Cele News

မႈံေနေအာင္ လွတဲ့ ေမာ္ဒယ္ကို IPHONE လက္ေဆာင္ေပးၿပီး ခ်ိန္းေတြ႕တဲ့ ဆယ္ႏွစ္သား

မႈံေနေအာင္ လွတဲ့ မိန္းကေလးနဲ႔ ခ်ိန္းဆိုဒိတ္လုပ္ရတာ ေတာ္ေတာ္မ်ားမ်ား ေယာက္က်ားသားေတြအတြက္ အိပ္မက္ပါ။ ေမာ္ဒယ္တစ္ေယာက္လည္း ျဖစ္ေကာင္း ျဖစ္မွာပါ။

ဒါေပမယ့္ ငယ္႐ြယ္တဲ့ ေယာက္က်ားေလး တစ္ေယာက္ကေတာ့ ဒီလို မႈံေနေအာင္ လွတဲ့ အလန္းစား ေမာ္ဒယ္ကို ခ်ိန္းဆိုဒိတ္လုပ္ႏိုင္ခဲ့ပါတယ္။

Flower

ဒါေပမယ့္ နန္တာပြန္လို႔ေခၚတဲ့ ဒီ ေကာင္ေလးဟာ အျခားေယာက္က်ားေလးေတြလို မဟုတ္ဘူး။ အ႐ြယ္က ဆယ္ႏွစ္သားေလးပဲ ရွိတဲ့ ေယာက္က်ားေလးတစ္ဦးျဖစ္ေနၿပီး ထိုင္းအလွေမာ္ဒယ္ကို ခ်ိန္းေတြ႕ႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။

ဒီေဂ်လည္းျဖစ္ကာ အလွေမာ္ဒယ္လည္းျဖစ္တဲ့ အင္စတာဂရမ္ နာမည္အရ အာကီသီဝိုရာဒါနဲ႔ ေကာင္ေလး နန္တာပြန္ ခ်ိန္းေတြ႕ႏိုင္တာအတြက္ ပုရိသေတြေတာ့ မနာလိုဝန္တိုျဖစ္မွာပါပဲ။ ၾကားကေန မနာလို ျဖစ္မယ့္ လူေတြလို နန္တာပြန္ကေတာ့ မဟုတ္ပါဘူး။

လက္ေတြ႕က်သူပါပဲ။ ခရစၥမတ္လက္ေဆာင္အေနနဲ႔ အာကီကို iPhone X ဝယ္ေပးၿပီး ခုလို ေယာက္က်ားတိုင္း မနာလိုျဖစ္ရမယ့္ ခ်ိန္းဆိုေတြ႕တာကို အေကာင္အထည္ ေဖာ္လိုက္တာပါ။

ခရစၥမတ္အႀကိဳမွာပဲ ဒီလို လက္ေဆာင္ေပးၿပီး ခ်ိန္းဆိုေတြ႕တာကို နန္တာပြန္က အြန္လိုင္းတင္ခဲ့ရာမွာ ခ်က္ခ်င္းပဲ လူစိတ္ဝင္စားကာ ျပန႔္ႏွံ႔သြားခဲ့ပါတယ္။

“ဒီကေန႔ ကြၽန္ေတာ္ ကြၽန္ေတာ့္ ေကာင္မေလးကို ႐ုပ္ရွင္ေခၚျပတယ္။ သူ႔အတြက္ လက္ေဆာင္အေနနဲ႔ ဘတ္ ၄၇၀၀၀ တန္ဖိုးရွိတဲ့ iPhone X ဝယ္ေပးခဲ့တယ္။”လို႔ နန္တာပြန္က ေရးသားပါတယ္။

ဒီလို ေရးသားၿပီး တင္ခဲ့တဲ့ နန္တာပြန္ရဲ႕ ပို႔စ္ဟာ ခ်က္ခ်င္း ျပန႔္ႏွံ႔သြားတာျဖစ္ေပမယ့္ အေၾကာင္းျပခ်က္ မသိရဘဲ ျပန္ျဖဳတ္ခ်ခံခဲ့ရပါတယ္။

ဒီျဖစ္ရပ္မွာ ေကာင္ေလး နန္တာပြန္က ေမာ္ဒယ္နဲ႔ ခ်ိန္းဆိုေတြ႕တာကို ေတာ္ေတာ္မ်ားမ်ားက တအံ့တဩနဲ႔ မယုံမၾကည္ျဖစ္ရပါတယ္။

“ဒါဟာ ေငြက ဘုရင္ဆိုတာ ျပေနတာပဲ။ ခ်မ္းသာရင္ ဘာမဆိုလုပ္လို႔ရတယ္။ အလန္းေလးေတြနဲ႔ေတာင္ ဒိတ္ႏိုင္တယ္။

