Health

နဂါးမောက်သီးနဲ့ ကျန်းမာရေး

နဂါးမောက်သီးနဲ့ ကျန်းမာရေး

နဂါးမောက်သီးဟာ အာဟာရဓာတ်ကြွယ်ဝတဲ့ သဘာဝသစ်သီးတစ်မျိုး ဖြစ်ပါတယ်။ နဂါးမောက်သီး သုံးမျိုးရှိပါတယ်။အနီရောင်အခွံနဲ့ အဖြူရောင်အသား၊အနီရောင်အခွံနဲ့ အနီရောင်အသား၊အဝါရောင်အခွံနဲ့ အဖြူရောင်အသား ဆိုပြီးဖြစ်ပါတယ်။နဂါးမောက်အသီးမှာ ရေဓာတ်၊စွမ်းအင်၊ကာဘိုဟိုက်ဒြိတ်၊ပရိုတင်းဓာတ်၊အမျှင်ဓာတ်၊အဆီဓာတ်၊ဗီတာမင်စီ၊ဗီတာမင်ဘီဝမ်း၊ဗီတာမင်ဘီသရီး၊ဗီတာမင်အီး၊ဗီတာမင်ဘီတူး၊ဗီတာမင်အေ၊ဗီတာမင်ကေ၊ဆိုဒီယမ်၊ပိုတက်စီယမ်၊မဂ္ဂနီစီယမ်၊မီးစုန်းဓာတ်၊သွပ်ဓာတ်၊ကယ်လ်စီယမ်၊သံဓာတ်၊ကြေးနီဓာတ်နဲ့ ဆီလီနီယမ် ဓာတ်တွေ ပါပါတယ်။ဒါတွေအပြင် Phytochemicals လို့ခေါ်တဲ့ ဆေးဖက်ဝင်ဓာတ်ပစ္စည်းတွေလည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။

နဂါးမောက်သီးနဲ့ကျန်းမာရေး

Flower

၁။မောပန်းမှုကိုပျောက်ကာ ရေငတ်ပြေစေခြင်း

နဂါးမောက်သီးမှာ ကာဘိုဟိုက်ဒြိတ် အဓိကအများဆုံးပါဝင်ပြီး မောပန်းချိန်မှာစားရင် ပါဝင်တဲ့ရေဓာတ်ကြောင့် ရေငတ်ပြေစေကာ ကာဘိုဟိုက်ဒြိတ်ကြောင့် မောပန်းမှုကိုပြေပျောက်စေခြင်း၊ စွမ်းအင်တွေရစေခြင်းနဲ့ အမောခံနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။

၂။ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အဆီဓာတ်ကို ဖြည့်ပေးခြင်း

နဂါးမောက်သီး အသားထဲမှာ မြုပ်နေတဲ့ အစေ့တွေထဲမှာပါတဲ့ အဆီဓာတ်တွေက လူတွေရဲ့ကျန်းမာရေးကို အထောက်အကူပြုတဲ့ မရှိမဖြစ်လိုအပ်တဲ့ မပြည့်ဝဆီ တွေဖြစ်ပါတယ်။

၃။ဝမ်းချုပ်တာကို ကာကွယ်ပေးခြင်း

နဂါးမောက်အသီးဟာ အမျှင်ဓာတ်အလွန်ကြွယ်ဝတဲ့ သစ်သီးဖြစ်တာမို့ ပုံမှန်စားရင် ၀မ်းမှန်စေပြီး အူမကြီးကင်ဆာဖြစ်ခြင်းကနေ ကာကွယ်ပေးပါတယ်။ အစေ့တွေမှာပါဝင်တဲ့ မပြည့်ဝဆီတွေဟာလည်း ၀မျးကို ရှောရှောရှူရှူသွားစေဖို့ အထောက်အကူပြုပါတယ်။

