Cele News

လမ္းေဘးေျမာင္းေပၚမွာ ဝါးကပ္ခင္းၿပီး အိပ္ခဲ့ရတဲ့အထိ ဘဝအေျခအေန ခက္ခဲခဲ့ေၾကာင္း ရင္ဖြင့္ခဲ့တဲ့ ဒိန္းေဒါင္

အႏုပညာအလုပ္ေတြ ႀကိဳးစားလုပ္ကိုင္ရင္း ဟာသလူရႊင္ေတာ္ဒိန္းေဒါင္က ပရိသတ္ေတြကို ေပ်ာ္ေအာင္လုပ္ေပးေနသူတစ္ေယာက္ပါ။ ဒိန္းေဒါင္ဟည အကူအညီလိုအပ္သူတိုင္းကို ကူညီေပးၿပီး အလႉအတန္း ရက္ေရာလြန္းသူတစ္ေယာက္ျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ ယေန႔တိုင္ ဒိန္းေဒါင္ကို အားေပးခ်စ္ခင္ေနၾကတုန္းျဖစ္ပါတယ္။အခုတင္ဆက္ေပးမွာကေတာ့ ဒိန္းေဒါင္ စီးပြားေရးလုပ္ေနတာကို အျပစ္ေျပာတဲ့အေၾကာင္းေတြနဲ႔ ဘဝကို ခက္ခဲစြာျဖတ္သန္းခဲ့ရပံုေတြကို တင္ဆက္ေပးသြားမွာျဖစ္ပါတယ္။

အထည္ေလးေတြေရာင္းေနတာကို ေဝဖန္မႈရွိတဲ့အေပၚကို ဒိန္းေဒါင္ကို ေမးခဲ့ပါတယ္။

ေစ်းေရာင္းတယ္ဆိုတာ တခ်ိဳ႕က ငတ္ေနၿပီလားတဲ့။ ေျပာတဲ့သူ Wall ထဲကို ဝင္ၾကည့္လိုက္တယ္။ ထမင္းဝိုင္းမွာေတြ႕တာ ဘဲဥ သံုးျခမ္းနဲ႔ စားေနရတယ္။ အဲ့ေတာ့ ကြ်န္ေတာ္က သူ႔ကို ႏွိမ္ေျပာတာမဟုတ္ဘူး။ ညီေလး အလုပ္သမားလိုလို႔ ေရႊဆိုင္ဖြင့္ထားတဲ့ဆီမွာ ဝန္ထမ္းခန္႔ခ်င္လို႔ လံုျခံဳေရးလို႔။ ညီေလးရတဲ့ လစာထက္ေတာင္ အကို (၂)ဆေပးမယ္လို႔ ေျပာခ်င္တာ ။

Flower

“ဒါေပမယ့္ ေျပာရင္ ကြ်န္ေတာ့ကို ႂကြားတယ္လို႔လဲထင္သြားမယ္။ ” လို႔ ဒိန္းေဒါင္ကေျပာခဲ့ပါတယ္။

အခု ကြ်န္ေတာ္ အထည္ေလးေတြေရာင္းတယ္ဆိုတာက ကြ်န္ေတာ့္မိသားစုကို ထမင္းအိုးတည္ေပးတာ။ ကြ်န္ေတာ့သား အမႊာပူးေလးႏွစ္ေယာက္က ဆယ္တန္းေအာင္သြားၿပီ။ တစ္ေယာက္က ပထမႏွစ္ ဘာအလုပ္မွမရွိဘူး။ ေလးေတြ ေလသြားမွာလဲ ေၾကာက္တယ္။ ၿပီးေတာ့ ေနာက္သားတစ္ေယာက္ကလဲ ဆယ္တန္းစာေမးပြဲ ေျဖထားတာ။ ဒီသား(၃)ေယာက္က အရြယ္ေလးေတြေရာက္လာေတာ့ သူတို႔ကို အလုပ္ကေလးေတြ လုပ္ေပးခ်င္တယ္။ ကြ်န္ေတာ့္ အမ်ိဳးသမီးကလဲ အိမ္မွာ အလုပ္မရွိဘူး။ သူတို႔ကို အဲ့လုပ္ငန္းေလးေတြ ကြ်န္ေတာ္လုပ္ေပးခ်င္တာ။

ထမင္းအိုးတည္ေပးတာ။ ကြ်န္ေတာ္ကဝယ္တဲ့သူေတြ စာဖတ္ရင္ေတာင္ ကြ်န္ေတာ္က English လိုဖတ္တတ္တဲ့ေကာင္မဟုတ္ဘူး။ ဘယ္လိုမွာလို႔ မွာရမွန္းလဲ ၾကည့္တတ္တာမဟုန္ဘူး။

