Health

လူနာအမှတ်၂၅ ဦးသန့်ဇင်(သဲအင်း၃၂ယောဂီ) ရေးသည်

လူနာအမှတ်၂၅ ဦးသန့်ဇင်(သဲအင်း၃၂ယောဂီ) ရေးသည်

ကိုဗစ်ပိုးတွေ့လူနာ(၂၅)ရဲ့ရောဂါတွန်းလှန် ကျော်ဖြတ်ခဲ့တဲ့ အတွေ့အကြုံ
====================
(ရောဂါစတင်ခံစားရပုံ)
ဝမ်းလျောခြင်း
အဖျားငွေ့ငွေ့ရှိခြင်း
ခန္ဓာကိုယ်ကိုက်ခဲ၍မအီမသာဖြစ်ခြင်း
လည်ချောင်းယား၍ချောင်းခဏခဏဆိုးခြင်း
အသက်ရှုမဝခြင်း
ရင်ခေါင်းတွင်အစာမကြေသလိုတစ်စို့စို့ဖြစ်ခြင်း
(ရောဂါအခံများရှိခြင်း)
ဆီးချိုနှင့်သွေးတိုးရောဂါ
အစာအိမ်ရောဂါ
အသဲအဆီဖုံးရောဂါ
နှလုံးခုန်မမှန်(မြန်နေခြင်း)

ကျွန်တော်သည် အထက်ပါ လဏ္ခာများပြသနေသောကြောင့် အောင်ရတနာဆေးရုံသို့5-4-2020နေ့တွင်တကြိမ် 8-4-2020နေ့ညနေပိုင်းတွင်ပုံမှန်ပြသနေသော ဆရာဝန်ကြီးနှင့်သွားရောက်ပြသခဲ့ပါသည်
ဝေဒနာများပို၍ခံစားလာရကြောင်း ဆရာဝန်ကြီးအားပြောပြပါတယ် ဆရာဝန်ကြီးမှသံသရရှိလျှင် ပိုးစစ်ရန် ရန်ကုန်ဆေးရုံကြီးသို့သွားရန်ညွှန်ကြားခဲ့ပါတယ် သီးသန့်ခန်းထဲတွင်ထား၍အောင်ရတနာဆေးရုံကားဖြင့် ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို့ည(၁၀)နာရီခန့်တွင်ရောက်ပါသည် သွေးစစ်ခြင်း ဓါတ်မှန်ရိုက်ခြင်း အာခေါင်ပိုး နှာခေါင်းပိုးယူစစ်ဆေးခြင်းများပြုလုပ်ပါတယ် အသက်ရှုမမှန်သဖြင့် အောက်စီဂျင်ပေးထားပါတယ်

Flower

9-4-2020နေ့ည(၁၁)နာရီခွဲတွင်ပိုးစစ်အဖြေများလာပြောကြပါတယ် ကျွန်တော်မှာ ကိုဗစ်(Positive) တွေ့ပါသည်တဲ့ ခဏနေ ဝေဘာဂီဆေးရုံကြီးသို့ရွှေ့ရမည်ဟုပြောပါတယ် ခဏကြာတော့ ရန်ကုန်ဆေးရုံအုပ်ကြီးဖုန်းဆက်လာပါတယ်(၁၄)ရက်အတွင်းခရီးသွားရာဇဝင်မေးပါတယ်

(23-3-2020)မြိတ်မြို့သို့လေယာဉ်ဖြင့်ခရီးသွားခဲ့ပါတယ်(25-3-2020)ရက်နေ့လေယာဉ်ဖြင့်ပြန်ခဲ့ပါတယ် အစက(26)ရက်မှပြန်ရန်လေယာဉ်လက်မှတ်ဝယ်ထားပြီးသားပါ (23-3-2020)နေ့မြိတ်ရောက်တော့ မြန်မာနိုင်ငံမှာပိုးစတွေ့လူနာ(၁)ရဲ့သတင်းTVမှာကြားလိုက်ရ၍အိမ်ကိုစိတ်ပူပြီး လေယာဉ်လက်မှတ်ပြန်ရွှေ့ပြီး(25)ရက်နေ့စောပြန်လာခဲ့ပါတယ်

