Health

ဧရာဝတီဖောင်ဒေးရှင်းမှ ပြည်တွင်းလိုအပ်ချက် ဖြည့်ဆည်းပေးမည့် နှာခေါင်းစည်း Mask များ ထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိ

ဧရာဝတီဖောင်ဒေးရှင်းမှ ပြည်တွင်းလိုအပ်ချက် ဖြည့်ဆည်းပေးမည့် နှာခေါင်းစည်း Mask များ ထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

ရန်ကုန်၊ အောက်တိုဘာ (၄)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီပေးနိုင်ရန်နှင့် ပြည်သူများအား လုံလောက်စွာ ဖြန့်ဝေပေးနိုင်ရန်အတွက် ဧရာဝတီဖောင်ဒေးရှင်းမှ နှာခေါင်းစည်း Mask စက်ရုံကို တည်ဆောက်ပြီး မကြာမီ ထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပထမဆုံးထုတ်လုပ်ရရှိသည့် နှာခေါင်းစည်း Mask အခုရေ ငါးသန်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ဝင်ငွေနည်းပါးသည့် အခြေခံပြည်သူများအား လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

Flower

#ရန်ကုန်သတင်းဌာနခွဲ
#MRTV