ကိုရိုနာဗိုင်းရပ်စ် စစ်ပွဲမှာ တတပ်တအား ပါဝင်နေတဲ့ ပရဟိတကာချုပ်ကြီး ကျော်သူ

Flower

မနေ့က နာကူ(ရန်ကုန်) ရဲ့ အားထားရသော ဘုတ်အဖွဲ့ဝင် ကိုရူပနဲ့ အွန်လိုင်းကနေစကားပြောကြရင်း ကိုရူပမှ သူရိုးရိုးသာမန်နေမကောင်း၍အိမ်တွင်နားနေရကြောင်း၊အသင်း မှ ကိုဗစ်ကာကွယ်ရေးအတွက် လူနာများပို့ဆောင်မှုများမြင်ရကြောင်း၊ပိုးသတ်ဆေးဖြန်းရာတွင် ဝန်ထမ်းများ၊ပရဟိတလူငယ်များအားသနားကြောင်း၊ကျွန်တော်မှလည်းအဟာရဒါနကျွေးမွေးနေပြီဖြစ်ကြောင်းပြောပြီးသကာလ ကိုရူပမှ ဒီလိုစက်ကြီးနဲ့ဆိုရင်ကောင်းမယ်ဗျာ ဟုပြောပြီး ပြည်ပနိုင်ငံတစ်ခုတွင်လမ်းမကြီးအားပိုးသတ်ဆေးဖြန်းနေသည့်ပုံအားပို့လိုက်သည်

ကျွန်တော်မှ အနားတွင်ရှိသော CEO ကိုခိုင်ဖြိုး အားပြသရာ ရန်ကုန်မြို့ဘုရင့်နောင်တွင်ရှိကြောင်းပြော၍ ချက်ခြင်းစုံစမ်းကြည့်ရာ ပိုးသတ်ဆေး ဘုရင့်နောင် တွင် သွား၍ဝယ်နေသော နာကူရှေ့တန်းအဖွဲ့များမှစုံစမ်းရာ ဈေးနှုန်းသိရ၍ ကိုရူပအားအလှူရှင်ရှာခိုင်းလိုက်မိသည်။

ကိုရူပ မှလည်း ကျွန်တော့်နည်းတူ စိတ်မြန်လက်မြန်ဖြင့် သူလှူမယ်ဟု ချက်ခြင်းငွေပို့လိုက်၍ ယနေ့ကျွန်တော်တို့ အများပြည်သူတို့အတွက် ထိရောက်သော ကူညီမှုကို ထမ်းရွက်ပေးနိုင်ခြင်းဖြစ်ပေတော့သည်။

စက်တန်ဖိုး (၁၄၀၀၀၀ဝိ/-)တစ်ဆယ့်လေးသိန်း၊မီးစက်ဖိုး(၈၀၀၀၀ဝိ/-)ရှစ်သိန်းကျပ်ကို ချက်ခြင်းမဆိုင်းမတွ ပေးခြေလှူဒါန်းခဲ့သည့် ကိုရူပနှင့် မီးစက်ဖိုးအား ပူးပေါင်းပါဝင်လှူဒါန်းကြသော ကိုထွန်းကိုကို၊ကိုသားကြီး၊ကိုအောင်လေးတို့အဖွဲ့အားအထူးကျေးဇူးတင်ရှိ သာဓု သာဓု သာဓုခေါ်ဆိုအပ်ပါသည်။

အချုပ်ဆိုရသော် ပရဟိတနှင့်ပါတ်သက်လာရင် စိတ်မြန်သောကျွန်တော်နှင့် အလှူဒါနတွင် လက်မနှေးသော ကိုရူပနှင့်အလှူရှင်တို့ အပြင် ခြေမြန်လက်မြန်ပရဟိတမျိုးဆက်များပေါင်းမိခြင်း၏ရလာဒ်ကား ပြည်သူတို့အတွက် ထိရောက်သော အကျိုးကျေးဇူးပင်ဖြစ်ခဲ့ရပါပြီ။(ခြေမြန် လက်မြန်ပေ လို့။ ဒီနေ့မှ ဝယ်ရင် ဆိုင်မှာ ပစ္စည်းပြတ်သွားပြီလေ)

Flower

Written by