(23-3-2020)နေ့မှစ၍အိမ်အဝင်အထွက်များအားလုံးပိတ်(Lock down)ချထားတာပါ ကျွန်တော် ရဲ့ဆိုင်တွေကိုလည်း(20-3-2020)နေ့ထဲကပိတ်ထားခဲ့တာပါ ကျွန်တော်မှာရောဂါအခံများရှိ့နေ၍မိသားစုများအပြင်သို့မထွက်ကြပါ သတိထားဂရုစိုက်နေထိုင်ခဲ့ကြပါသည်(1-4-2020)နေ့ညနေတွင်မိသားစုအတွက် သံဈေးသို့ဟင်းချက်စရာများသွားဝယ်ခဲ့ပါတယ် တခြားဘယ်နေရာမှမသွားခဲ့ပါဟုပြောခဲ့ပါတယ် ခဏနေတော့တိုင်းကျန်းမာရေး မြိုနယ်ကျန်းမာရေးဌာနဖုန်းများဆက်တိုက်ဝင်လာကြပါတယ် မိသားစုဘယ်နှစ်ယောက်ရှိလဲ နိုင်ငံခြားခရီးစဉ်သွားတာရှိလား(မရှိပါ)ပြည်တွင်းခရီးထွက်တာရှိလား(မြိတ်မြို့သို့သွားပါတယ်)မြိတ်ဘယ်မှာတည်းလဲ(အိမ်တော်ဖြူ ဟိုတယ်မှာ၂ညအိပ်၃ရက်နေခဲ့ပါတယ်)မြိတ်ဘယ်နေရာတွေသွားသေးလဲ(မဂ်လာဆောင်မှာဓာတ်ပုံခဏသွားရိုက်ခဲ့ပြီး ညစာစားပွဲသွားခဲ့ပါတယ် တခြားဘယ်မှမသွား ဟိုတယ်မှာဘဲနေခဲ့ပါတယ်)ဘာလုပ်ငန်းလုပ်တာလဲ(ရတနာဆိုင်)နိုင်ငံခြားသားများနှင့်ထိတွေ့မှု့ရှိလား(မရှိပါ-20-3-2020နေ့ကတည်းကဆိုင်ပိတ်ထားပါတယ်)ဟုဖြေကြားခဲ့ပါတယ် ခဏကြာတော့ ဝေဘာဂီဆေးရုံအုပ်ကြီးဖုန်းဆက်လာပါတယ် ခဏနေကားလာကြိုမည်ဖြစ်ကြောင်း

ရန်ကုန်ဆေးရုံကြီးမှဆရာဝန်တဦးမှPPEဝတ်စုံလာဝတ်ပေးပါတယ် နာရီဝက်ခန့်အကြာမှာ ကျန်းမာရေးဝန်ကြီးဌာန အရေးပေါ်လူနာကားဖြင့်ကျွန်တော်အားဝေဘာဂီဆေးရုံးကြီးကိုခေါ်လာခဲ့ပါတယ် ဆေးရုံအဝရောက်တဲ့အခါပိုးသတ်ဆေးများအနှံ့ဖြန်းပြီးPPEဝတ်စုံကိုချွတ်ခိုင်းပြီး အမှိုက်ပုံထဲထည့်ခိုင်းပါတယ် ပြီးတော့ ကျွန်တော် အား ပထမထပ် အခန်း(၃)သို့ဓါတ်လှေခါးဖြင့်တက်သွားရန်ပြောပါတယ် ဆေးရုံက ဆောက်လုပ်ဆဲဖြစ်နေ၍ဓာတ်လှေခါးအသစ်မီးမရှိသေးပါ မှောင်မဲနေပါတယ် ကျွန်တော် တယောက်ထဲတက်သွားရပါတယ် ဓာတ်လှေခါးမှထွက်သည်နှင့်အခန်း(၃)ကိုတွေ့ပါတယ် အခန်းကျယ်ကြီးမှာ လူနာကုတင်(၃)လုံးတွေ့ပါတယ် ဘယ်သူမှမရှိ ကျွန်တော်တယောက်တည်းနေရပါတယ်

တိတ်ဆိတ်ငြိမ်သက်နေတဲ့ည၂နာရီခန့်မှာခွေးအူသံများစကြားရပါတော့တယ် ကုတင်အမှတ်(01)မှာနေရာယူပြီးမေတ္တာပို့အမျှဝေ၍တရားမှတ်နေလိုက်ပါတယ် (တရားအားမထုတ်ခင်အရင်ကစိတ်သည် အလွန်ကြောက်တတ်၍အားငယ်စိတ်ရှိပါသည် တယောက်တည်းမနေရဲပါ အလွန်ကြောက်စိတ်နှင့်လန့်ပြီးသွေးတိုး၍တခုခုဖြစ်နိုင်ပါတယ် ~တရားအားထုတ်ထား၍မိမိစိတ်လေးငြိမ်နေတာတွေ့ရပါတယ်)အခန်းကကျယ်ပြီး အဲယားကွန်း၂လုံးတပ်ဆင်ထားပါတယ် သန့်ရှင်းသပ်ရပ်ပြီး လူနာအတွက် ရေချိုးခွက် ဆပ်ပြာရည် သွားတိုက်ဆေး သွားတိုက်တံ ထမင်းစားပန်းကန်နဲ့ဇွန်း Maskတထုပ်ထားပေးပါတယ် လူနာများကိုစောင့်ကြည့်ရန်CCTVတပ်ဆင်းထားပါတယ် ဆရာဝန်များနဲ့လူနာများဆက်သွယ်ရန်ဖုန်းတလုံးထားရှိပါတယ်

