Cele News

အေမစုကို ေထာက္ခံအားေပးခ်င္စိတ္နဲ႔ ေဆးျဖတ္စခန္းမွာ တစ္လခြဲေလာက္သြားေနၿပီး မူးယစ္ေဆးျဖတ္လိုက္ၿပီဆိုတဲ့ ရဲတိုက္

တစ္ေခတ္တစ္ခါထဲက ပရိသတ္ေတြရဲ႕ အားေပူမွဳကို တခဲနက္ရရွိထားသူကေတာ့ သ႐ုပ္ေဆာင္တဲ့ေနရာမွာ ပီျပင္လြန္းသူရဲတိုက္ျဖစ္ပါတယ္။ ရဲတိုက္ဟာ က်န္းမာေရးအေျခအေနေတြ မေကာင္းတာေၾကာင့္ “” ႐ုပ္ရွင္ဇာတ္ကားႀကီး ရံုတင္ၿပီးတဲ့ေနာက္မွာ အႏုပညာအလုပ္ေတြကို ေခတၱရပ္နားခဲ့ပါတယ္။

ရဲတိုက္ကေတာ့ အေမစုကို Vote လုပ္ဖို႔ မူးယစ္ေဆးျဖတ္ခဲ့တာနဲ႔ ပတ္သတ္ၿပီး အင္တာဗ်ဴးမွာ ယခုလိုပဲေျပာခဲ့ပါတယ္။

ကြ်န္ေတာ္ Vote ေပးခ်င္တာဗ်ာ။ အရင္ မူးယစ္ေဆး မသံုးခင္တံုးက ကြ်န္ေတာ္ ပရိသတ္ေရွ႕မွာ ဘယ္လိုေနခဲ့လဲဆိုတာ မွတ္မိခ်င္ မွတ္မိပါလိမ့္မယ္ မမွတ္မိခ်င္လဲ မမွတ္မိေလာက္ေတာ့ပါဘူး။ ကြ်န္ေတာ္ အခုလိုမ်ိဳးေနတာ မဟုတ္ဘူးေလေနာ္။ ပရိသတ္အားလံုး ခ်စ္တဲ့လူအျဖစ္နဲ႔ေနတာေလေနာ္။

Flower

အခုက်ေတာ့ ေတာ္ေတာ္မ်ားမ်ားေတြကို ျဖတ္ေက်ာ္ၿပီးတဲ့ အခါမွာ မူးယစ္ေဆးစြဲေနတဲ့ သတင္းေတြတို႔ ကြ်န္ေတာ္နဲ႔ ပတ္သတ္တဲ့ မေကာင္းတဲ့ အရာေတြ အင္တာနက္ေပၚမွာ ပ်ံ႕ႏွံကုန္တာတို႔ အဲ့တာေတြကို ကြ်န္ေတာ္ ေက်ာ္ျဖတ္ၿပီးေနာက္ပိုင္းမွာေတာ့ ကြ်န္ေတာ့္မွာ သိမ္ငယ္သြားရတာေပါ့။

Vote လုပ္ခ်င္တာေတာင္ ကြ်န္ေတာ္စဥ္းစားတယ္။ ငါဘာေပးလို႔ရလဲ။ ငါ ေဆးျဖတ္ပစ္မယ္ကြာလို႔။ ကြ်န္ေတာ့အတြက္က ေတာ္ေတာ္ခက္တယ္။ ခက္လို႔ ကြ်န္ေတာ္ ခဏခဏရႈံးတယ္။ ခဏခဏျပန္ၿပီးေတာ့ ဒီေခ်ာက္ထဲက်တယ္။ ကြ်န္ေတာ္အတြက္ေတာ့ ႐ိုးေနၿပီ အႀကိမ္ေပါင္းမ်ားစြာ ဆိုေတာ့။