အခုေကာင္ေလးဟာလည္း ခ်မ္းသာတာေၾကာင့္ ခုလို ဒိတ္ႏိုင္တာပါပဲ။”လို႔ မွတ္ခ်က္ျပဳ ေျပာၾကပါတယ္။

Unicode

မှုံနေအောင် လှတဲ့ မော်ဒယ်ကို IPHONE လက်ဆောင်ပေးပြီး ချိန်းတွေ့တဲ့ ဆယ်နှစ်သား

မှုံနေအောင် လှတဲ့ မိန်းကလေးနဲ့ ချိန်းဆိုဒိတ်လုပ်ရတာ တော်တော်များများ ယောက်ကျားသားတွေအတွက် အိပ်မက်ပါ။ မော်ဒယ်တစ်ယောက်လည်း ဖြစ်ကောင်း ဖြစ်မှာပါ။

ဒါပေမယ့် ငယ်ရွယ်တဲ့ ယောက်ကျားလေး တစ်ယောက်ကတော့ ဒီလို မှုံနေအောင် လှတဲ့ အလန်းစား မော်ဒယ်ကို ချိန်းဆိုဒိတ်လုပ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် နန်တာပွန်လို့ခေါ်တဲ့ ဒီ ကောင်လေးဟာ အခြားယောက်ကျားလေးတွေလို မဟုတ်ဘူး။ အရွယ်က ဆယ်နှစ်သားလေးပဲ ရှိတဲ့ ယောက်ကျားလေးတစ်ဦးဖြစ်နေပြီး ထိုင်းအလှမော်ဒယ်ကို ချိန်းတွေ့နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီဂျေလည်းဖြစ်ကာ အလှမော်ဒယ်လည်းဖြစ်တဲ့ အင်စတာဂရမ် နာမည်အရ အာကီသီဝိုရာဒါနဲ့ ကောင်လေး နန်တာပွန် ချိန်းတွေ့နိုင်တာအတွက် ပုရိသတွေတော့ မနာလိုဝန်တိုဖြစ်မှာပါပဲ။ ကြားကနေ မနာလို ဖြစ်မယ့် လူတွေလို နန်တာပွန်ကတော့ မဟုတ်ပါဘူး။

လက်တွေ့ကျသူပါပဲ။ ခရစ္စမတ်လက်ဆောင်အနေနဲ့ အာကီကို iPhone X ဝယ်ပေးပြီး ခုလို ယောက်ကျားတိုင်း မနာလိုဖြစ်ရမယ့် ချိန်းဆိုတွေ့တာကို အကောင်အထည် ဖော်လိုက်တာပါ။

ခရစ္စမတ်အကြိုမှာပဲ ဒီလို လက်ဆောင်ပေးပြီး ချိန်းဆိုတွေ့တာကို နန်တာပွန်က အွန်လိုင်းတင်ခဲ့ရာမှာ ချက်ချင်းပဲ လူစိတ်ဝင်စားကာ ပြန့်နှံ့သွားခဲ့ပါတယ်။

“ဒီကနေ့ ကျွန်တော် ကျွန်တော့် ကောင်မလေးကို ရုပ်ရှင်ခေါ်ပြတယ်။ သူ့အတွက် လက်ဆောင်အနေနဲ့ ဘတ် ၄၇၀၀၀ တန်ဖိုးရှိတဲ့ iPhone X ဝယ်ပေးခဲ့တယ်။”လို့ နန်တာပွန်က ရေးသားပါတယ်။

ဒီလို ရေးသားပြီး တင်ခဲ့တဲ့ နန်တာပွန်ရဲ့ ပို့စ်ဟာ ချက်ချင်း ပြန့်နှံ့သွားတာဖြစ်ပေမယ့် အကြောင်းပြချက် မသိရဘဲ ပြန်ဖြုတ်ချခံခဲ့ရပါတယ်။

ဒီဖြစ်ရပ်မှာ ကောင်လေး နန်တာပွန်က မော်ဒယ်နဲ့ ချိန်းဆိုတွေ့တာကို တော်တော်များများက တအံ့တဩနဲ့ မယုံမကြည်ဖြစ်ရပါတယ်။

“ဒါဟာ ငွေက ဘုရင်ဆိုတာ ပြနေတာပဲ။ ချမ်းသာရင် ဘာမဆိုလုပ်လို့ရတယ်။ အလန်းလေးတွေနဲ့တောင် ဒိတ်နိုင်တယ်။ အခုကောင်လေးဟာလည်း ချမ်းသာတာကြောင့် ခုလို ဒိတ်နိုင်တာပါပဲ။”လို့ မှတ်ချက်ပြု ပြောကြပါတယ်။

Rf; Elite Readers

Credit to Writer