(တရားဓမ္မဖြင့်ကျော်ဖြတ်ခြင်း)
ကျွန်တော် ရန်ကုန်ဆေးရုံကြီးမှာပိုးစတွေ့သွားကတည်း နှလုံးသွင်းပွားများလိုက်ပါတယ်(ငါသည် ဒီရောပိုးနဲ့မသေလည်း တခြားရောဂါတခုခုနှင့်တနေ့နေ့တော့ သေမှာဘဲ)ဒါကြောင့် ကြောက်တဲ့စိတ်မရှိခဲ့ပါ စိုးရိမ်ကြောင့်ကြမှု့စိတ်မှာမဖြစ်ခဲ့ပါ တယောက်တည်းနေ တစိတ်ထဲထားပြီး ဒီကုတင်ကြီးပေါ်မှာ သတိကပ်၍နေရပါတော့သည် (ကံကောင်းသည်က ကျွန်တော်တို့ သာသနာပြုဖက် ဓမ္မမိတ်ဆွေတွေစုပြီး မနက်၎နာရီထပြီးနေ့စဉ် ဦးကျော်ဟိန်း+ဒေါ်မြဒါယုတို့နေအိမ်တွင်တရားထိုင်ပြီး ကျေးဇူးတော်ရှင် အောင်လံဆရာတော်ဘုရားကြီး၏စိတ္တာနုပဿနာရှုကွက်ဖြင့် စိတ်လေးတွေကိုရှုခဲ့ကြတဲ့ အကျိုးတွေကများစွာအထောက်အပံပေးခဲ့ပါတယ် အဓိက အာနာပါန အခြေခံကျင့်စဉ်မှာ အရှုဈာန်ရဘူးခြင်းကလည်း အဆုတ်ရောင်ရောဂါကိုအေးဆေးစွာဖြင့် အသက်ရှုကြပ်စဉ်ခဏမှာတွန်းထုတ်နိုင်ခြင်း မဟာပလ္လင်၅နာရီကျင့်ခဲ့စဉ်က မိမိရဲ့စိတ်လေး ကလိကလိဖြစ်တဲ့စိတ် အချိန်မျှော်တဲ့စိတ် စိတ်မရှည်ချင်တဲ့စိတ်တွေကိုသည်းခံကျော်ဖြတ်စွာရှု့ခဲ့ပြီး နောက်ဆုံးမှာ ရုပ်ကြီးက ကျောက်တုံးကြီးပမာ အတုံးအခဲကြီးဖြစ်ပြီး စိတ်လေးငြိမ်နေတာကိုရခဲ့ဘူးတဲ့ အကျိုးများဟာ ကိုဗစ်ပိုး ကိုတိုက်ထုတ်ရာမှာ ကျင့်ထားတဲ့တရားများကအကျိုးအများကြီးပြုပါတယ် ကျေးဇူးတော်ရှင်အောင်လံဆရာတော်ကြီးရဲ့ တရားရှု့ကွက်တွေက လိုခြင်း ပိုခြင်းလုံးဝမရှိပါ အရေးကြုံလာတဲ့အခါသူ့နေရာနဲ့သူအသုံးဝင်ပါသည် ဒါကြောင့်ဒီရုပ်ကြီးကဘယ်လိုပင်ဖေါက်ပြန်နေပါစေ ကျွန်တော် အေးချမ်းစွာဖြင့်စိတ်အစဉ်ကိုသတိထားလိုက်ရှု့မှတ်နေတာ မနက်မိုးလင်းသွားတာတောင်မသိလိုက်ပါဘူး