အဲ့ေတာ့ ရႈပ္တယ္ကြာလို႔။ အဲ့အခ်ိန္မွာ အမွန္တိုင္းေျပာရရင္ ႏွလံုးသားက လွဳပ္ရွားေနၿပီ။ ဘာလို႔လဲဆိုေတာ့ Vote ေပးခ်င္တာ ဘယ္လိုပံုစံနဲ႔ ေပးရင္ေကာင္းမလဲ မသိဘူး။ စဥ္းစားေနတာ။ ေနာက္ဆံုး ေလးေလးနက္နက္ စဥ္းစားမိတဲ့ အခ်ိန္မွာ ကြ်န္ေတာ့္ေဘးမွာရွိတဲ့ လူနဲ႔ ကြ်န္ေတာ္ တိုင္ပင္တယ္။ ကြ်န္ေတာ္ ေဆးျဖတ္စခန္းဝင္မယ္ဗ်ာလို႔။ ကိုယ့္ဟာကိုယ္ အိမ္မွာ ျဖတ္လို႔မရဘူးလား ရတယ္။ ဒါေပမယ့္ ေဆးျဖတ္စခန္းမွာ သြားျဖတ္ရင္ ပိုၿပီးျမန္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ေဆးျဖစ္စခန္းမွာရွိတဲ့ အရာေတြက ကြ်န္ေတာ္တို႔ကို Treatment ေပးလိုက္တဲ့အခါမွာ ကြ်န္ေတာ္တို႔ေတြက ျမန္ျမန္ျပန္ၿပီးေတာ္ Recover ျဖစ္တယ္။

အဲ့ေတာ့ အဲ့ဒါကို အရင္ဝင္တယ္။ စကားကို ကိုယ့္ကိုကိုယ္ တကယ္ယံုၾကည္မႈနဲ႔ေျပာႏိုင္ေအာင္ တကယ့္ မူးယစ္ေဆးဝါး သံုးမထားတဲ့ လူတစ္ေယာက္ျဖစ္ေနေအာင္ ကြ်န္ေတာ္ တသ္လခြဲေလာက္ လိုအပ္ခဲ့တယ္။

အမွန္တိုင္းေျပာရရင္ ကြ်န္ေတာ္ ျဖတ္ခ်င္တယ္ ႐ုန္းခ်င္တယ္ ဒါေပမယ့္ ကြ်န္ေတာ္လဲ အီးေလးလိုက္ေနတယ္။ ဘယ္လိုေျပာရမလဲ ကြ်န္ေတာ္လဲ ေတာ္ေတာ္ေလး အျမင္ကပ္ဖို႔ေကာင္းတဲ့ မင္းသားပါပဲ။ အမွန္တိုင္းေျပာရမယ္ဆိုရင္ေတာ့ ပရိသတ္ေတြေနရာကၾကည့္ရင္ ေတာ္ေတာ္ေလး အျမင္ကပ္စရာေကာင္းမယ္ အူယားစရာေကာင္းမယ္။ ခ်စ္တဲ့ ပရိသတ္ေတြအတြက္ကေတာ့ ရင္တမမနဲ႔ေပါ့ေနာ္။ ငါတို႔ မင္းသားေလး သြားၿပီလားေပါ့။ မ်ိဳးစံုပါပဲဗ်ာ ဒီၾကားထဲမွာ ၾကံဳေတြ႕ျဖတ္သန္းလာခဲ့ရတာေတြကေတာ့ ေျပာရမယ္ဆိုရင္ ကုန္မယ္ မထင္ပါဘူး။ ေနာက္မွ ေျဖးေျဖးခ်င္းေျပာၾကတာေပါ့။

ေဆးျဖတ္စခန္းမွာ (၃၂)ရက္ ၾကာခဲ့တယ္။ ကြ်န္ေတာ့္ကို ကူညီခဲ့တာက မွန္တစ္ခ်က္ပါပါတယ္ အဲ့ မွန္အေရွ႕မွာမွ ကြ်န္ေတာ့္ကိုယ္ကြ်န္ေတာ္ ဘယ္ေလာက္ဆိုးရြားေနၿပီလဲဆိုတာ ေသေသခ်ာခ်ာ ျမင္လိုက္ရတာ။ ဆိုးတာဆိုးတာဆိုတာ မွန္ၾကည့္ဖို႔ေတာင္မွပဲ အခ်ိန္မေပးေတာ့ဘူး။ပက္ပက္စက္စက္ဆိုးခဲ့တာ။ မလြယ္ဘူး။