အရင္တုန္းကဆို ကြ်န္ေတာ့္ Like ကေလးေတြကေလ 3k ေလာက္ရရင္ကို ေပ်ာ္ေနတာ။ ကိုေနတိုးအိမ္လဲေရာက္ေရာ ကိုေနတိုးက ဟိုဟာမဖဠင့္ထားဘူးေနာ္တဲ့။ သူလုပ္ေပးလိုက္ေတာ့မွ လင္မယားႏွစ္ေယာက္ပံုက 24k တို႔ ဘာတို႔ ျဖစ္ကုန္တာ။

အဲ့တာေတြဝင္လာေတာ့လဲ တစ္မ်ိဳး စိတ္ဆင္းရဲရတယ္။ ကြ်န္ေတာ္ကေလ သူမ်ားကေျပာရင္ မေလးစားရာ က်မွာစိုးလို႔ လက္မေလးေတြကို ႏွိပ္ရတာ တစ္ေန႔လံုးထိုင္ႏွိပ္ရတာဗ်ာ။ အဲ့တာကလဲ အမ်ားႀကီးရွိတယ္ ေထာင္ခ်ီဆိုေတာ့ ကြ်န္ေတာ္လဲ လက္ေတြေညာင္းတာေပါ့။ ၿပီးေတာ့ သူတို႔ေရးထားတာေတြကိုလဲ တစ္ခုခ်င္းျပန္မေရးႏိုင္ဘူးေပါ့။ မ်က္လံုးလဲမေကာင္းဘူး။ အဲ့တာေတြလဲ နားလည္ေပးပါလို႔ ဒိန္းေဒါင္က ေျပာခဲ့ပါတယ္။

အဲ့လိုကြ်န္ေတာ္တို႔ ထမင္းအိုးတည္တာကို ထမင္းအိုးဆူမဆူ ဝိုင္းမၾကည့္ေပးရင္လဲေနပါ။ ေရဘယ္ေလာက္ထည့္ရမလဲ ဆန္ဘယ္ေလာက္ထည့္ရမလဲ မေျပာျပရင္လဲေနပါ။ ကြ်န္ေတာ္တည္ေနတဲ့ ထမင္းအိုးေအာက္က မီးကိုေတာ့ ေရနဲ႔ျဖန္းၿပီး မညႇိမ္းပါနဲ႔။ ဆြဲထုတ္ၿပီး မီးနဲသြားေအာင္ ထမင္းအိုး မက်က္ေအာင္  မလုပ္ပါနဲ႔လို႔ ေမတၱာရပ္ခံပါတယ္ခင္ဗ်ာ။ ေတာင္းလဲ ေတာင္းပန္ပါတယ္။ အဲ့တာကေလ ျမန္မာစကားပံုတစ္ခုရွိတယ္ ကံတူအက်ိဳးေပးျဖစ္တတ္တယ္ သိလား။ သူမ်ားထမင္းလုပ္ပုတ္ခ်ရင္ ကိုယ့္ထမင္းလုပ္ပုတ္ခ်ခံရတတ္တယ္။ သူမ်ားစီးပြားေရး တုတ္နဲ႔ထိုးရင္လဲ ကိုဘာလုပ္လုပ္ အဆင္မေျပတတ္ပါဘူး။ ဒါက ဘုရားေဟာပါ။ ဘယ္လူမ်ိဳး ဘယ္ဘာသာ ဘာပဲကိုးကြယ္ ကိုးကြယ္ ဘယ္ဘုရားမွ မေကာင္းတာကိုလုပ္ဖို႔ မေျပာခဲ့ပါဘူး။ ေကာင္းတာလုပ္ရင္ ေကာင္းတာျဖစ္မယ္လို႔ပဲေဟာခဲ့တာပါလို႔ ဒိန္းေဒါင္က ေျပာခဲ့ပါတယ္။

ကိုယ့္ထက္မရွိတဲ့သူကို ျပန္လွဴေပးတဲ့အေပၚ ဒိန္းေဒါင္ရဲ႕ အျမင္ေလးေတြကို ေမးခဲ့တဲ့အေပၚ ယခုလိုပဲ ေျဖခဲ့ပါတယ္။

သူတို႔က နဲနဲေျပလည္တဲ့သူလား။ ကြ်န္ေတာ္ ေပးမယ့္သူထက္ နိမ့္က်တဲ့လူလား။ ဒါလဲ က်ေနာ္က မသိဘူးေလ။ ကြ်န္ေတာ္က ေပးမယ္ဆိုထဲက တကယ္မရွိတဲ့သူပဲ လိုက္လွဴတာပဲေလ။ Mask ေတြဝယ္တယ္။ ေဘာ္ဒါေတြ အလွဴခံတယ္။ ဆန္ေတြလိုက္ဝယ္တယ္။ ေဂ်ာင္ဂ်ိဳေဂ်ာင္ၾကား ကိုယ့္ဘာကိုသြားၿပီး လုပ္ခဲ့တာပဲေလ။

