(၂၀၁၂)ကပုံစံလေးနဲ့ ယခုအချိန်ပုံစံလေးကို ယှဉ်တွဲပြီး ပြောင်းလဲလာမှုတွေကို ချပြလာတဲ့ နေခြည်ဦး

Flower
Flower

ပရိသတ်ကြီးရေ နေခြည်ဦးကတော့ Beauty blogger အဖြစ် ပရိသတ်တွေ စတင်သတိထားမိလာပြီး အခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးလာပြီး မင်းသမီးတစ်ယောက ်အဖြစ်ပါရပ်တည်လာပြီဖြစ်ပါတယ် ။ဆယ်ကျော်သက်မိန်းကလေးတွေရဲ့ Idol လို့တောင်ပြောလို့ရတဲ့ ချီချီကတော့ မိန်းကလေးတွေရဲ့ အလှပတွေအတွက်ရှေ့ဆောင်လမ်းပြ ပေးနေတဲ့ အနုပညာရှင်တစ်ယောက်ပါ ။

နေခြည်ဦးကတော့ သူမရဲ့ခွဲစိတ်မှုအတွေ့ကြုံလေးတွေကို ဗီဒီယိုလေးတွေနဲ့အတူ ပြန်လည်မျှဝေပေးခဲ့တဲ့အပြင် သူရဲ့ နေ့စဉ်လှုပ်ရှားမှာတိုင်းကိုလည်း ပရိသတ်တွေကို အမြဲချပြလေ့ရှိသူတစ်ဦးဖြစ်ပါတယ်။အခုဆိုရင်လည်း နေခြည်ဦးက (၂၀၁၂)ကပုံလေးနဲ့ အခုလက်ရှိပုံလေးကို ယှဉ်တွဲပြီးပြောင်းလဲမှုတွေကို ချပြလာခဲ့ပါတယ်။

သူမကတော့“ Memories တွေတက်တက်လာတိုင်းငယ်ငယ်ထဲက အလှကြိုက်တဲ့စိတ်လေးရယ်ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာလေးရယ်သူများပြောတာ သိပ်ဂရုမစိုက်တတ်တာလေးရယ်ကိုရီးယားက ဆရာဝန်တွေရယ်ကိုကျေးဇူးတင်နေမိတယ်။ 2012 နဲ့ 2020 ရဲ့ self makeup လေးကတော်တော်ကွာသွားပြီဘဲနော်။ ”ဆိုပြီး သူ့ရဲ့လူမှု့ကွန်ရက်မှာရေးသားထားပါတယ်။ပရိသတ်ကြီးအတွက် နေခြည်ဦးရဲ့ (၂၀၁၂)ကပုံလေးနဲ့အခုလက်ရှိပုံလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…။

Source-Nay Chi Oo

Zawgyi





Flower

Written by