Cele News

ဝေဖန်ခံနေရတဲ့ ဗီဒီယိုကိစ္စ ယုန်လေးပြောပြီ

သရုပ်ဆောင်၊ ဒါရိုက်တာ၊ သရုပ်ဆောင် ယုန်လေးကတော့ ပြီးခဲ့တဲ့လပိုင်းကလည်း သူ့ရဲ့ “ငါတို့အားလုံးရဲ့မြေ” သီချင်း MV ကြောင့် ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ယုန်လေးက သူကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ဇာတ်ညွှန်းရေးခဲ့တဲ့ ကြော်ငြာတစ်ခုကြောင့် အမျိုးသမီးတွေရဲ့ ဝေဖန်ပြစ်တင်ပြောဆိုမှုတွေအပြင် အနုပညာအသိုင်းအဝိုင်းကပါ ပြစ်တင်ရှုံ့ချခြင်းကို ခံနေရတာ ဖြစ်ပါတယ်။

ဝေဖန်နေကြတဲ့သူတွေကိုယုန်လေးက အခုလိုပြောလာခဲ့ပါတယ်။ ယုန်လေးက”Hollywood, Bollywood, Korea နဲ့ Thailand စတဲ့ နိုင်ငံတကာ ဖျော်ဖြေရေးတွေအသီးသီးမှာ ဒီလိုမျိုး ရိုက်ချက်မျိုးတွေနဲ့ ရိုက်ကြတာတွေ ထုနဲ့ဒေးရှိပါတယ်။ကျနော်ကြည့်ဖူးတဲ့ Thai Commercial တစ်ခုဆိုရင် မိန်းခလေးတစ်ယောက်တည်း ဓာတ်လှေကားထဲဝင်လာတာကို အဆောက်အဦးထဲမှာရှိတဲ့ ယောက်ကျားတွေအားလုံးက သွားရည်တွဲလောင်းနဲ့ ဝိုင်းဘူးကြတာမျိုးတောင် ရိုက်ကြပါတယ်။မိန်းမလှလေးတစ်ယောက်ကို ငမ်းရင်း နှာခေါင်းထဲက သွေးထွက်ကျတဲအထိဖြစ်တဲ့ ရိုက်ချက်မျိုးတွေကို ကျနော်တို့ တရုတ်ဟာသကားတွေမှာ အများဆုံးတွေ့မြင်နိုင်ပါတယ်။

Flower

ဒါဟာဖျော်ဖြေရေးသက်သက်ပါ။ ကျနော်တို့ ဘယ်သူ့ကိုမှ စော်ကားနေတာမဟုတ်ပါဘူး။ ရာဇဝတ်မှုတစ်ခု ကျူးလွန်လိုက်တာလဲ မဟုတ်ပါဘူး။ Low Budget Commercial တစ်ခုကို ပေါ့ပေါ့ပါးပါးလေး ရိုက်ကူးထားခြင်းသာဖြစ်ပါတယ်။အောက်က Video Clip ကတော့ နိုင်ငံတကာက Movie တချို့နဲ့ Commercial တချို့ကို နမူနာအနေနဲ့ ပြသခြင်းသာဖြစ်ပါတယ်။ပရိသတ်များကို အစဥ်လေးစားလျှက်ပါ။” ဆိုပြီးပြောလာပါတယ်။

ယုန်လေးကတော့ ဝေဖန်မှုတွေဆက်လက်မြင့်တက်နေပြီ ယောက္ခမ ကပါချွေးမ ရင်သားကို အတင်းငမ်းနေတဲ့ အခန်းတွေထည့်ရိုက်ခဲ့တာကြောင့်ဝေဖန်မှုတွေ ဆက်မြင့်နေတာပဲဖြစ်ပါတယ်။ ယုန်လေးကတော့ စာတွေနဲ့အတူ ဗီဒီယိုဖိုင်လေးပါတင်ပေးခဲ့တာပဲဖြစ်ပါတယ်။ ယုန်လေးတင်ထားတဲ့ ဗီဒီယိုဖိုင်လေးကိုပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။

Video ကြည့်ရန်