၎။ ဓာတ်တိုးဆန့်ကျင်မှုကိုပေးတဲ့ အသီး

နဂါးမောက်သီးမှာပါတဲ့ ဆေးဖက်ဝင်ဓာတ်ပစ္စည်းတွေမှာ ဓာတ်တိုးဆန့်ကျင်မှု အာနိသင်၊အရောင်ကျစေတဲ့ အာနိသင်နဲ့ သွေးထဲမှာမကောင်းတဲ့အဆီတွေ ပိတ်ဆို့မှုမဖြစ်အောင် ကာကွယ်နိုင်တဲ့အာနိသင်တွေရှိပါတယ်။

၅။ကိုယ်ဝန်ဆောင်တွေ မကြာခဏစားသင့်တဲ့သစ်သီး

နဂါးမောက်သီးမှာပါတဲ့ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေက မိခင်နဲ့ကလေးအတွက် လိုအပ်တာမို့ ကိုယ်ဝန်ဆောင်မိခင်တွေ မကြာခဏစားသင့်ပါတယ်။

၆။အူမကြီးကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း

နဂါးမောက်သီး ပုံမှန် စားရင် အူမကြီးကင်ဆာဖြစ်တာကနေ ကာကွယ်ပေးနိုင်ပါတယ်။နဂါးမောက်သီးမှာပါတဲ့ အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ဓာတ်တွေက အူမကြီးကင်ဆာ မဖြစ်ပွားဖို့ တားဆီးပေးပါတယ်။ဒါ့အပြင် နဂါးမောက်သီးမှာပါတဲ့ ဗီတာမင်စီက ကိုယ်ခံအားကို ကောင်းစေပါတယ်။လေ့လာမှုတွေအရ နဂါးမောက်သီးပုံမှန်စားရင် ဆီးကြိတ်ကင်ဆာကိုလည်း တားဆီးပေးနိုင်ပါတယ်။

၇။ဆီးချိုသမားတွေ စားသင့်တဲ့သစ်သီး

နဂါးမောက်သီးပုံမှန်စားရင် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။

၈။သွေးအားနည်းရောဂါမှ ကာကွယ်ပေးခြင်း

နဂါးမောက်သီးမှာ သံဓာတ်အပြည့်အဝပါတာမို့ သွေးအားနည်းတတ်သူတွေ မကြာခဏ စားသုံးသင့်ပါတယ်။

၉။နှလုံးနှင့် အရိုးကျန်းမာရေးကို ကောင်းမွန်စေခြင်း

နဂါးမောက်သီးမှာ မဂ္ဂနီစီယမ်နဲ့ ဗီတာမင် တွေပါတာမို့ နှလုံးကျန်းမာရေးကို အထောက်အကူပြုသလို ကယ်လ်စီယမ်ပါတာမို့ အရိုးကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။သွေးတိုးကိုလည်း ထိန်းပေးပါတယ်။

၁၀။အရေပြားကို လှပစေခြင်း

နဂါးမောက်သီးမှာပါတဲ့ဓာတ်တိုးဆန့်ကျင့်ဓာတ်တွေနဲ့ ဗီတာမင်တွေကြောင့် အရေပြားကျန်းမာရေးကို အထောက်အကူပြုကာ အရွယ်တင်နုပျိုစေနိုင်ပါတယ်။

၁၁။မျက်စိရောဂါမှ ကာကွယ်ပေးခြင်း

လေ့လာမှုတွေအရ နဂါးမောက်သီးမှာပါတဲ့ ဘီတာကယ်ရိုတင်းက မြင်လွှာပျက်စီးခြင်းနဲ့ ရတေိမျေ
ာဂါဖြစ်ခြင်းတွေကနေ တားဆီးပေးပါတယ်။

၁၂။နာတာရှည်ရောဂါသမားတွေအတွက် ဓာတ်စာ

နဂါးမောက်သီးမှာပါတဲ့ အာဟာရဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ဓာတ်တွေက နာတာရှည်ရောဂါသမားတွေ ကို ရောဂါမကြာခဏ မထအောင် ကာကွယ်ပေးနိုင်ပါတယ်။ပန်းနာရောဂါသည်တွေ မကြာခဏစားရင် ရင်ကြပ်တာကို ကာကွယ်ပေးပါတယ်။

ဟမ်စိုင်း(ဆေး-မန်း)
Health updates journal
21.9.2018