အခ်ိဳ႕က မသိၾကဘူး။ ကြ်န္ေတာ့္႐ုပ္ရွင္ကားေတြ ကြ်န္ေတာ္ ဒါ႐ိုက္တာလုပ္တဲ့ကားေတြမွာေတာင္ ေရးထားတာအမ်ားႀကီး။ ႐ိုက္ျပထားတာေလ ေရသန္႔ဘူးတစ္ဘူးကို တစ္ရာနဲ႔ ဝယ္ေသာက္ေနရတဲ့ေနရာေတြရွိတယ္။ ထမင္းအိုးထဲက ထမင္းကိုခ်က္ၿပီးေတာ့ တစ္ခုခုေပၚမွာ ပံုၿပီးေတာ့ အဲ့ထမင္းအိုးေလးကို တိုက္ၿပီးေတာ့ သြားေပါင္ၿပီးေတာ့ ညေနအလုပ္ျပန္လာမွ အဲ့ထမင္းအိုးေလးကို ျပန္ေရြးၿပီးေတာ့ ထမင္းခ်က္စားရတဲ့သူေတြလဲရွိတယ္။ အမ်ားႀကီးရွိတယ္ အခု။ ရန္ကုန္တိုင္း ဆိုတဲ့ တိုင္းႀကီးမွာပဲ ရွိေသးတယ္ေနာ္။ က်န္တဲ့ေနရာေတြ မေျပာေသးဘူး။ လို႔ ဒီန္းေဒါင္က မွ်ေဝခဲ့ပါတယ္။

အဓိကက ဒိန္းေဒါင္ မင္းဘာလို႔သိလဲဆိုေတာ့ စံုစမ္းၾကည့္။ ကြ်န္ေတာ္က သူေဌးမွ ေရြးေပါင္းတဲ့ထဲမွာ ကြ်န္ေတာ္မပါဘူး။ ႐ွဴတင္မွာထမင္းစားရင္လဲ ေမးၾကည့္။ ကြ်န္ေတာ္ မင္းသား မင္းသမီးေတြနဲ႔ စားခဲတယ္။ ဥပမာ ကိုခင္လွိုင္တို႔နဲ႔ပဲ႐ိုက္႐ိုက္ ဘယ္သူနဲ႔႐ိုက္႐ိုက္ ကြ်န္ေတာ္သြားၿပီးေတာ့ စားခဲတယ္။ ေမးၾကည့္လိုက္။  စက္အဖြဲ႕ေတြဆို ပိုသိတယ္။ ကြ်န္ေတာ္ သူတို႔နဲ႔ပဲ စားတာ။ စက္အဖြဲ႕ေတြနဲ႔ ပတ္သတ္ၿပီးေတာ့ အမွတ္တရေတြရွိတယ္။ ေမၿမိဳ႕မွာ မန္ေနဂ်ာလဲမေျပာေတာ့ဘူး ဒါ႐ိုက္တာလဲမေျပာေတာ့ဘူး။ ကုမၸဏီလဲမေျပာေတာ့ဘူး။ စက္အဖြဲ႕ေတြ Battery ေတြေပ်ာက္သြားတာ (၁၀)သိန္းဖိုး။ မန္ေနဂ်ာက အခ်ဳပ္ထဲထည့္မယ္လုပ္တာ သူတို႔ေပါ့လို႔။ သူတို႔ေပါ့တာလဲ ပါတာေပါ့။ သူတို႔က(၁၀)ေယာက္ေလာက္ စက္ထဲမွာ ဒါေပမယ့္ သူတို႔မိသားစု အေယာက္(၁၀၀)ေလာက္ ဒုကၡေရာက္သြားမွာ။ ကြ်န္ေတာ္ မန္ေနဂ်ာကို တိုက္႐ိုက္သြားေျပာတယ္။ ဘယ္ေလာက္ဖိုးလဲလို႔။ သူက ဆယ္သိန္းလို႔ေျပာတယ္။ ကြ်န္ေတာ္ ေလွ်ာ္မယ္။