နားေထာင္တဲ့သူက ဂုဏ္ယူပါေစေတာ့ဆိုၿပီး ကြ်န္ေတာ့္မွာ ေစတနာပါတယ္ဗ်ာ။ မလြယ္တဲ့ ကိစၥတစ္ခုလုပ္ေပးတယ္လို႔ အားလံုးကို သေဘာေပါက္ၾကေစခ်င္တယ္။ ကြ်န္ေတာ့္ကိုယ္ ကြ်န္ေတာ္လဲ ေက်းဇူးတင္တယ္။ ကြ်န္ေတည္ ဒီဘဝကို တကယ္လိုခ်င္တာ။ မေရာက္ခဲ့တာက ဒီလိုပဲ အႀကိမ္ေပါက္း ေျမာက္မ်ားစြာ ျပန္ျပန္ပါသြားလို႔။ ခုေတာ့ Promise to The Country ဆိုေတာ့ ကြ်န္ေတာ့္ကတိ ေလးနက္သြားၿပီ။ သူကျပန္ၿပီးေတာ့ ကြ်န္ေတာ့္ကို တြန္းအားေပးလို႔ ရသြားၿပီ။ ကြ်န္ေတာ္ လိုအပ္တဲ့ အခ်ိန္တိုင္း အခ်ိန္တိုင္းမွာ အဲ့တြန္းအားကို ျပန္ၿပီးေတာ့ ကြ်န္ေတာ္ သံုးလို႔ရၿပီ။ လို႔ ရဲတိုက္က ယံုၾကည္မွဳအျပည့္နဲ႔ ေျဖၾကားခဲ့ပါတယ္။

ထို႔အျပင္ အေမစုကိုလဲ ေလလွိုင္းထဲကေနတဆင့္ စကားေလးတစ္ခြန္းေျပာခဲ့ပါေသးတယ္။

” အေမ ကြ်န္ေတာ့္ကို မွတ္မိပါရဲ႕လား။ ကြ်န္ေတာ္ေမာင္ရဲတိုက္ပါ။

တိုတိုပဲေျပာမယ္ဗ်ာ အေမရာ။ ကြ်န္ေတာ္ အေမ့ေအာင္ႏိုင္ေရးအတြက္ ကြ်န္ေတာ္ဘာမွ ထုတ္ေဖာ္မျပသႏိုင္ဘူး။ ဒါေပမယ့္ ကြ်န္ေတာ့္ရဲ႕ ေလးနက္မႈဘယ္ေလာက္ရွိတယ္ဆိုတာ ကြ်န္ေတာ္ျပသခ်င္တဲ့အတြက္ ကြ်န္ေတာ္စြဲေနတဲ့ မူးယစ္ေဆးကို ကြ်န္ေတာ္ ျဖတ္ပလိုက္ပါၿပီ။

ကြ်န္ေတာ္ ဒီေန႔မွာ ဒီလိုေျပာႏိုင္ဖို႔အတြက္ တစ္လခြဲ ႀကိဳတင္ၿပီးေတာ့ ကြ်န္ေတာ္ Quarantine ဝင္သလိုေပါ့ အေမရယ္။ ကြ်န္ေနာ့္ကိုယ္ကို ေလွာင္ပိတ္ထားျခင္းခံခဲ့ၿပီးပါၿပီ။ ” လို႔ ရင္ထဲက ေလးနက္တဲ့ စကားေတြကို ေျပာခဲ့တာပဲ ျဖစ္ပါတယ္။