မနက်ဆရာဝန်တွေPPEဝတ်စုံများဖြင့်အခန်းထဲဝင်လာပြီး နူတ်ဆက်စကားဆိုကြတယ်(မဂ်လာပါ ဦးသန့်ဇင် နေကောင်းလား ဟုတ်ကဲ့ မဂ်လာပါ) သွေးပေါင်ချိန်ခြင်း အဖျားတိုင်းခြင်း ဆီးချိုသွေးဖေါက်ခြင်းတို့ပြုလုပ်ပေးကြပါတယ် ခဏနေမနက်စာလာပို့ပေးရင်းဆေးသွင်းရန်အကြောထဲသို့အပ်လာထည့်မည့်အကြောင်းပြောပါတယ် ခဏနေPPEဝတ်စုံများဖြင့် သူနာပြုဆရာမများထမင်းကြော်လာပို့ပေးရင်း သွေးဖေါက်ခြင်း သွေးကြောအပ်သွင်းခြင်းတို့ပြုလုပ်ကြပါတယ် တနေ့ကိုဆေး၃လုံးသွင်းပေးပါတယ် အကြောထဲသို့မနက်တကြိမ်ညနေတကြိမ်ဆေးလာထိုးပေးကြပါတယ်

ဆေးရုံတက်သည့်အစ၃ရက်အစာမစားနိုင်ပါ အစာအိမ်ကြောင့် စားသမျှပြန်အန်ထွက်ပါတယ် ထမင်းမစားနိုင်၍ ဆန်ပြုတ်ပို့ပေးပါတယ် ဝမ်းကလည်းတနေ၃ကြိမ်၎ကြိမ်သွားတော့ ကိုယ်ခံအားကျနေတာပေါ့ တရားကိုနှလုံးသွင်းနေတော့လည်းစိတ်ကတော့လန်းနေတာပေါ့

ဆေးရုံတက်ပြီး၂ရက်နေတော့အခန်းထဲ လူနာတယောက်ထပ်ရောက်လာပါတယ် အသက်၆၀ ကျော် သူလည်းဆီးချိုနဲ့သွေးတိုးရောဂါရှိတယ် ဖျားပြီးဝမ်းတွေလျောနေတယ်

၃ရက်မြောက်နေ့မှာလူနာတယောက်ထပ်ရောက်လာပြန်တယ် သူကသွေးတိုးနဲ့နှလုံးရောဂါရှိတယ် နဲနဲဖျားနေတယ် ကျွန်တော်ကတော့မဖျားတော့ဘူး ချောင်းဆိုးနေတယ် ကျွန်တော်တို့အခန်းထဲမှာရောဂါအခံရှိတဲ့သူတွေကြီးဘဲ ကျွန်တော်အများဆုံး၅မျိုး😁

ကျွန်တော် တို့လူနာ၃ယောက်လုံးတယောက်တမျိုးဝေဒနာပြင်းနေကြတဲ့အချိန်မှာ အသက်၆၀ကျော်လူနာဝမ်းသွားများပြီး အားပြတ် ညသန်းခေါင်ကျော်၃နာရီခန့်မှာ အိမ်သာသွားရင်း ပစ်လဲကြသွားတာဝုန်းကနဲ လန့်သွားတယ် ခန္ဓာကိုယ်ယိုင်သွားလို့ သူကအောက်စီဂျင်အိုးကြီးကို လှမ်ဖက်လိုက်တာ အိုးကြီးပါလှဲကျပြီး သူ့ကိုပိနေတာ လူနာအချင်းချင်းကူညီကြ စိတ်ပူပြီးဆရာဝန်တွေကို ဖုန်းဆက်အကြောင်းကြားပါတယ်PPEတွေချွတ်ထားတဲ့အချိန်ဖြစ်နေတော့အခန်းအဝမှာဆေးသွားယူပေးရတယ် ဝမ်းကမရပ်တော့ သူပါလာတဲ့အဝတ်တွေမလောက်တော့လို့ စောင်ပတ်ပြီးနေရတာပေါ့ နောက်နေ့အားတွေအရမ်းနည်းနေလို့ ICUထဲခေါ်သွားရပြီ သူကသွားခါနီးပြောသွားသေးတယ် ခင်ဗျာကျတော့ဘာမှမဖြစ်ဘူး ရောဂါအခံတွေများပြီး