ကြ်န္ေတာ္က အဲ့အခ်ိန္မွာ ဒိန္းေဒါင္ေလ။ ကြ်န္ေတာ္ အဆင္ေျပေနၿပီ။ အဲ့တာကို မွတ္မိတဲ့ စက္အဖြဲ႕ေတြရွိတယ္။ အဲ့ေတာ့ ဘာျဖစ္သြားလဲဆိုေတာ့ ကြ်န္ေတာ္လဲ ေလ်ာ္ေၾကးမေပးရဘူး။ စက္အဖြဲ႕ေတြလဲ ဘာမွမျဖစ္ဘူး။ ျပန္ေတြ႕လားဆိုေတာ့ မေတြ႕ဘူး။ ကုမၸဏီကပဲ အဆံုးျဖစ္သြားတာ။ ဒိန္းေဒါင္သြားေျပာေတာ့လဲ ႏႈတ္၏ေဆာင္မခ်င္းပဲျဖစ္သြားတာေပါ့ ပိုက္ဆံေတာ့ မစိုက္လိုက္ရဘူးေပါ့။ ကြ်န္ေတာ္ အဲ့လိုလုပ္ေပးခဲ့တာေတြ မ်ားပါတယ္။လို႔ ဒိန္းေဒါင္ကေျပာခဲ့ပါတယ္။

စက္အဖြဲက ကား႐ိုက္ၿပီးသြားရင္ ကြ်န္ေတာ့္ရဲ႕ အက်ႌကို ေခ်ာင္းေနၾကတာ။ ကြ်န္ေတာ္ ပုဆိုးဝတ္တဲ့ အခန္းဆို ေဘာင္းဘီတို အၿမဲဝတ္တာကို။  ဒါေလးႀကိဳက္တယ္ေနာ္ တစ္ေယာက္ကေျပာထားေပမယ့္ အမ်ားႀကီးက ေတာင္းထားေတာ့ ကြယ္ရာမွာ ခြ်တ္ၿပီးေတာ့ ေပးလိုက္တယ္ ယူလိုက္ေတာ့ဆိုၿပီးေတာ့။ စက္အဖြဲ႕ေတြေတာ္ေတာ္မ်ားမ်ား အခု ကင္မရာမန္းေတြျဖစ္ေနတဲ့သူေတြ သိၾကပါတယ္ ကြ်န္ေတာ့္ စိတ္ဓာတ္ကို။ အဲ့ေတာ့ ကြ်န္ေတာ္က ေအာက္ေျခလူတန္းစားကို ဘာလို႔သိလဲဆိုေတာ့ ကြ်န္ေတာ္က ေအာက္ေျခလူတန္းစားနဲ႔ ေပါင္းတာမ်ားတယ္။

ဘာျဖစ္လို႔ ေအာက္ေျခလူတန္းစားနဲ႔ေပါင္းတာလဲဆိုရင္ ကြ်န္ေတာ္ကလဲ ေအာက္ေျခကလာရတာကိုး။ အခု သူမ်ားေတြဆင္းရဲတယ္ဆိုတာ ကိုယ္က ရယ္ေတာင္ ရယ္ခ်င္ေသးတယ္။ ထမင္းမစားရတဲ့ရက္ေတြ သူမ်ားအိမ္မွာ လွမ္းေခၚၿပီးေပးမွ စားရတဲ့ရက္ေတြ လမ္းေဘးကေျမာင္းေပၚမွာ ဝါးကပ္ခင္းၿပီး အိပ္ခဲ့ရတဲ့ရက္ေတြက ေရတြက္လို႔မွမရတာ။ လင္မယားႏွစ္ေယာင္ သခြားသီးတစ္လံုးကို စားၿပီးေတာ့ ျပည္နဲ႔ရန္ကုန္ ျပန္ခဲ့ရတဲ့ရက္ေတြ အဲ့လိုရက္ေတြက ေမ့ႏိုင္စရာအေၾကာင္းမွမရွိတာကို။ အဲ့ေတာ့ ကိုယ္သူမ်ားကို ေပးတဲ့အခါ လွဴတဲ့အခါ ကမ္းတဲ့အခါက်ရင္လဲ ငါသာသူ႔ေနရာမွာဆိုရင္ ငါေပ်ာ္ခဲ့တဲ့ အေပ်ာ္မ်ိဳး။ မွတ္မွတ္ရရ အႏုပညာေလာကမွာ ႏွစ္ေယာက္ရွိတယ္ေလ ရွက္တယ္နဲ႔ ထင္ေပၚနဲ႔ေလ။ ထင္ေပၚက သံုးထာင္ေပးဖူးတယ္။ ရွက္တယ္က ႏွစ္ေထာင့္ေလးရာေပးဖူးတယ္။ ႏွစ္ရာတန္ေလးေတြ မေမ့ဘူးေလ။ အဲ့ေတာ့ ဘာလုပ္လဲဆိုေတာ့ ထင္ေပၚဆံုးေတာ့ ကြ်န္ေတာ္က သိပ္မဆင္မေျပေသးတဲ့ အခ်ိန္ဆိုေတာ့ ကြ်န္ေတာ္ကနယ္ေရာက္ေနတဲ့အခ်ိန္။ ရွက္တယ္ဆံုးေတာ့ ကြ်န္ေတာ္ကသြားၾကည့္တယ္။ ကူေငြကို မကူေတာ့ဘူး။ မိဘမဲ့ကေလး(၅)ေယာက္လိုက္ရွာၿပီး သာသနာ့ေဘာင္သြင္းေပးလိုက္တယ္လို႔ ဒိန္းေဒါင္ကေျပာခဲ့ပါတယ္။

