ကျော်ကျော်ပေးတဲ့မွေးနေ့အကြိုလက်ဆောင်လေးကြောင့်ပျော်နေတဲ့ ဆုမြတ်နိုးဦး

Flower

ဆုမြတ်နိုးဦးကတော့ပရိသတ်အချစ်တော်အနုပညာရှင်တွေထဲကတစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။သူမကတော့ပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်သူတစ်ယောက်ဖြစ်ပြီး သူငယ်ချင်းတွေဖြစ်တဲ့ ကျော်ကျော်၊ညီထွဋ်ခေါင်တို့နဲ့အတူဗရမ်းဗတာဘီအက်ဖ်အက်ဖ်များဆိုတဲ့pageလေးကိုဖွင့်ထားတာဖြစ်ပါတယ်။

အဆိုပါpageလေးမှာလည်း သူ့တို့သူငယ်ချင်း(၃)ယောက်က ဇာတ်လမ်းအတိုလေးတွေကိုရိုက်ကူးပြီး ပရိသတ်တွေအတွက်တင်ပေးလေ့ရှိပါတယ်။ မကြာခင်မှာတော့ ဆုမြတ်နိုးဦးရဲ့မွေးနေ့ရက်မြတ်လေးကျရောက်တော့မှာဖြစ်ပြီး သူငယ်ချင်းဖြစ်သူကျော်ကျော်က သူမအတွက်မွေးနေ့အကြိုလက်ဆောင်လေးကိုပေးခဲ့တာဖြစ်ပါတယ်။

အဆိုပါလက်ဆောင်လေးကြောင့် ဆုမြတ်နိုးဦးတစ်ယောက်အရမ်းပျော်နေပြီး သူမရဲ့လူမှုကွန်ရက်မှာယခုလိုပဲရေးသားဖော်ပြထားခဲ့ပါတယ်။”မွေးနေ့အကြိုလက်ဆောင်များ လက်ခံနေပါပီနော် နာရီနဲ့လက်စွပ်လေးလက်ဆောင်ပေးတဲ့ကိုကျော် အများကြီးပျော်ပီးအများကြီးလဲကျေးဇူးတင်ပါတယ်လို့”ဆိုပြီး ရေးသားဖော်ပြထားခဲ့တာဖြစ်ပြီးပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Written by 

Flower