အခွီးစတိုင်လေးနဲ့ ထမင်းစားနေတဲ့ ဘင်ဘင်၊အက်စတာနဲ့စေးစေးတို့ရဲ့ ဗီဒီယိုလေး

Flower

မြန်မာနိုင်ငံမှာစီစဉ်တင်ဆက်လျက်ရှိတဲ့သီချင်းဆိုပြိုင်ပွဲတွေအထဲမှာမှ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲကြီးကတော့ အခုဆိုရင်ကျင်းပလာခဲ့တာ Season- 4 အထိရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ပြည်သူချစ်အဆိုတော်(၄၃)ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပြီး နောက်ဆုံးပြိုင်ပွဲဖြစ်တဲ့ Season-4 ကတော့ မကြာသေးခင်ကမှ ပြီးဆုံးသွားတာမို့ ချစ်စရာကောင်းတဲ့ ပြိုင်ပွဲဝင်လေးတွေကိုတော့ ပရိသတ်ရဲ့ရင်ထဲမှာ စွဲစွဲမြဲမြဲကျန်ရစ်နေဦးမှာတော့ အမှန်ပါပဲနော်။


သူတို့ထဲကမှ ဘင်ဘင်၊အက်စတာနဲ့ စေးစေးကတော့ ပရိသတ်ရဲ့အချစ်ကိုများစွာသိမ်းပိုက်ခဲ့တဲ့သူတွေဖြစ်ပြီး အမြဲတမ်း စစနောက်နောက်နဲ့ပရိသတ်တွေပျော်အောင် ဖန်တီးပေးလေ့ရှိသူတွေလည်း ဖြစ်ပါတယ်။ပြိုင်ပွဲကြီးပြီးဆုံးချိန်မှာ ကိုယ်စီအနုပညာခရီးကိုလျှောက်လှမ်းနေကြပေမယ့် အားရင်အားသလိုတွေ့ဖြစ်ကြပြီး ရယ်မောစရာလေးတွေ လုပ်လေ့ရှိသူတွေလည်း ဖြစ်ပါတယ်။ဘင်ဂျမင် နဲ့အက်စတာကတော့ ချင်းတိုင်းရင်းသားတွေဖြစ်ပြီး စေးစေးကတော့ လီဆူတိုင်းရင်းသူလေးတစ်ယောက်ပါ။ရိုးသားပွင့်လင်းစွာနဲ့ပျော်ပျော်ရွှင်ရွှင် နေလေ့ရှိတဲ့သူတို့တွေကတော့ ဒီတစ်ခေါက်မှာလည်း တစ်ယောက်ကိုစတိုင်တစ်မျိုးစီနဲ့ ထမင်းစားတဲ့ဗွီဒီယိုလေးကို မျှဝေပေးလိုက်ပြီး ပရိသတ်တွေကတော့ များစွာသဘောကျခဲ့ရပါတယ်။

တစ်ယောက်တစ်မျိုးမရိုးနိုင်အောင် အခွီသရုပ်ဆောင်ပြီး ထမင်းစားပြထားတဲ့ သူတို့ရဲ့ဗွီဒီယိုဖိုင်လေးကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။ဘယ်သူထမင်းစားတဲ့ပုံစံကို အကြိုက်ဆုံးလဲ မှတ်ချက်လေးရေးပေးခဲ့ပါဦးနော်။

Credit- Cele Gabar

Zawgyi

Flower

အခြီးစတိုင္ေလးနဲ႕ ထမင္းစားေနတဲ့ ဘင္ဘင္၊အက္စတာနဲ႔ေစးေစးတို႕ရဲ႕ ဗီဒီယိုေလး

ျမန္မာႏိုင္ငံမွာစီစဥ္တင္ဆက္လ်က္ရွိတဲ့သီခ်င္းဆိုၿပိဳင္ပြဲေတြအထဲမွာမွ ပရိသတ္အားေပးမႈအခိုင္အမာရရွိထားတဲ့ ျမန္မာအိုင္ေဒါသီခ်င္းဆိုၿပိဳင္ပြဲႀကီးကေတာ့ အခုဆိုရင္က်င္းပလာခဲ့တာ Season- 4 အထိေရာက္ရွိလာခဲ့ၿပီျဖစ္ပါတယ္။ျပည္သူခ်စ္အဆိုေတာ္(၄၃)ေယာက္ကို ေမြးထုတ္ေပးႏိုင္ခဲ့ၿပီျဖစ္ၿပီး ေနာက္ဆုံးၿပိဳင္ပြဲျဖစ္တဲ့ Season-4 ကေတာ့ မၾကာေသးခင္ကမွ ၿပီးဆုံးသြားတာမို႔ ခ်စ္စရာေကာင္းတဲ့ ၿပိဳင္ပြဲဝင္ေလးေတြကိုေတာ့ ပရိသတ္ရဲ႕ရင္ထဲမွာ စြဲစြဲၿမဲၿမဲက်န္ရစ္ေနဦးမွာေတာ့ အမွန္ပါပဲေနာ္။

သူတို႔ထဲကမွ ဘင္ဘင္၊အက္စတာနဲ႔ ေစးေစးကေတာ့ ပရိသတ္ရဲ႕အခ်စ္ကိုမ်ားစြာသိမ္းပိုက္ခဲ့တဲ့သူေတြျဖစ္ၿပီး အၿမဲတမ္း စစေနာက္ေနာက္နဲ႔ပရိသတ္ေတြေပ်ာ္ေအာင္ ဖန္တီးေပးေလ့ရွိသူေတြလည္း ျဖစ္ပါတယ္။ၿပိဳင္ပြဲႀကီးၿပီးဆုံးခ်ိန္မွာ ကိုယ္စီအႏုပညာခရီးကိုေလွ်ာက္လွမ္းေနၾကေပမယ့္ အားရင္အားသလိုေတြ႕ျဖစ္ၾကၿပီး ရယ္ေမာစရာေလးေတြ လုပ္ေလ့ရွိသူေတြလည္း ျဖစ္ပါတယ္။ဘင္ဂ်မင္ နဲ႔အက္စတာကေတာ့ ခ်င္းတိုင္းရင္းသားေတြျဖစ္ၿပီး ေစးေစးကေတာ့ လီဆူတိုင္းရင္းသူေလးတစ္ေယာက္ပါ။႐ိုးသားပြင့္လင္းစြာနဲ႔ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနေလ့ရွိတဲ့သူတို႔ေတြကေတာ့ ဒီတစ္ေခါက္မွာလည္း တစ္ေယာက္ကိုစတိုင္တစ္မ်ိဳးစီနဲ႔ ထမင္းစားတဲ့ဗြီဒီယိုေလးကို မွ်ေဝေပးလိုက္ၿပီး ပရိသတ္ေတြကေတာ့ မ်ားစြာသေဘာက်ခဲ့ရပါတယ္။

တစ္ေယာက္တစ္မ်ိဳးမ႐ိုးႏိုင္ေအာင္ အခြီသ႐ုပ္ေဆာင္ၿပီး ထမင္းစားျပထားတဲ့ သူတို႔ရဲ႕ဗြီဒီယိုဖိုင္ေလးကို ဆယ္လီကမာၻပရိသတ္ႀကီးအတြက္ မွ်ေဝေပးလိုက္ပါတယ္ေနာ္။ဘယ္သူထမင္းစားတဲ့ပုံစံကို အႀကိဳက္ဆုံးလဲ မွတ္ခ်က္ေလးေရးေပးခဲ့ပါဦးေနာ္။

Written by 

Flower