ဖခင်ဖြစ်သူရဲ့မွေးနေ့အလှူအဖြစ် အရှင်ဆေကိန္ဒရဲ့ကျောင်းတိုက်မှာ မိသားစုတွေနဲ့အတူတူ ဆွမ်းကပ်ကုသိုလ်ယူခဲ့တဲ့ ဝတ်မှုံရွှေရည်

Flower
Flower

ပရိသတ်အချစ်တော်လေး ဝတ်မှုန်ရွှေရည်ကတော့ မြန်မာနိုင်ငံက ရုပ်ရှင်ချစ်ပရိသတ်တိုင်းမသိသူမရှိတဲ့ သရုပ်ဆောင်မင်းသမီးချောလေးပါ။ ဖြူဖြူသွယ်သွယ်နဲ့ချစ်စရာကောင်းသလို သရုပ်ဆောင်ပိုင်နိုင်လွန်းတဲ့မင်းသမီးလေးဖြစ်တာကြောင့် အကယ်ဒမီဆုတွေကိုလည်း ဆွတ်ခူးရရှိထားတဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်ကတော့ လူငယ်တစ်ဦးဖြစ်ပေမယ့်လည်း ဘာသာတရားကို မမေ့မလျော့သူတစ်ယောက်ဖြစ်ပြီး အလှူအတန်းနဲ့ပတ်သက်ရင်လည်း လက်မနှေးဘဲလှူဒါန်းမှုတွေပြုလုပ်တတ်သူတစ်ဦးလဲဖြစ်ပါတယ်။ဒီနေ့မှာဆိုရင်လည်း ဖခင်ဖြစ်သူရဲ့မွေးနေ့အလှူအဖြစ် အရှင်ဆေကိန္ဒရဲ့ကျောင်းတိုက်မှာ မိသားစုတွေနဲ့အတူတူ ဆွမ်းကပ်ကုသိုလ်ယးခဲ့တဲ့အပြင် ဝတ္ထုငွေများ လှူဒါန်းခဲ့ပါသေးတယ်။

အဆိုပါအလှူလေးကိုတော့ ဝတ်မှုံရည်က သူရဲ့အင်စတာဂရမ်အကောင့်ကနေပြီး ပရိသတ်တွေကို မျှဝေထားတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးကလည်း ဝတ်မှုံရွှေရည်တို့မိသားစုရဲ့ အလှူလေးအတွက် သာဓုခေါ်ဆိုပေးခဲ့ပါအုံးနော်..။

Source-Wutt Hmone She Yi IG

Zawgyi





Flower

Written by