ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မျက်လုံးခွဲစိတ်ကုသမှုခံယူခဲ့ရတဲ့ ပက်ထရစ်ရှာ

Flower

ချစ်စရာအပြုံးလေးနဲ့ ဘိုမရုပ်လေးလို လှလွန်းတဲ့ ရှာရှာကတော့ သူမရဲ့မျက်စိဝေဒနာကြောင့် ဘန်ကောက်မှာ သွားရောက်ခွဲစိတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက မျက်လုံးအားနည်း ခဲ့ပေမယ့် အဆင်ပြေသေးတယ်ဆိုပြီး ဒီတိုင်းနေနေရင်းက နောက်ဆုံးမှာတော့ ဘန်ကောက်ကို သွားရောက်ခွဲစိတ်ဖို့ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်။ မခွဲစိတ်ခင်ကကြောက်နေပေမယ့် တကယ်တမ်းခွဲစိတ်တော့လည်း အချိန်သိပ်မကြာပဲ အဆင်ပြေခဲ့တယ်လို့ဆိုပါတယ်။

ပရိသတ်တွေကစိတ်ပူလို့ဝိုင်းဝန်းမေးမြန်းတဲ့အခါမှာလည်း ရှာရှာတစ်ယောက် စိတ်ရှည် လက်ရှည်နဲ့ ပြန်လည်ဖြေကြားပေးခဲ့ပါသေး တယ်။ မျက်လုံးခွဲစိတ်တာကို အလှအပဆိုင်ရာ ခွဲစိတ်တယ်လို့ထင်ပြီး မှတ်ချက်ပေးသူတစ်ယောက်ကို ” Plastic surgery လုပ်ရင် အဲ့လို မျက်လုံးကြီးတစ်ဖက်တည်းကို ကာထားရတာပေါ့? ခွဲစိတ်တာနဲ့ပဲ plastic surgery လို့ တွေးချ လိုက်ရော ” ဆိုပြီးလည်း ပြန်လည်ရှင်းပြ ခဲ့ပါသေးတယ်။

ခွဲစိတ်ခန်းဝင်ပြီး ပြန်ထွက်လာတဲ့ပုံရိပ်လေးတွေကို ” Operation successfully completed ကြောက်နေခဲ့ပေမယ့် တကယ်တမ်းခွဲစိတ် တော့အချိန်က ၁၅ မိနစ်လောက်ပဲကြာတယ် ” ဆိုပြီး ဝေမျှခဲ့တာပဲဖြစ်ပါတယ်။ အမြန်ဆုံးသက်သာပြီး အနုပညာအလုပ်တွေကို အကောင်းမွန်ဆုံး ပြန်လည်ပတ်နိုင်ပါစေ ရှာရှာရေ။

Credit – Cele Zone

Flower

Zawgyi





Written by 

Flower