News

အိန္ဒိယမှာ ခင်ပွန်းဖြစ်သူက ဇနီးသည်ကို အိမ်သာထဲမှာ ၁၈ လကြာထိ တံခါးပိတ် သော့ခတ်ထားမှု ဖြစ်ပွား

အိန္ဒိယမှာ ခင်ပွန်းဖြစ်သူက ဇနီးသည်ကို အိမ်သာထဲမှာ ၁၈ လကြာထိ တံခါးပိတ် သော့ခတ်ထားမှု ဖြစ်ပွား
——- အကုန်သိ သတင်းဌာန ——-

အိန္ဒိယမှာ ခင်ပွန်းဖြစ်သူက စတုရန်းပေ ၉ ပေထိသာ ကျယ်ဝန်းတဲ့ အိမ်သာတစ်ခုမှာ ၁၈ လကြာထိ တံခါးပိတ် သော့ခတ်ထားတဲ့ ဇနီးသည်ကို ဒေသဆိုင်ရာ အာဏာပိုင်တွေက ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ယင်းဖြစ်ရပ်ဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်း Haryana ပြည်နယ်၊ Rishpur ရွာမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ရက်များစွာကြာထိ အစာရေစာပြတ်လပ် အားနည်းနေတဲ့ အသက် ၃၅ နှစ်အရွယ် ယင်းအမျိုးသမီးကို ရဲတပ်ဖွဲ့နဲ့ လူမှုဖူလုံရေး အရာရှိများက ပြီးခဲ့တဲ့ အင်္ဂါနေ့က တွေ့ရှိခဲ့ပြီး ကယ်ဆယ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Flower

“သူမဟာ လမ်းကောင်းကောင်း မလျှာက်နိုင်လောက်အောင် အားနည်းနေတယ်” “သူမကို အစားအစာတွေပေးတော့ သူမဟာ ချာပါတီ ၈ ခုထိ စားသောက်ခဲ့ပါတယ်” လို့ ခရိုင်ရဲ့ အမျိုးသမီး ကာကွယ်စောင့်ရှောက်ရေး အရာရှိ Rajni Gupta က ပြောဆိုခဲ့ပါတယ်။

အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူ Naresh Kumar ကတော့ ဇနီးသည်ဟာ စိတ်ရောဂါသည်ဖြစ်ကြောင်း ပြောဆိုကာ သူ့ရဲ့အပြစ်ကို ဖုံးကွယ်ခဲ့ပေမယ့် ရဲတပ်ဖွဲ့က နေရာမှာတင် ဖမ်းဆီးခဲ့ပါတယ်။ သက်သေအထောက်အထားတွေဟာ Kumar ရဲ့ ပြောဆိုချက်တွေကို ထောက်ပံ့ပေးနိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။

အမျိုးသမီးမှာ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှု ရှိနေတယ်ဆိုတာ မမှန်ကန်ကြောင်း၊ သူမနဲ့ စကားပြောကြည့်ရာမှာ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှု မရှိဘူးဆိုတာ ထင်ရှားကြောင်း Gupta က ပြောကြားခဲ့ပါတယ်။

၎င်းတို့ဇနီးမောင်နှံဟာ အိမ်ထောင်သက် ၁၇ နှစ်ထိ ရှိနေပြီဖြစ်ပြီး အသက် ၁၁ နှစ်မှ ၁၅ နှစ်ကြားအရွယ် ကလေး ၃ ဦး ထွန်းကားခဲ့ပါတယ်။ အဆိုပါ ၀မ်းနည်းဖွယ် ဖြစ်ရပ်ကို ရဲများက စုံစမ်းစစ်ဆေးနေချိန်မှာ အမျိုးသမီးကို ဆေးရုံပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ rt.com

Unicode Version

အိန္ဒိယမှာ ခင်ပွန်းဖြစ်သူက ဇနီးသည်ကို အိမ်သာထဲမှာ ၁၈ လကြာထိ တံခါးပိတ် သော့ခတ်ထားမှု ဖြစ်ပွား
——- အကုန်သိ သတင်းဌာန ——-

အိန္ဒိယမှာ ခင်ပွန်းဖြစ်သူက စတုရန်းပေ ၉ ပေထိသာ ကျယ်ဝန်းတဲ့ အိမ်သာတစ်ခုမှာ ၁၈ လကြာထိ တံခါးပိတ် သော့ခတ်ထားတဲ့ ဇနီးသည်ကို ဒေသဆိုင်ရာ အာဏာပိုင်တွေက ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ယင်းဖြစ်ရပ်ဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်း Haryana ပြည်နယ်၊ Rishpur ရွာမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ရက်များစွာကြာထိ အစာရေစာပြတ်လပ် အားနည်းနေတဲ့ အသက် ၃၅ နှစ်အရွယ် ယင်းအမျိုးသမီးကို ရဲတပ်ဖွဲ့နဲ့ လူမှုဖူလုံရေး အရာရှိများက ပြီးခဲ့တဲ့ အင်္ဂါနေ့က တွေ့ရှိခဲ့ပြီး ကယ်ဆယ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“သူမဟာ လမ်းကောင်းကောင်း မလျှာက်နိုင်လောက်အောင် အားနည်းနေတယ်” “သူမကို အစားအစာတွေပေးတော့ သူမဟာ ချာပါတီ ၈ ခုထိ စားသောက်ခဲ့ပါတယ်” လို့ ခရိုင်ရဲ့ အမျိုးသမီး ကာကွယ်စောင့်ရှောက်ရေး အရာရှိ Rajni Gupta က ပြောဆိုခဲ့ပါတယ်။

အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူ Naresh Kumar ကတော့ ဇနီးသည်ဟာ စိတ်ရောဂါသည်ဖြစ်ကြောင်း ပြောဆိုကာ သူ့ရဲ့အပြစ်ကို ဖုံးကွယ်ခဲ့ပေမယ့် ရဲတပ်ဖွဲ့က နေရာမှာတင် ဖမ်းဆီးခဲ့ပါတယ်။ သက်သေအထောက်အထားတွေဟာ Kumar ရဲ့ ပြောဆိုချက်တွေကို ထောက်ပံ့ပေးနိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။

အမျိုးသမီးမှာ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှု ရှိနေတယ်ဆိုတာ မမှန်ကန်ကြောင်း၊ သူမနဲ့ စကားပြောကြည့်ရာမှာ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှု မရှိဘူးဆိုတာ ထင်ရှားကြောင်း Gupta က ပြောကြားခဲ့ပါတယ်။

၎င်းတို့ဇနီးမောင်နှံဟာ အိမ်ထောင်သက် ၁၇ နှစ်ထိ ရှိနေပြီဖြစ်ပြီး အသက် ၁၁ နှစ်မှ ၁၅ နှစ်ကြားအရွယ် ကလေး ၃ ဦး ထွန်းကားခဲ့ပါတယ်။ အဆိုပါ ဝမ်းနည်းဖွယ် ဖြစ်ရပ်ကို ရဲများက စုံစမ်းစစ်ဆေးနေချိန်မှာ အမျိုးသမီးကို ဆေးရုံပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ rt.com