မင်္ဂလာသက်တမ်း(၂၆)နှစ်ပြည်သွားပြီဖြစ်တဲ့ မိဘနှစ်ပါးအတွက် ကြည်နူးစရာ မင်္ဂလာဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ ငဲငယ်လေး

Flower
Flower

ပရိသတ်ကြီးရေ IC အဖွဲ့မှ ချစ်စမ်းမောင်ရဲ့သမီးဖြစ်သူ ငဲငယ်လေးကတော့ ဂီတလောကမှာ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားသူတစ်ဦးဖြစ်ပါတယ်။သူမကတော့ ထူးခြားတဲ့ပင်ကိုယ်စွမ်းရည်တွေပိုင်ဆိုင်ထားတာကြောင့် အောင်မြင်မှုတွေရရှိနေသူလို့ ဆိုရမှာပါ။

ဖခင်ဖြစ်သူရဲ့အနုပညာသွေးအပြည့်ပါတဲ့ ငဲငဲလေးကတော့ ဂီတာတီးခတ်မှုမှာလည်း ပိုင်ပိုင်နိုင်နိုင်ကျွမ်းကျင်လွန်းသူဖြစ်သလို ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျတဲ့ သီချင်းတွေကိုလည်း ဖန်တီးနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ငဲငယ်လေးကတော့ ဇွန်လ(၃)ရက်နေ့မှာမင်္ဂလာသက်တမ်း(၂၆)နှစ်ပြည်သွားပြီဖြစ်တဲ့ မိဘနှစ်ပါးအတွက် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မင်္ဂလာဆုမွန်ကောင်းလေးတောင်းပေးခဲ့ပါတယ်။

သူမကတော့ “အချစ်စစ်နဲ့ဆို တူတူ ဝမယ် 😜 ဘာပဲပြောပြောကွာ ရှိတဲ့သားသမီး သုံးယောက် အဘယ်သို့ကြောင့် မိဘတွေလောက် မချောမခန့်နိုင်ပါသလဲ။ Happy Anniversary ပါ မြေးလေးတွေမြန်မြန်ရပါစေ။ ငယ်လေးက တူလေးတွေတူမလေးတွေထိန်းပေးမယ်”ဆိုပြီး မိဘနှစ်ပါးရဲ့ ပုံလေးတွေနဲ့အတူ ဆုမွန်ကောင်းတောင်းပေးထားတာဖြစ်ပါတယ်။ပရိသတ်ကြီးကလည်း မင်္ဂလာသက်တမ်း(၂၆)နှစ်ပြည်သွားပြီဖြစ်တဲ့ ချစ်စမ်းမောင်တို့ဇနီးမောင်နှံအတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ပါအုံးနော်…။

Source-Nge Ngal Lay

Zawgyi





Flower

Written by