Health

မုဒုံမှဆရာဝန်တွေ Q ထပ်ထိပြန်ပြီ😪

22.9.2020 ရက်နံနက်(၈)နာရီ ထုတ်ပြန်ချက်အရ
မွန်ပြည်နယ်မှ ပိုးတွေ့လူနာ ထပ်တိုး (၃)ဦးမှာ –

မော်လမြိုင်မြို့ ဇေယျာသီရိရပ်ကွက်
ဇေယျာ-၁ သီရိ(၃)လမ်းမှ အမျိုးသမီး (၁)ဦး နှင့် မုဒုံမြို့နယ် ကမာဝက် သိမ်ကုန်းရပ်မှ အမျိုးသမီး(၂)ဦးတို့ ဖြစ်ပါသည်။

မော်လမြိုင်မြို့မှ ပိုးတွေ့လူနာမှာ ခရီးသွားရာဇဝင်မရှိပဲ နေမကောင်း အနံ့မရတော့၍ မော်လမြိုင်ဆေးရုံကြီး Fever Clinic တွင် ပြသခဲ့ရာပြီး Swab ယူစစ်ဆေးရာမှ ပိုးတွေ့ခဲ့ရခြင်း ဖြစ်ပါသည်။

Flower

၄င်းဓါတ်ခွဲအတည်ပြုလူနာနှင့် ထိစပ် Contact (၅)ဦးအား ကျွန်တော်တို့ မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးကွန်ယက်မှ လိုက်လံ ခေါ်ဆောင်၍ CBFQ တွင် Q ထားရှိထားပြီး ဖြစ်ပါသည်။

Contact များအနက် ဓါတ်ခွဲအတည်ပြုလူနာ၏ ညီမဖြစ်သူမှာလည်း အနံ့မရတော့၍ ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားပါသည်။


မုဒုံမြို့နယ် ကမာဝက် သိမ်ကုန်းမှ ပိုးတွေ့လူနာ(၂)ဦးမှာ-

ဆေးရုံတက် နှင့် လူနာစောင့်ဖြစ်ပြီး ခရီးသွားရာဇဝင်
မရှိသော်လည်း ၄င်း၏ မောင် ဖြစ်သူမှာ ရန်ကုန်မြို့
တောင်ဥက္ကလာမှ ပြန်လာသည့်သူဖြစ်သည်ဟုသိရပါသည်။
(၄င်းပြန်လာစဉ် ကန့်သတ်ကာလ မသတ်မှတ်သေးသည့်မြို့ဖြစ်၍ Q မဝင်ခဲ့ရဟု သိရပါသည်)

နေမကောင်း၍ ဆေးခန်းတစ်ခုတွင် ပြသကုသခဲ့ကြောင်းဆေးခန်းမှတဆင့် တိုက်နယ်ဆေးရုံတွင် ထပ်မံပြသကုသခဲ့ပြီး တိုက်နယ်ဆေးရုံမှတဆင့် မော်လမြိုင် ဆေးရုံကြီးသို့လွှဲပြောင်းကုသစေရာမှ Swab ယူစစ်ဆေးရာ ပိုးတွေ့ခဲ့ရခြင်းဖြစ်ပါသည်။

၄င်းဓါတ်ခွဲအတည်ပြုလူနာများနှင့် ထိဆက်ခဲ့သူ Contact(၁၅)ဦးအား မုဒုံ RESCUE ကွန်ယက်အဖွဲ့မှ သွားရောက်ခေါ်ဆောင်၍ CBFQ တွင် Q ဝင်ထားစေပြီး ဖြစ်ပါသည်။ ( မုဒုံ Contact တွင် ဆရာဝန် (၂)ဦး ထပ်ပါလာပါသည်)

ယနေ့ နံနက် ပိုးတွေ့သည့် Positive လူနာ(၃)ဦးလုံးမှာ
လူနာအသစ်တွေ ထပ်ဖြစ်နေသည့်အတွက် Contact
အသစ်တွေနဲ့ ထပ်ခရီးဆက်ရပြန်ပါပြီး။

မိမိ ပြည်နယ် မိမိမြို့ကြီးကို Covid-19 ဒုက္ခသံသရာမှ
မြန်မြန် လွတ်မြောက်ချင်ရင်တော့ လူတိုင်းလူတိုင်း အသိစိတ်ဓါတ် ရှိဖို့လိုပါပြီး။

ကိုယ်စီ ကိုယ်စီ မိမိဘက်က စတင်ကာကွယ်နိုင်ကြလျှင် ပိုးကူးစက်မှု ပြန့်ပွားမှုတွေ နည်းလာပြီး Covid ကို အမြန်ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

Covid ကို အမြန်ထိန်းချုပ်နိုင်မှ မိမိတို့ ကိုယ်စီ ကိုယ်စီရဲ့စီးပွားရေး လူမှုရေးလုပ်ငန်းတွေ အမြန်ဆုံး ပြန်လည်လည်ပတ်နိုင်မှာ ဖြစ်ပါကြောင်း …

ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများ
အနေဖြင့် အုပ်ချုပ်ရေး (သို့) နီးစပ်ရာကျန်းမာရေးဌာနသို့ ကိုယ်စီအသိစိတ်ဓါတ်ဖြင့် ဆက်သွယ်အကြောင်းကြားခြင်းဖြင့် ကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။