ပရိသတ္ႀကီးေရ အခုဆိုရင္ေတာ့ ရဲတိုက္ဟာ ရင္ထဲက ျပင္းျပတဲ့ အေမစုကို အားေပးေထာက္ခံလိုတဲ့ ဆႏၵတစ္ခုနဲ႔ ႏွစ္ရွည္လမ်ား စြဲေနတဲ့ မူးယစ္ေဆးကို အျမစ္ျပတ္တိုက္ထုတ္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ရဲတိုက္ရဲ႕ ပရိသတ္ေတြကေတာ့ အရမ္းေပ်ာ္ၿပီး စိတ္ေက်နပ္ၾကမယ္လို႔ ထင္မိပါတယ္။ မူးယစ္ေဆးျပတ္ၿပီး လမ္းမွန္ကိုျပန္ေရာက္ေနၿပီျဖစ္တဲ့ ရဲတိုက္အတြက္ ေရွ႕ဆက္ ခြန္အားေတြရဖို႔ ပရိသတ္ေတြလဲ အားေပးစကားေတြေရးခဲ့ေပးပါဦး။ ဒီကိစၥနဲ႔ပတ္သတ္ၿပီး ပရိသတ္ႀကီးရဲ႕အျမင္ေလးကိုလဲ ေျပာေပးသြားပါဦး။

Read in UNICODE

တစ်ခေတ်တစ်ခါထဲက ပရိသတ်တွေရဲ့ အားပေူမှုကို တခဲနက်ရရှိထားသူကတော့ သရုပ်ဆောင်တဲ့နေရာမှာ ပီပြင်လွန်းသူရဲတိုက်ဖြစ်ပါတယ်။ ရဲတိုက်ဟာ ကျန်းမာရေးအခြေအနေတွေ မကောင်းတာကြောင့် “” ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြီးတဲ့နောက်မှာ အနုပညာအလုပ်တွေကို ခေတ္တရပ်နားခဲ့ပါတယ်။

ရဲတိုက်ကတော့ အမေစုကို Vote လုပ်ဖို့ မူးယစ်ဆေးဖြတ်ခဲ့တာနဲ့ ပတ်သတ်ပြီး အင်တာဗျူးမှာ ယခုလိုပဲပြောခဲ့ပါတယ်။

ကျွန်တော် Vote ပေးချင်တာဗျာ။ အရင် မူးယစ်ဆေး မသုံးခင်တုံးက ကျွန်တော် ပရိသတ်ရှေ့မှာ ဘယ်လိုနေခဲ့လဲဆိုတာ မှတ်မိချင် မှတ်မိပါလိမ့်မယ် မမှတ်မိချင်လဲ မမှတ်မိလောက်တော့ပါဘူး။ ကျွန်တော် အခုလိုမျိုးနေတာ မဟုတ်ဘူးလေနော်။ ပရိသတ်အားလုံး ချစ်တဲ့လူအဖြစ်နဲ့နေတာလေနော်။

အခုကျတော့ တော်တော်များများတွေကို ဖြတ်ကျော်ပြီးတဲ့ အခါမှာ မူးယစ်ဆေးစွဲနေတဲ့ သတင်းတွေတို့ ကျွန်တော်နဲ့ ပတ်သတ်တဲ့ မကောင်းတဲ့ အရာတွေ အင်တာနက်ပေါ်မှာ ပျံ့နှံကုန်တာတို့ အဲ့တာတွေကို ကျွန်တော် ကျော်ဖြတ်ပြီးနောက်ပိုင်းမှာတော့ ကျွန်တော့်မှာ သိမ်ငယ်သွားရတာပေါ့။

Vote လုပ်ချင်တာတောင် ကျွန်တော်စဉ်းစားတယ်။ ငါဘာပေးလို့ရလဲ။ ငါ ဆေးဖြတ်ပစ်မယ်ကွာလို့။ ကျွန်တော့အတွက်က တော်တော်ခက်တယ်။ ခက်လို့ ကျွန်တော် ခဏခဏရှုံးတယ်။ ခဏခဏပြန်ပြီးတော့ ဒီချောက်ထဲကျတယ်။ ကျွန်တော်အတွက်တော့ ရိုးနေပြီ အကြိမ်ပေါင်းများစွာ ဆိုတော့။