ပရိသတ္ႀကီးေရ ဒါေလးကို ဖတ္ၿပီးရင္ေတာ့ ဒိန္းေဒါင္ရဲ႕ လွပတဲ့ စိတ္ထားကို သိေနေလာက္ၿပီလို႔ ထင္ပါတယ္။ ဒိန္းေဒါင္နဲ႔ပတ္သတ္ၿပီး ပရိသတ္ႀကီးရဲ႕ အျမင္ေလးကိုလဲ ေရးသြားၾကပါဦးေနာ္။ အားေပးဖတ္႐ွဳတဲ့အတြက္ ေက်းဇူးတင္ပါတယ္။

Read in UNICODE

အနုပညာအလုပ်တွေ ကြိုးစားလုပ်ကိုင်ရင်း ဟာသလူရွှင်တော်ဒိန်းဒေါင်က ပရိသတ်တွေကို ပျော်အောင်လုပ်ပေးနေသူတစ်ယောက်ပါ။ ဒိန်းဒေါင်ဟည အကူအညီလိုအပ်သူတိုင်းကို ကူညီပေးပြီး အလှူအတန်း ရက်ရောလွန်းသူတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ယနေ့တိုင် ဒိန်းဒေါင်ကို အားပေးချစ်ခင်နေကြတုန်းဖြစ်ပါတယ်။အခုတင်ဆက်ပေးမှာကတော့ ဒိန်းဒေါင် စီးပွားရေးလုပ်နေတာကို အပြစ်ပြောတဲ့အကြောင်းတွေနဲ့ ဘဝကို ခက်ခဲစွာဖြတ်သန်းခဲ့ရပုံတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အထည်လေးတွေရောင်းနေတာကို ဝေဖန်မှုရှိတဲ့အပေါ်ကို ဒိန်းဒေါင်ကို မေးခဲ့ပါတယ်။

ဈေးရောင်းတယ်ဆိုတာ တချို့က ငတ်နေပြီလားတဲ့။ ပြောတဲ့သူ Wall ထဲကို ဝင်ကြည့်လိုက်တယ်။ ထမင်းဝိုင်းမှာတွေ့တာ ဘဲဥ သုံးခြမ်းနဲ့ စားနေရတယ်။ အဲ့တော့ ကျွန်တော်က သူ့ကို နှိမ်ပြောတာမဟုတ်ဘူး။ ညီလေး အလုပ်သမားလိုလို့ ရွှေဆိုင်ဖွင့်ထားတဲ့ဆီမှာ ဝန်ထမ်းခန့်ချင်လို့ လုံခြုံရေးလို့။ ညီလေးရတဲ့ လစာထက်တောင် အကို (၂)ဆပေးမယ်လို့ ပြောချင်တာ ။

“ဒါပေမယ့် ပြောရင် ကျွန်တော့ကို ကြွားတယ်လို့လဲထင်သွားမယ်။ ” လို့ ဒိန်းဒေါင်ကပြောခဲ့ပါတယ်။

အခု ကျွန်တော် အထည်လေးတွေရောင်းတယ်ဆိုတာက ကျွန်တော့်မိသားစုကို ထမင်းအိုးတည်ပေးတာ။ ကျွန်တော့သား အမွှာပူးလေးနှစ်ယောက်က ဆယ်တန်းအောင်သွားပြီ။ တစ်ယောက်က ပထမနှစ် ဘာအလုပ်မှမရှိဘူး။ လေးတွေ လေသွားမှာလဲ ကြောက်တယ်။ ပြီးတော့ နောက်သားတစ်ယောက်ကလဲ ဆယ်တန်းစာမေးပွဲ ဖြေထားတာ။ ဒီသား(၃)ယောက်က အရွယ်လေးတွေရောက်လာတော့ သူတို့ကို အလုပ်ကလေးတွေ လုပ်ပေးချင်တယ်။ ကျွန်တော့် အမျိုးသမီးကလဲ အိမ်မှာ အလုပ်မရှိဘူး။ သူတို့ကို အဲ့လုပ်ငန်းလေးတွေ ကျွန်တော်လုပ်ပေးချင်တာ။