အဲ့ဒီနေရာမှာ စိတ်ချင်းကွာသွားပုံလေးကို မြင်လိုက်တယ် သူကဝေဒနာပြင်းတဲ့အချိန်မှာ စိတ်တွေယောက်ယက်ခတ်နေတော့ ဝေဒနာပိုးဆိုးလာတယ် စိတ်မရှည်ဒေါသတွေထွက်လေ ပိုပြီးခံရလေဖြစ်နေတာ ကျွန်တော်က ဝေဒနာကို သည်းခံပြီး စိတ်ငြိမ်ငြိမ်လေးနဲ့တရားရှု့မှတ်သွားတာလေ
ကျေးဇူးတော်ရှင် အောင်လံဆရာတော် ဘုရာကြီးရဲ့မဟာပလ္လင်ရှု့ကွက်လိုဘဲ(ကျင့်ဘူးတဲ့ယောဂီတွေ သိပါတယ် လှုပ်လေဆိုးလေ ရုပ်ကိုမဲရှု့လေ ပိုဆိုးလေ)စိတ်ကဖြစ်နေတာ (စိတ်ကဘဲအရာရာကို လိုက်ညွှတ်ပြီး ခံစားနေတာသူမသိရှာဘူး)ကျွန်တော်လည်း ဝေဒနာပြင်းတာပေါ့ ဒီလိုဘဲ ပေါ်လာသမျှ ဝေဒနာ တွေကို သည်းခံပြီး စိတ်ရှည်ရှည်ထားရတာပေါ့ ဘယ်အရာမှကိုယ်မပိုင်ဘူးလေ ဒီခန္ဓာကိုယ်ကြီး က သူ့သဘောသူဆောင်နေတာလေ
ကျေးဇူးတော်ရှင် အောင်လံဆရာတော်ဘုရားကြီးရဲ့ဆိုဆုံးမစကားတွေတရားတော်တွေ က အရေးတကယ်ကြုံလာတော့ ဥာဏ်ထဲမှာလာပေါ်နေတာ ဆရာတော်ကြီးရဲ့တရားတော်နဲ့ရှု့ကွက်တွေဟာ သူ့နေရာနဲ့သူ အလွန်အသုံးဝင်နေတာတွေ့ရပါတယ်

ဆေးရုံတက်ပြီ၂ရက်နေတော့ဆရာတော်ကြီးထံဖုန်းဆက်လိုက်တာ ဒကာကြီး အာနာပါနပြန်ရှုပေးပါတဲ့ ဆရာတော်ကြီးဘာလို့ အာနာပါနပြန်ရှုခိုင်းတာလဲပေါ့ ဆရာခိုင်းတာလုပ်မယ်လေ ဆရာလိုအပ်လို့ခိုင်းတာနေမှာပါ ထင်တဲ့အတိုင်းပါ ညအိပ်ယာပေါ်လှဲလိုက်တော့ ပလက်အိပ်တာမောလာတယ် အဆုတ်ကရောင်နေတာကို ဒါနဲ့ပြန်ထပြီး ဝင်လေထွက်လေကို သတိထားပြီး လေကိုခပ်ပြင်ပြင်ရှုပေးလိုက်တယ်(အာနာပါနရှု့ကွက်အတိုင်း)ကျင့်လိုက်တာ မောနေတာတွေလဲပျောက်သွားတယ် အသက်ရှုလမ်းကြောင်းတွေလဲပွင့်သွားတယ် ရင်ခေါင်းနဲ့ကြောကုန်းတင်းကြပ်နေတာတွေလဲ သက်သာသွားတယ် အဆုတ်ကအောက်စီဂျင်အပြည့်ရသွားတယ် အာနာပါနအခြေခံကျင့်စဉ်ရှု့ကွက်တွေကိုလည်း ပေါ့သေးသေးမထင်ပါနဲ့ သူ့နေရာနဲ့သူအရမ်းတန်ဘိုးကြီးပါတယ် (ဆရာတော်ကြီးရဲ့တန်ဘိုးရှိတဲ့ဆုံးမစကား***သူ့အလုပ်သူလုပ်လိမ့်မယ် ဒကာကြီးကိုယ်အလုပ်ကိုယ်လုပ်ပါတဲ့***)မှန်လိုက်တာ ဒီခန္ဓာကြီးက သူ့အလုပ်သူလုပ်နေတာ ကိုယ်ကလည်းသတိကပ်ပြီး ပေါ်လာသမျှစိတ်တွေကိုရှု့လိုက်(စိတ္တာနုပဿနာ သတိပဋ္ဌာန်ရှု့မှတ်ရင်း) အဆုတ်အားကောင်းအောင် အာနာပါနလေရှုခြင်းကိုတနေ့(၂)ကြိမ်ကျင့်ပြီးဆေးရုံပေါ်(၃၂)ရက်တာကာလကို အေးချမ်းစွာတရားဓမ္မဖြင့်ကျော်ဖြတ်ခဲ့ပါတယ်

