန်းထွန်းဝင်း (၂၂) နှစ် ဖြစ်ပြီး ၎င်းသည် မြင်းမူမြို့၊ ကျန်းစစ်သားရပ်နေ ယာဉ်မောင်း မြင့်သူ ၃၀ နှစ် မောင်းနှင်းသည့် SGG 6A-8698 ဒိုင်နာ ခြောက်ဘီး အဖြူရောင်ယာဉ်ပေါ်မှာ လိုက်ပါ၍ NLD အောင်နိုင်ရေး လှည့်လည်ကာ မြင်းမူမြို့၊ ကျန်စစ်သား ရပ်ကွက် ဘောလုံးကွင်း တောင်ဘက်လမ်းအတိုင်း မောင်းနှင်းလာပြီး ဇေယျာလမ်းထိပ်အရောက် ကားအားရပ်ပေးခဲ့ပြီး ယာဉ်ပေါ်ပါလူများ ဆင်းပြီးနောက် ၎င်းတစ်ဦးတည်း ကျန်ရှိစဉ် အရှည် ၉ ပေခန့်၊ လုံးပတ် ၁ လက်မခွဲခန့်ရှိ NLD အလံ ချည်ထားသော စတီးအလံတိုင်အား ဝှေ့ယမ်းလိုက်ရာမှ မြေပြင်မှ အမြင့် ပေ ၂၀ ခန့်ရှိ ဓါတ်ကြိုးအား ရိုက်မိ၍ ကားပေါ်တွင် လဲကျသေဆုံးသွားကြောင်း ရဲမှတ်တမ်း ဖော်ပြချက်အရ သိရသည်။

သေဆုံးသူသည် အောင်နိုင်ရေး လှည့်လည်စဉ် လမ်းတစ်လျှောက် ကားပေါ်တွင် အဆိုပါ NLD အလံ ချည်ထားသော စတီးအလံတိုင်အား လက်တွင် ကိုင်ဆောင်ထားကြောင်းကို ၎င်းနှင့်အတူ လိုက်ပါလာသူများ၏ ထွက်ဆိုချက်အရ သိရသည်။

Flower

သေဆုံးသူ၏ ရုပ်အလောင်းကို မြင်းမူမြို့နယ် ပြည်သူ့ဆေးရုံက တာဝန်ကျ ဆရာဝန် ဒေါက်တာ သိ င်္ဂီဝင်းနှင့် အတူ ၃ နာရီခွဲအချိန်မှ ၄ နာရီ ၅ မိနစ်အချိန်ထိ ရင်ခွဲစစ်ဆေးရာ သေဆုံးသူ၏ လက်နှစ်ဖက်မှ လျှပ်စီးဝင်ပြီး နှလုံးအားဖြတ်စီးကာ ဝဲဘက်ခြေမအဆစ်မှ လျှပ်စီးဖောက်ထွက်၍ သေဆုံးခြင်းဖြစ်ကြောင်း ရဲမှုခင်းမှတ်တမ်း ဖော်ပြချက်အရ သိရသည်။

အဆိုပါ လူသေဆုံးမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ်ကို စုံးစမ်းစစ်ဆေးရန် မြင်းမူမြို့မ ရဲစခန်းက စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်