ထမင်းအိုးတည်ပေးတာ။ ကျွန်တော်ကဝယ်တဲ့သူတွေ စာဖတ်ရင်တောင် ကျွန်တော်က English လိုဖတ်တတ်တဲ့ကောင်မဟုတ်ဘူး။ ဘယ်လိုမှာလို့ မှာရမှန်းလဲ ကြည့်တတ်တာမဟုန်ဘူး။

အရင်တုန်းကဆို ကျွန်တော့် Like ကလေးတွေကလေ 3k လောက်ရရင်ကို ပျော်နေတာ။ ကိုနေတိုးအိမ်လဲရောက်ရော ကိုနေတိုးက ဟိုဟာမဖဠင့်ထားဘူးနော်တဲ့။ သူလုပ်ပေးလိုက်တော့မှ လင်မယားနှစ်ယောက်ပုံက 24k တို့ ဘာတို့ ဖြစ်ကုန်တာ။

အဲ့တာတွေဝင်လာတော့လဲ တစ်မျိုး စိတ်ဆင်းရဲရတယ်။ ကျွန်တော်ကလေ သူများကပြောရင် မလေးစားရာ ကျမှာစိုးလို့ လက်မလေးတွေကို နှိပ်ရတာ တစ်နေ့လုံးထိုင်နှိပ်ရတာဗျာ။ အဲ့တာကလဲ အများကြီးရှိတယ် ထောင်ချီဆိုတော့ ကျွန်တော်လဲ လက်တွေညောင်းတာပေါ့။ ပြီးတော့ သူတို့ရေးထားတာတွေကိုလဲ တစ်ခုချင်းပြန်မရေးနိုင်ဘူးပေါ့။ မျက်လုံးလဲမကောင်းဘူး။ အဲ့တာတွေလဲ နားလည်ပေးပါလို့ ဒိန်းဒေါင်က ပြောခဲ့ပါတယ်။

အဲ့လိုကျွန်တော်တို့ ထမင်းအိုးတည်တာကို ထမင်းအိုးဆူမဆူ ဝိုင်းမကြည့်ပေးရင်လဲနေပါ။ ရေဘယ်လောက်ထည့်ရမလဲ ဆန်ဘယ်လောက်ထည့်ရမလဲ မပြောပြရင်လဲနေပါ။ ကျွန်တော်တည်နေတဲ့ ထမင်းအိုးအောက်က မီးကိုတော့ ရေနဲ့ဖြန်းပြီး မညှိမ်းပါနဲ့။ ဆွဲထုတ်ပြီး မီးနဲသွားအောင် ထမင်းအိုး မကျက်အောင်  မလုပ်ပါနဲ့လို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။ တောင်းလဲ တောင်းပန်ပါတယ်။ အဲ့တာကလေ မြန်မာစကားပုံတစ်ခုရှိတယ် ကံတူအကျိုးပေးဖြစ်တတ်တယ် သိလား။ သူများထမင်းလုပ်ပုတ်ချရင် ကိုယ့်ထမင်းလုပ်ပုတ်ချခံရတတ်တယ်။ သူများစီးပွားရေး တုတ်နဲ့ထိုးရင်လဲ ကိုဘာလုပ်လုပ် အဆင်မပြေတတ်ပါဘူး။ ဒါက ဘုရားဟောပါ။ ဘယ်လူမျိုး ဘယ်ဘာသာ ဘာပဲကိုးကွယ် ကိုးကွယ် ဘယ်ဘုရားမှ မကောင်းတာကိုလုပ်ဖို့ မပြောခဲ့ပါဘူး။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်လို့ပဲဟောခဲ့တာပါလို့ ဒိန်းဒေါင်က ပြောခဲ့ပါတယ်။

ကိုယ့်ထက်မရှိတဲ့သူကို ပြန်လှူပေးတဲ့အပေါ် ဒိန်းဒေါင်ရဲ့ အမြင်လေးတွေကို မေးခဲ့တဲ့အပေါ် ယခုလိုပဲ ဖြေခဲ့ပါတယ်။

သူတို့က နဲနဲပြေလည်တဲ့သူလား။ ကျွန်တော် ပေးမယ့်သူထက် နိမ့်ကျတဲ့လူလား။ ဒါလဲ ကျနော်က မသိဘူးလေ။ ကျွန်တော်က ပေးမယ်ဆိုထဲက တကယ်မရှိတဲ့သူပဲ လိုက်လှူတာပဲလေ။ Mask တွေဝယ်တယ်။ ဘော်ဒါတွေ အလှူခံတယ်။ ဆန်တွေလိုက်ဝယ်တယ်။ ဂျောင်ဂျိုဂျောင်ကြား ကိုယ့်ဘာကိုသွားပြီး လုပ်ခဲ့တာပဲလေ။