***(ချမ်းသာ တာလည်းဒီစိတ်-ဆင်းရဲတာလည်းဒီစိတ်ပါဘဲ)***
ကိုဗစ်ရောဂါကိုခုခံရာမှာ စိတ်ဓါတ်ခွန်အားများရှိရန်လိုအပ်ပါတယ်
(***ဓမ္မကိုစောင့်ရှောက်တော့***ဓမ္မကပြန်လည်၍အကျိုးပေးစောင့်ရှောက်ခြင်း***)
တကယ့်အရေးကြုံလာတော့ ကိုယ်လုပ်ထားတဲ့ ကုသိုလ်ကောင်းမှုများ အကျိုးပေးတာကို အံ့သြစရာ ကောင်းအောင်တွေ့မြင်ရပါတယ် ကျွန်တော်သည် အောင်လံဆရာတော်ဘုရားကြီးနှင့်အတူလက်တွဲ၍ရန်ကုန်တရားစခန်းများစတင်ဖွင့်လှစ်သည်မှယနေ့အထိ တရားစခန်းဝင် တရားကျင့်ကြသော ယောဂီများကို တရားရစေရန်စိတ်စေတနာအပြည့်ဖြင့် ဝိုင်းဝန်းစောင့်ရှောက်ပေးခြင်း တရားထိန်း တရားထောက်ပေးခြင်းများက အရေးကြုံတော့ ကျွန်တော်ကိုပြန်၍အကျိုးပြုသည် (ကိုဗစ်ပိုးစတွေ့ပြီဆိုတာနဲ့ကျွန်တော် သာသနာပြုခဲ့သည်များကို သစ္စာဆိုခဲ့ပါတယ်)

ကျွန်တော်ကို ရန်ကုန်ဆေးရုံကြီးမှဝေဘာဂီဆေးရုံကြီးသို့ခေါ်သွားသည့်အချိန် အိမ်ကမိသားစုအားလုံးကိုမြို့နယ်ကျန်းမာရေးဌာနမှQuarantine ဝင်ရန်ခေါ်သွားပါတယ် ကျွန်တော်ကိုအိမ်မှပံပိုးပေးမည့်သူ တယောက်မျှမရှိတော့ပါ ဤအချိန်တွင် ကံကောင်းထောက်မစွာဖြင့် ဓမ္မမိတ်ဆွေများ အန်ကယ်ဦးသာဌေး+အန်တီဒေါ်ကြည်ခင် မိသားစုများက အစားအသောက်နှင့်အသုံးအဆောင်ပစ္စည်းများပို့ပေးခြင်း ကိုဇော်မင်းထွဋ်+မတင်မာစန်း မိသားစုများကဆေးရုံစတက်စဉ်မှဆေးရုံဆင်းသည်အထိ ကျွန်တော်နှင့်Quarantineရောက်နေကြသောမိသားစုများကိုပါ အစားအသောက်များ အသုံးအဆောင်ပစ္စည်းများပို့ပေးကြပါတယ်

ဆေးရုံတက်ပြီး၂ရက်မြောက်နေ့မှာFbမှာကျွန်တော်၏သတင်းကြား၍ ဓမ္မမိတ်ဆွေဒေါ်ရှု့ချင်မှ ကျမတို့ကို တရားစခန်းမှာစောင့်ရှောက်ပေးသော ကျေးဇူးတွေကို ကျမကုသိုလ်လေးပြန်ပြုပါရစေဟုပြောလာပါတယ် သဘာဝဌက်သိုက်ပေါင်းပြီးပို့ပေးချင်ပါသည်ဟုပြောကာ ဆေးရုံတက်စဉ်မှဆေးရုံဆင်းပြီးအိမ်ရောက်သည်အထိပို့ပေးပါတယ် အစာမဝင်သည့်အချိန် ဌက်သိုက်ပေါင်း ကြက်စွတ်ပြုပ် ဆိတ်စွတ်ပြုပ်များကအားရှိစေပြီးကိုယ်ခံအားပြန်ရှိလာစေပါတယ် အထူးသဖြင့် ခန္ဓာအားကျနေချိန်မှာ အသက်ကယ်ရှင်ဆေးတိုက်မှဆရာမကြီး ဒေါ်နုနု၏ အစာအိမ် ဆီးချို သွေးတိုး ပန်းနာရင်ကြပ် ဆေးယဉ်ပါးတီဘီ ကိုယ်ခံအားကောင်း အဆုတ်ရောင်ရောဂါသက်သာပျောက်ကင်းစေသော ပျားရည်နှင့်ချက်ထားသော ဖြည့်စွက်စာဆေးပို့ပေးပါတယ်(ထမင်းစားဇွန်း၂ဇွန်းတနေ့၃ကြိမ်သောက်ရပါတယ် အဂ်လိပ်ဆေးနဲ့နာရီဝက်ခြားပြီးသောက်လိုက်ပါတယ်)၃ရက်(၁၈)ဇွန်းသောက်ပြီးအချိန်မှာ ထမင်းကောင်းကောင်းစားဝင်ပြီးအစာမကြေခြင်း ချောင်းဆိုခြင်းများမရှိတော့ဘဲအားပြန်ရှိလာပါတယ် ဆေးပုလင်းတဝက်ကုန်သည့်အချိန်တွင် ဓါတ်မှန်ပြန်ရိုက်ရသည့်နေ့နှင့်ကြုံသွားပါတယ် အဆုတ်ပြန်ကောင်းနေပါပြီ ဆေးပုလင်းတလုံးကုန်သည့်အချိန်တွင် ပိုးပြန်စစ်သည့်နေ့နှင့်ကြုံပါသည် ပထမအကြိမ်Negativeအဖြေထွက်ရှိပါသည်