အဲ့တော့ ရှုပ်တယ်ကွာလို့။ အဲ့အချိန်မှာ အမှန်တိုင်းပြောရရင် နှလုံးသားက လှုပ်ရှားနေပြီ။ ဘာလို့လဲဆိုတော့ Vote ပေးချင်တာ ဘယ်လိုပုံစံနဲ့ ပေးရင်ကောင်းမလဲ မသိဘူး။ စဉ်းစားနေတာ။ နောက်ဆုံး လေးလေးနက်နက် စဉ်းစားမိတဲ့ အချိန်မှာ ကျွန်တော့်ဘေးမှာရှိတဲ့ လူနဲ့ ကျွန်တော် တိုင်ပင်တယ်။ ကျွန်တော် ဆေးဖြတ်စခန်းဝင်မယ်ဗျာလို့။ ကိုယ့်ဟာကိုယ် အိမ်မှာ ဖြတ်လို့မရဘူးလား ရတယ်။ ဒါပေမယ့် ဆေးဖြတ်စခန်းမှာ သွားဖြတ်ရင် ပိုပြီးမြန်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆေးဖြစ်စခန်းမှာရှိတဲ့ အရာတွေက ကျွန်တော်တို့ကို Treatment ပေးလိုက်တဲ့အခါမှာ ကျွန်တော်တို့တွေက မြန်မြန်ပြန်ပြီးတော် Recover ဖြစ်တယ်။

အဲ့တော့ အဲ့ဒါကို အရင်ဝင်တယ်။ စကားကို ကိုယ့်ကိုကိုယ် တကယ်ယုံကြည်မှုနဲ့ပြောနိုင်အောင် တကယ့် မူးယစ်ဆေးဝါး သုံးမထားတဲ့ လူတစ်ယောက်ဖြစ်နေအောင် ကျွန်တော် တသ်လခွဲလောက် လိုအပ်ခဲ့တယ်။

အမှန်တိုင်းပြောရရင် ကျွန်တော် ဖြတ်ချင်တယ် ရုန်းချင်တယ် ဒါပေမယ့် ကျွန်တော်လဲ အီးလေးလိုက်နေတယ်။ ဘယ်လိုပြောရမလဲ ကျွန်တော်လဲ တော်တော်လေး အမြင်ကပ်ဖို့ကောင်းတဲ့ မင်းသားပါပဲ။ အမှန်တိုင်းပြောရမယ်ဆိုရင်တော့ ပရိသတ်တွေနေရာကကြည့်ရင် တော်တော်လေး အမြင်ကပ်စရာကောင်းမယ် အူယားစရာကောင်းမယ်။ ချစ်တဲ့ ပရိသတ်တွေအတွက်ကတော့ ရင်တမမနဲ့ပေါ့နော်။ ငါတို့ မင်းသားလေး သွားပြီလားပေါ့။ မျိုးစုံပါပဲဗျာ ဒီကြားထဲမှာ ကြုံတွေ့ဖြတ်သန်းလာခဲ့ရတာတွေကတော့ ပြောရမယ်ဆိုရင် ကုန်မယ် မထင်ပါဘူး။ နောက်မှ ဖြေးဖြေးချင်းပြောကြတာပေါ့။

ဆေးဖြတ်စခန်းမှာ (၃၂)ရက် ကြာခဲ့တယ်။ ကျွန်တော့်ကို ကူညီခဲ့တာက မှန်တစ်ချက်ပါပါတယ် အဲ့ မှန်အရှေ့မှာမှ ကျွန်တော့်ကိုယ်ကျွန်တော် ဘယ်လောက်ဆိုးရွားနေပြီလဲဆိုတာ သေသေချာချာ မြင်လိုက်ရတာ။ ဆိုးတာဆိုးတာဆိုတာ မှန်ကြည့်ဖို့တောင်မှပဲ အချိန်မပေးတော့ဘူး။ပက်ပက်စက်စက်ဆိုးခဲ့တာ။ မလွယ်ဘူး။

