Cele News

နန္ဒာလှိုင်လက်ထပ်လိုက်တာက ရှုတင် အိမ်ကမြင်းအငှားလိုက်တဲ့ ဖြတ်လျှော က် လေးပါဆိုပြီး အမှတ်တရတွေကို ပြောပြလာတဲ့ နန္ဒာလှိုင်ရဲ့ခင်ပွန်း

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက် ထား တဲ့ တိုင်းရင်းသူမင်းသမီးချောနန္ဒာလှိုင်ကတော့ အိမ်ထောင်ရေးကံကောင်းသူလေးမို့ ပရိသတ် တွေ အားကျချစ်ခင်ရသူပါပဲ..။

ချောမောလှပတဲ့အပြင် သရုပ်ဆောင်ကောင်းမှုတွေကြောင့် ဇာတ်ကားတွေများစွာ ရိုက်ကူးထား ပြီး ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ သူမကတော့ အခုဆိုရင် သူမအပေါ်ချစ်ခင်ကြင်နာတဲ့ခင်ပွန်း၊ သမီးလေးသုံးယောက်နဲ့ ကြည်နူးစရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်နော်..။

အခုလို Stay Home ကာလလေးမှာလည်း လက်မထပ်ခင်က အမှတ်တရလေးတွေကို နန္ဒာလှိုင် ရဲ့ ခင်ပွန်းဖြစ်သူ ဦးဇေသီဟက ပရိသတ်တွေကို မျှဝေပြောပြလာပါတယ်နော်.. ။လက်မထပ်ခ င် က ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ရိုက်ခဲ့ဖူးတဲ့အမှတ်တရတွေကို ပြောပြရင်း နန္ဒာလှိုင်အိမ် ထော င် ပြုလိုက်တာက ရှုတင်အိမ်က မြင်းအငှားလိုက်တဲ့ ဖြတ်လျှောက်လေးပါဆိုပြီးတော့လည်း အ ရွှန်း ဖောက် ပြောပြထားပါသေးတယ်နော်..။

Flower

“တိတ်တဆိတ် ရောက်ခဲ့ဖူးသော အဲ့ဒီလောကအကြောင်းအရာတွေထဲမှာ ရယ်စရာ မပါပါဘူး။ ကျွန် တော့တို့အိမ်မှာ ၈၇ ခုနှစ်လောက်ထဲက ဘယ်လို အကြောင်းတိုက်ဆိုင်ခဲ့လို့လည်းမသိဘူး။ ရုပ်ရှင် ရိုက်ကူးတဲ့အိမ်ဖြစ်ခဲ့ပါတယ်။ အခကြေးငွေ ယူပြီး အိမ်ငှားတာမျိုးမဟုတ်ဘဲ ခင်မင်ရင်းနှီး သူများကို ရိုက်ခွင့်ပေးတာပါ။ တခါတရံ အိမ်မှာ ရိုက်ကူးရေးလုပ်ရုံတင်မက အမေကပါဝင် သရုပ် ဆောင်ပေးရတာမျိုးအထိပါပဲ။

ကိုယ်တိုင်လဲ စကားတစ်ခွန်းလောက်ဝင်ပြောရတဲ့ ဖြတ်လျှောက်လောက်တော့ ဘေးက မြှောက် ပေး တော့ ပါခဲ့ရဖူးပါတယ်။ အဲ့ဒီနောက် မြင်းတွေ နဲ့ ပတ်သက်ပြီး ရိုက်ကူးရေးတွေမှာ မြင်းအ ငှား လိုက်ပေးရင်း အဲ့ဒီလောကနဲ့ ပြန်လည်ထိတွေ့ရပြန်ပါတယ်။ ကိုကျော်ရဲအောင်၊ ကိုဝေဠု ကျော်တို့ ရိုက်ကူးရေးအတွက် မြင်းလိုရင် ငှားလိုက်ရင်း မြင်းထိန်းများနဲ့အတူ လိုက်လေ့ရှိပါ တယ်။

အဲ့ဒီလိုပါပဲ မြင်း နဲ့ ပတ်သက်တဲ့ ရိုက်ကူးရေးတွေမှာ စီးဖို့လူလိုရင် ကိုယ်တိုင်တက်စီးပြီး ပါဝင် အားဖြည့်ပေးရတာလဲ ခဏခဏပါပဲ။ ပုံကတော့ ဟိုတနေ့က အကို ကိုကိုလင်းမောင် က အမှတ် တရပြန်တင်ရင်း ကျွန်တော့ပုံ ပါနေတာတွေ့ပြီး သတိရသွားတာပါ။ မြင်းတွေနဲ့ ပတ်သက်လာရင် ကျရာနေရာကနေ ပါဝင်ရတာမျိုး လဲ ရှိခဲ့ဖူးပါတယ်။ မှတ်မှတ်ရရ ပါပဲ။ တခါက ဦးချစ်စရာ မြင်း စီးရင်း ပြုတ်ကျတာမျိုးအခန်းအတွက် လူစားဝင်ရိုက်ပေးဖူးသေးတယ်။ နောက်ထပ်မှတ်မှတ်ရရ ကတော့ သီရိဂျေမောင်မောင် ရဲ့ MTV မှာ ရိုက်ကူးဖို့ မြင်းငှားပေးရင်းကနေ မြင်းက နည်းနည်း မ ငြိမ်လို့ ဝင်ထိန်းပေးရင်း မြင်းထိန်းနေရာက ပါဝင်သရုပ်ဆောင် ပေးလိုက်ရတဲ့အထိ ပါပဲ။ မြင်း တွေ နဲ့ ပတ်သက်လာရင် ကိုယ်ဘယ်သူဆိုတာ မေ့မေ့သွားတဲ့အထိ အဲ့ဒီ အားကစားကို ချစ်မြ တ် နိုးခဲ့ ဖူးပါတယ်။

တကယ်တော့ နန္ဒာလှိုင် အိမ်ထောင်ပြုလိုက်တာ ရှုတင်အိမ်က မြင်းအငှားလိုက်တဲ့ ဖြတ် လျှော က် လေးပါ။ ဟဟ..” ဆိုပြီး ရေးသားပြောပြထားတာပါ..။

Source & Photo Credit – Zay Thiha’s Fb Account & Nandar Hlaing’s Fb Acc