ပုပ္ပါးမှာဘုရားဖူးတွေမလာလို့ အဆာမရှိရှာတဲ့မျောက်ကလေးတွေအတွက် လှူဒါန်းပေးခဲ့တဲ့ ခိုင်သင်းကြည်တို့မိသားစု

Flower
Flower

ပြည်သူချစ်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ခိုင်သင်းကြည်ကတော့ အနုပညာလောကမှာ ပရိသတ်အားပေးမူကိုအခိုင်အမာရရှိထားတဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်။ သူ့မရဲ့သရုပ်ဆောင်မူတွေကတော့ ပရိသတ်တွေအကြိုက်နဲ့ထပ်တူကျခဲ့ပြီး အကောင်းဆုံးအကယ်ဒမီဆုတွေကိုလည်းထိုက်တန်စွာနဲ့ ပိုင်ဆိုင်ရရှိထားသူတစ်ယောက်ပါ။

အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် အလှူအတန်းလုပ်တဲ့နေရာမှာလည်း လှစ်ဟာမှုမရှိအောင် သဒ္ဒါတရားထက်သန်သူတစ်ယောက်ဖြစ်ပြီး လတ်တလောဖြစ်ပွားနေတဲ့ Covid-19 ရောဂါနဲ့ပတ်သက်ပြီးတော့လည်း တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ လက်ရှိမှာလည်း ပုပ္ပါးမှာဘုရားဖူးတွေမလာလို့ အဆာမရှိရှာတဲ့မျောက်ကလေးတွေအတွက် တတ်နိုင်သလောက်လေးလှူဒါန်းခဲ့တယ်လို့သိရပါတယ်။

အဆိုပါအလှူအကြောင်းကိုတော့ ခိုင်သင်းကြည်က သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားခဲ့ပါတယ်။ ပရိသတ်ကြီးရေ ခိုင်သင်းကြည်တို့ မိသားစုရဲ့အလှူအတွက် သာဓုခေါ်ခဲ့ကြပါဦးနော်..။

Source:khine thin kyi

Zawgyi





Flower

Written by