အချို့က မသိကြဘူး။ ကျွန်တော့်ရုပ်ရှင်ကားတွေ ကျွန်တော် ဒါရိုက်တာလုပ်တဲ့ကားတွေမှာတောင် ရေးထားတာအများကြီး။ ရိုက်ပြထားတာလေ ရေသန့်ဘူးတစ်ဘူးကို တစ်ရာနဲ့ ဝယ်သောက်နေရတဲ့နေရာတွေရှိတယ်။ ထမင်းအိုးထဲက ထမင်းကိုချက်ပြီးတော့ တစ်ခုခုပေါ်မှာ ပုံပြီးတော့ အဲ့ထမင်းအိုးလေးကို တိုက်ပြီးတော့ သွားပေါင်ပြီးတော့ ညနေအလုပ်ပြန်လာမှ အဲ့ထမင်းအိုးလေးကို ပြန်ရွေးပြီးတော့ ထမင်းချက်စားရတဲ့သူတွေလဲရှိတယ်။ အများကြီးရှိတယ် အခု။ ရန်ကုန်တိုင်း ဆိုတဲ့ တိုင်းကြီးမှာပဲ ရှိသေးတယ်နော်။ ကျန်တဲ့နေရာတွေ မပြောသေးဘူး။ လို့ ဒီန်းဒေါင်က မျှဝေခဲ့ပါတယ်။

အဓိကက ဒိန်းဒေါင် မင်းဘာလို့သိလဲဆိုတော့ စုံစမ်းကြည့်။ ကျွန်တော်က သူဌေးမှ ရွေးပေါင်းတဲ့ထဲမှာ ကျွန်တော်မပါဘူး။ ရှူတင်မှာထမင်းစားရင်လဲ မေးကြည့်။ ကျွန်တော် မင်းသား မင်းသမီးတွေနဲ့ စားခဲတယ်။ ဥပမာ ကိုခင်လှိုင်တို့နဲ့ပဲရိုက်ရိုက် ဘယ်သူနဲ့ရိုက်ရိုက် ကျွန်တော်သွားပြီးတော့ စားခဲတယ်။ မေးကြည့်လိုက်။  စက်အဖွဲ့တွေဆို ပိုသိတယ်။ ကျွန်တော် သူတို့နဲ့ပဲ စားတာ။ စက်အဖွဲ့တွေနဲ့ ပတ်သတ်ပြီးတော့ အမှတ်တရတွေရှိတယ်။ မေမြို့မှာ မန်နေဂျာလဲမပြောတော့ဘူး ဒါရိုက်တာလဲမပြောတော့ဘူး။ ကုမ္ပဏီလဲမပြောတော့ဘူး။ စက်အဖွဲ့တွေ Battery တွေပျောက်သွားတာ (၁၀)သိန်းဖိုး။ မန်နေဂျာက အချုပ်ထဲထည့်မယ်လုပ်တာ သူတို့ပေါ့လို့။ သူတို့ပေါ့တာလဲ ပါတာပေါ့။ သူတို့က(၁၀)ယောက်လောက် စက်ထဲမှာ ဒါပေမယ့် သူတို့မိသားစု အယောက်(၁၀၀)လောက် ဒုက္ခရောက်သွားမှာ။ ကျွန်တော် မန်နေဂျာကို တိုက်ရိုက်သွားပြောတယ်။ ဘယ်လောက်ဖိုးလဲလို့။ သူက ဆယ်သိန်းလို့ပြောတယ်။ ကျွန်တော် လျှော်မယ်။

ကျွန်တော်က အဲ့အချိန်မှာ ဒိန်းဒေါင်လေ။ ကျွန်တော် အဆင်ပြေနေပြီ။ အဲ့တာကို မှတ်မိတဲ့ စက်အဖွဲ့တွေရှိတယ်။ အဲ့တော့ ဘာဖြစ်သွားလဲဆိုတော့ ကျွန်တော်လဲ လျော်ကြေးမပေးရဘူး။ စက်အဖွဲ့တွေလဲ ဘာမှမဖြစ်ဘူး။ ပြန်တွေ့လားဆိုတော့ မတွေ့ဘူး။ ကုမ္ပဏီကပဲ အဆုံးဖြစ်သွားတာ။ ဒိန်းဒေါင်သွားပြောတော့လဲ နှုတ်၏ဆောင်မချင်းပဲဖြစ်သွားတာပေါ့ ပိုက်ဆံတော့ မစိုက်လိုက်ရဘူးပေါ့။ ကျွန်တော် အဲ့လိုလုပ်ပေးခဲ့တာတွေ များပါတယ်။လို့ ဒိန်းဒေါင်ကပြောခဲ့ပါတယ်။

