သက်ကြီးဟာသလူရွှင်တော်ကြီးများကို အလှူငွေများနဲ့အတူ ရိုသေစွာကန်တော့ခဲ့တဲ့ ခင်လှိုင်

Flower

ဟာသသရုပ်ဆောင် လူရွှင်တော်ဦးခင်လှိုင်ကတော့ ပရိသတ်တွေရယ်မောပျော်ရွှင်စေမယ့် ဟာသ တွေနဲ့အမြဲဖျော်ဖြေတင်ဆက်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ် ။အပြင်လောကမှာလည်း အနုပညာညီအစ်ကိုမောင်နှမတွေနဲ့အတူစနောက်နေတတ်ပြီး အတူရှိနေသူတိုင်းကိုအမြဲရယ်မောပြုံးပျော်စေတတ်တဲ့သူပါ။ခင်လှိုင်ကတော့ ဟာသလူရွှင်တော်၊သရုပ်ဆောင်တစ်ယောက်အနေနဲ့သာမက ဒါရိုက်တာတစ်ယောက်အနေနဲ့ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးနေတာဖြစ်ပါတယ်။

မကြာသေးခင်ကရုံတင်ပြသခဲ့တဲ့ “ပလေယာ”ရုပ်ရှင်ဇာတ်ကားမှာလည်း လှိုင်သာယာတခွင်ရိုက်ရမှာလား ၊ခွဲရမှာလား ၊ချိုးရမှာလား ၊ဖြတ်ရမှာလား ကြိုက်ကြေးပေးရင် အကုန်ပြီးတဲ့ရပ်ကွက်လူမိုက် ကျော်ဇင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ခင်လှိုင်နဲ့အတူ မြင့်မြတ်၊ ထွန်းထွန်း၊ ဂျိုကာ၊ တိုင်ရွန်၊ အေးချမ်းမောင်၊ ကေညီ၊ စိုးမြတ်သူဇာ ၊အိချောပို၊ ဆောင်းဝတ်ရည်မေ၊ မေမီကိုကိုနှင့် သရုပ်ဆောင်များစွကာပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

အဆိုပါရုပ်ရှင်ဇာတ်ကားလေးမှာ ရုံတင်ပြချိန်အတွင်းပရိသတ်အားပေးမှုကိုအခိုင်အမာရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ခင်လှိုင်ကသူကိုင်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ “ပလေယာ”ရုပ်ရှင်ဇာတ်ကားအောင်မြင်တဲ့ အထိမ်းအမှတ်အနေနဲ့သက်ကြီးဟာသလူရွှင်တော်ကြီးများကို အလှူငွေများနဲ့အတူ ရိုသေစွာကန်တော့ခဲ့တယ်လို့သိရပါတယ်။ပရိသတ်ကြီးရေ ခင်လှိုင်ရဲ့မွန်မြတ်လှတဲ့အလှူအတွက်သာဓုခေါ်ခဲ့ကြပါဦးနော်……

Flower

Source:Cele Gabar

Zawgyi





Written by 

Flower