ဆေးသွင်းခြင်းဆေးထိုးခြင်းများရပ်လိုက်ပါပြီ ဆရာဝန်ဆရာမများမှသွေးဖေါက်စစ်ဆေးခြင်း(ဒု)အကြိမ်စစ်ပါသည် သွေးတိုးရောဂါအခံကြောင့် သွေးခဲမှု့နူန်းမြင့်နေသောကြောင့် ဝမ်းဗိုက်ကို သွေးကျဲဆေး(၇)ရက်မနက်တိုင်းထိုးပါတယ် (၈)ရက်မြောက်နေ့မှာ ပိုးထပ်စစ်ပါတယ်(၂)ကြိမ်မြောက်Negativeအဖြေထပ်ထွက်ပါတယ် နောက်နေ့မနက်သွေးစစ်ဖို့သွေးထပ်လာယူပါတယ်
(*အံ့သြစရာကောင်းပြီး ကုသိုလ်ထူးနှင့်ကြုံပြီ*)
ကျွန်တော်တွင် ကိုဗစ်ရောဂါပိုးကင်းစင်ပြီး ကျွန်တော်၏သွေးတွင် ရောဂါကိုပြန်လည်ခုခံတိုက်ခိုက်နိုင်သည့် ပဋိပစ္စည်း(Immune)များပေါ်ထွက်လာပါသည် ကျွန်တော်၏သွေးရည်ကြည်ဖြင့် မကျန်းမာသေးသောလူနာများကို ပြန်လည်ကုသနိုင်ပါသည်တဲ့ သွေးလှူဒါန်းနိုင်ပါသလား မလှူချင်လဲရပါတယ် ဦးသန့်ဇင်သဘောပါလို့ ဆရာဝန်မှပြောပါတယ် ကျွန်တော်မှအားရဝမ်းသာစွာဖြင့် အခုချက်ခြင်းလှူပါမည်ဟုပြောလိုက်ပါတယ်ဝမ်းသာပီတိစိတ်လေးဖြစ်ပြီးပျော်နေမိပါတယ် နောက်နေ့သွေးစစ်ရန်လာယူပါတယ် (ပိုးကင်းစင်သည့် သူတိုင်းလည်းသွေးလှူဒါန်း၍မရပါ)မွန်မြတ်တဲ့ ကုသိုလ်ရပါပြီဗျာ

PPEဝတ်စုံများဝတ်၍ တနေကုန်လူနာများကိုစေတနာအပြည့်နဲ့စောင့်ရှောက်ပေးကြသော ဝေဘာဂီဆေးရုံကြီးမှ ဆရာဝန်ဆရာမများ သူနာပြုများVolunteerများ တကယ်ကိုလေးစားတန်ဘိုးထားကျေးဇူးအထူးတင်ရပါတယ်ဗျာ PPEဝတ်စုံဟာ ခဏလေးဝတ်တာတောင် အသက်ရှုမဝခြင်း ချွေးများထွက်ခြင်းခံစားရပါတယ်(ကိုယ်တွေ့ပါ)ဆရာဝန်ဆရာမများ သူနာပြုများVolunteerများဟာ လူနာများကိုလိုလေသေးမရှိအောင် အထူးဂရုစိုက်ကြပါတယ် ညနေပိုင်းရောက်ရင် အရမ်းကိုပင်ပန်းနေကြပါပြီ မောတဲ့သူကမော မူးတဲ့သူကမူးဖြစ်ကြတာတွေ့ရပါတယ် ကိုဗစ်ရောဂါပိုးတိုက်ခိုက်ကာလတွင်မြန်မာနိုင်ငံသည် ကမ္ဘာပေါ်မှာမေတ္တာစေတနာကြီးမားပြီးစီမံဆောင်ရွက်ကုသထိန်းသိမ်းမှု့အကောင်းဆုံးနိုင်ငံဟုချီးကျူးရပါမည်
ပိုးတွေ့လူနာတွေ့သည်နှင့်ချက်ချင်းခေါ်၍ဆေးဝါကုသပေးခြင်း ထိတွေ့ဆက်စပ်သူများကိုQuarantine (၂၁)ရက်ထားရှိခြင်း ပိုးစစ်ဆေးပေးခြင်းများသည် ရောဂါထိန်းချုပ်ရေးကိုအလွန်ထိရောက်စေပါတယ်