နားထောင်တဲ့သူက ဂုဏ်ယူပါစေတော့ဆိုပြီး ကျွန်တော့်မှာ စေတနာပါတယ်ဗျာ။ မလွယ်တဲ့ ကိစ္စတစ်ခုလုပ်ပေးတယ်လို့ အားလုံးကို သဘောပေါက်ကြစေချင်တယ်။ ကျွန်တော့်ကိုယ် ကျွန်တော်လဲ ကျေးဇူးတင်တယ်။ ကျွန်တေည် ဒီဘဝကို တကယ်လိုချင်တာ။ မရောက်ခဲ့တာက ဒီလိုပဲ အကြိမ်ပေါက်း မြောက်များစွာ ပြန်ပြန်ပါသွားလို့။ ခုတော့ Promise to The Country ဆိုတော့ ကျွန်တော့်ကတိ လေးနက်သွားပြီ။ သူကပြန်ပြီးတော့ ကျွန်တော့်ကို တွန်းအားပေးလို့ ရသွားပြီ။ ကျွန်တော် လိုအပ်တဲ့ အချိန်တိုင်း အချိန်တိုင်းမှာ အဲ့တွန်းအားကို ပြန်ပြီးတော့ ကျွန်တော် သုံးလို့ရပြီ။ လို့ ရဲတိုက်က ယုံကြည်မှုအပြည့်နဲ့ ဖြေကြားခဲ့ပါတယ်။

ထို့အပြင် အမေစုကိုလဲ လေလှိုင်းထဲကနေတဆင့် စကားလေးတစ်ခွန်းပြောခဲ့ပါသေးတယ်။

” အမေ ကျွန်တော့်ကို မှတ်မိပါရဲ့လား။ ကျွန်တော်မောင်ရဲတိုက်ပါ။

တိုတိုပဲပြောမယ်ဗျာ အမေရာ။ ကျွန်တော် အမေ့အောင်နိုင်ရေးအတွက် ကျွန်တော်ဘာမှ ထုတ်ဖော်မပြသနိုင်ဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့ လေးနက်မှုဘယ်လောက်ရှိတယ်ဆိုတာ ကျွန်တော်ပြသချင်တဲ့အတွက် ကျွန်တော်စွဲနေတဲ့ မူးယစ်ဆေးကို ကျွန်တော် ဖြတ်ပလိုက်ပါပြီ။

ကျွန်တော် ဒီနေ့မှာ ဒီလိုပြောနိုင်ဖို့အတွက် တစ်လခွဲ ကြိုတင်ပြီးတော့ ကျွန်တော် Quarantine ဝင်သလိုပေါ့ အမေရယ်။ ကျွန်နော့်ကိုယ်ကို လှောင်ပိတ်ထားခြင်းခံခဲ့ပြီးပါပြီ။ ” လို့ ရင်ထဲက လေးနက်တဲ့ စကားတွေကို ပြောခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးရေ အခုဆိုရင်တော့ ရဲတိုက်ဟာ ရင်ထဲက ပြင်းပြတဲ့ အမေစုကို အားပေးထောက်ခံလိုတဲ့ ဆန္ဒတစ်ခုနဲ့ နှစ်ရှည်လများ စွဲနေတဲ့ မူးယစ်ဆေးကို အမြစ်ပြတ်တိုက်ထုတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ရဲတိုက်ရဲ့ ပရိသတ်တွေကတော့ အရမ်းပျော်ပြီး စိတ်ကျေနပ်ကြမယ်လို့ ထင်မိပါတယ်။ မူးယစ်ဆေးပြတ်ပြီး လမ်းမှန်ကိုပြန်ရောက်နေပြီဖြစ်တဲ့ ရဲတိုက်အတွက် ရှေ့ဆက် ခွန်အားတွေရဖို့ ပရိသတ်တွေလဲ အားပေးစကားတွေရေးခဲ့ပေးပါဦး။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ပရိသတ်ကြီးရဲ့အမြင်လေးကိုလဲ ပြောပေးသွားပါဦး။

Source : MC