မကြာခင်နားဆင်ရတော့မယ့် Ah Boy နဲ့ ချမ်းမြေ့မောင်ချိုတို့ရဲ့ သီချင်းအသစ်လေး

Flower
Flower

ချမ်းမြေ့မောင်ချိုကတော့ Myanmar Idol Season (3)ကနေ ပရိသတ်အားပေးမှုကို စတင်ရရှိခဲ့တဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမဟာ ပြိုင်ပွဲပြီးကတည်းက အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေပြီး လက်ရှိမှာတော့ ပရိသတ်အခိုင်အမာရရှိထားတဲ့ အဆိုတော်တစ်ယောက်တောင်ဖြစ်နေပါပြီနော်..။ ချမ်းမြေ့မောင်ချိုရဲ့ သီချင်းတော်တော်များများကလည်း ပရိသတ်တွေအကြိုက်နဲ့ထပ်တူကျခဲ့ပါတယ်။

လက်ရှိမှာလည်း သူမဟာ ချစ်ရတဲ့ပရိသတ်တွေအတွက် ခံစားချက်နဲ့ထပ်တူကျစေမယ့် သီချင်းအသစ်လေးတစ်ပုဒ်ကို ပရိသတ်တွေရှေ့ချပြနိုင်အောင်ကြိုစားနေတယ်လို့သိရပါတယ်။ အဆိုပါသီချင်းလေးကတော့ “အငွေ့အသက်များ”လို့အမည်ရပြီး နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Ah Boyနဲ့အတူ သီဆိုထားတာဖြစ်ပါတယ်။

အဆိုပါသီချင်းအသစ်လေးအကြောင်းကိုတော့ “Coming Soon with Kyaw Phyo Tun သီချင်းနာမည်လေးက ဘာတဲ့တုန်း ??”ဆိုပြီး ချမ်းမြေ့မောင်ချိုက သူမရဲ့လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ မောင်ချိုလေးရဲ့ သီချင်းအသစ်လေးကို စောင့်မျှော်အားပေးကြမယ်မဟုတ်လား…ပြောပြခဲ့ပါဦးနော်..။

Source:ChanMyae MgCho

Zawgyi





Flower

Written by