စက်အဖွဲက ကားရိုက်ပြီးသွားရင် ကျွန်တော့်ရဲ့ အင်္ကျီကို ချောင်းနေကြတာ။ ကျွန်တော် ပုဆိုးဝတ်တဲ့ အခန်းဆို ဘောင်းဘီတို အမြဲဝတ်တာကို။  ဒါလေးကြိုက်တယ်နော် တစ်ယောက်ကပြောထားပေမယ့် အများကြီးက တောင်းထားတော့ ကွယ်ရာမှာ ချွတ်ပြီးတော့ ပေးလိုက်တယ် ယူလိုက်တော့ဆိုပြီးတော့။ စက်အဖွဲ့တွေတော်တော်များများ အခု ကင်မရာမန်းတွေဖြစ်နေတဲ့သူတွေ သိကြပါတယ် ကျွန်တော့် စိတ်ဓာတ်ကို။ အဲ့တော့ ကျွန်တော်က အောက်ခြေလူတန်းစားကို ဘာလို့သိလဲဆိုတော့ ကျွန်တော်က အောက်ခြေလူတန်းစားနဲ့ ပေါင်းတာများတယ်။

ဘာဖြစ်လို့ အောက်ခြေလူတန်းစားနဲ့ပေါင်းတာလဲဆိုရင် ကျွန်တော်ကလဲ အောက်ခြေကလာရတာကိုး။ အခု သူများတွေဆင်းရဲတယ်ဆိုတာ ကိုယ်က ရယ်တောင် ရယ်ချင်သေးတယ်။ ထမင်းမစားရတဲ့ရက်တွေ သူများအိမ်မှာ လှမ်းခေါ်ပြီးပေးမှ စားရတဲ့ရက်တွေ လမ်းဘေးကမြောင်းပေါ်မှာ ဝါးကပ်ခင်းပြီး အိပ်ခဲ့ရတဲ့ရက်တွေက ရေတွက်လို့မှမရတာ။ လင်မယားနှစ်ယောင် သခွားသီးတစ်လုံးကို စားပြီးတော့ ပြည်နဲ့ရန်ကုန် ပြန်ခဲ့ရတဲ့ရက်တွေ အဲ့လိုရက်တွေက မေ့နိုင်စရာအကြောင်းမှမရှိတာကို။ အဲ့တော့ ကိုယ်သူများကို ပေးတဲ့အခါ လှူတဲ့အခါ ကမ်းတဲ့အခါကျရင်လဲ ငါသာသူ့နေရာမှာဆိုရင် ငါပျော်ခဲ့တဲ့ အပျော်မျိုး။ မှတ်မှတ်ရရ အနုပညာလောကမှာ နှစ်ယောက်ရှိတယ်လေ ရှက်တယ်နဲ့ ထင်ပေါ်နဲ့လေ။ ထင်ပေါ်က သုံးထာင်ပေးဖူးတယ်။ ရှက်တယ်က နှစ်ထောင့်လေးရာပေးဖူးတယ်။ နှစ်ရာတန်လေးတွေ မမေ့ဘူးလေ။ အဲ့တော့ ဘာလုပ်လဲဆိုတော့ ထင်ပေါ်ဆုံးတော့ ကျွန်တော်က သိပ်မဆင်မပြေသေးတဲ့ အချိန်ဆိုတော့ ကျွန်တော်ကနယ်ရောက်နေတဲ့အချိန်။ ရှက်တယ်ဆုံးတော့ ကျွန်တော်ကသွားကြည့်တယ်။ ကူငွေကို မကူတော့ဘူး။ မိဘမဲ့ကလေး(၅)ယောက်လိုက်ရှာပြီး သာသနာ့ဘောင်သွင်းပေးလိုက်တယ်လို့ ဒိန်းဒေါင်ကပြောခဲ့ပါတယ်။

ပရိသတ်ကြီးရေ ဒါလေးကို ဖတ်ပြီးရင်တော့ ဒိန်းဒေါင်ရဲ့ လှပတဲ့ စိတ်ထားကို သိနေလောက်ပြီလို့ ထင်ပါတယ်။ ဒိန်းဒေါင်နဲ့ပတ်သတ်ပြီး ပရိသတ်ကြီးရဲ့ အမြင်လေးကိုလဲ ရေးသွားကြပါဦးနော်။ အားပေးဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်။