ကျွန်တော် ဆေးရုံတက်နေစဉ် မိတ်ဆွေတဦး၏သားသည် အလွန်သန့်ရှင်းသောနိုင်ငံကြီးတခုတွင်နေထိုင်ရင်း ကိုဗစ်ရောဂါပိုးကူးစက်ခံရပါတယ် ဆေးရုံကိုဖုန်းဆက်အကြောင်းကြားရာ အိမ်မှာဘဲနေထိုင်ရန်ပြောပါတယ် အသက်ရှုကြပ်မှဖုန်းထပ်ဆက်ရန်ပြောပါတယ် အသက်ရှုအရမ်းကြပ်မှလူနာကားလာခေါ်ပါတယ် lCUတွင်၃ရက်ခန့်အကြာသေဆုံးသွားပါတယ် မြန်မာနိုင်ငံလိုအနီးကပ်စောင့်ကြည့်ကုသမှု့မပေးကြပါ

ပိုးတွေလူနာများကိုအားပေးစကားဆိုခြင်း စေတနာအပြည့်ဖြင့်ကူညီစောင့်ရှောက်ပေးခြင်းများဟာ လူနာများရဲ့စိတ်ခွန်အားကိုရှိစေပါတယ် ကိုဗစ်ရောဂါပိုးခုခံတိုက်ခိုက်ရာမှာ စိတ်ခွန်အားတွေအများကြီးရှိဘို့အထူးလိုအပ်ပါတယ် ဒီရောဂါပိုးကိုမည်သူမှကူးစက်မှု့မဖြစ်ချင်ပါ ပိုးတွေ့လူနာများကိုခွဲခြားဆက်ဆံခြင်း ဖေးမကူညီခြင်းမရှိဘဲ စိတ်ဓါတ်ကြစေမည့်စကားများ(မဟုတ်မမှန်ကောလဟာလ)များပြောဆိုခြင်းများမပြုလုပ်သင့်ပါ ကိုယ်ချင်စာတရားထား၍ပြောဆိုဆက်ဆံသင့်ပါသည်
ကျွန်တော်ကြောင့်ကူးစက်သူ တဦးတယောက်မှမရှိခဲ့ပါဗျာ

ဆေးရုံတက်နေစဉ် မေတ္တာပို့သ ဆုတောင်းသတင်းမေးကြသော ကျေးဇူးတော်ရှင် အောင်လံဆရာတော်ဘုရားကြီးနှင့်တကွဆရာတော်ကြီးများတိုက်ခွဲ(၃၂)သဲအင်းဂူရိပ်သာကြီးမှ သံဃာတော်များ သီလရှင်ဆရာကြီးနှင့်ဆရာလေးများ ဥပဌာကအဖွဲ့များ ဓမ္မမိတ်ဆွေများ ဆေးရုံသို့အထွေထွေအသုံးအဆောင်ပစ္စည်းများနဲ့အစားအသောက်များလှူဒါန်းပို့ဆောင်ပေးကြသူများ ဖုန်းဆက်၍အားပေးစကားဆိုကြသူများ ကျွန်တော်နှင့်လူနာများကိုစေတနာအပြည့်ဖြင့် ဆေးဝါးကုသပေးသော ဝေဘာဂီဆေးရုံကြီးမှဆေးရုံအုပ်ကြီးနှင့်သမားတော်ဆရာဝန်ကြီးများ ဆရာဝန်ဆရာဝန်မများ စစ္စတာကြီးနှင့်သူနာပြုများVolunteerများ ကျန်းမာရေးဌာနဝန်ထမ်းများ ကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးအများကြီးတင်လျှက်ဖြင့်

လူနာအမှတ်(၂၅)

ဒီပို့(စ်)လေးဖတ်ပြီးလျှင်ကူညီသောစေတနာဖြင့်(Share)ပေးကြပါခင်ဗျာ