ရွှေကြိုပြိုင်ပွဲတစ်ဦးဖြစ်တဲ့ မေလသံစဉ်ရဲ့ အမိုက်စားကကွက်လေးတွေနဲ့ ကထားတဲ့ tik tok ဖိုင်အသစ်လေး

Flower


 


 

 

Flower


Angella(Cele Connections)

ယူနီကုဒ်ဖြင့်ဖတ်ရန်

“ရွှေကြိုပြိုင်ပွဲတစ်ဦးဖြစ်တဲ့ မေလသံစဉ်ရဲ့ အမိုက်စားကကွက်လေးတွေနဲ့ ကထားတဲ့ tik tok ဖိုင်အသစ်လေး”

 

CeleConnections ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ့် တက်သစ်စအဆိုတော်တစ်ဦးဖြစ်တဲ့ မေလသံစဉ်နဲ့ အထွေအထူးမိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်နော်။ အဆိုတော်ကြီးဖြိုးပြည့်စုံနဲ့ မေလသံစဉ်တို့ရဲ့ သီချင်းဖြစ်တဲ့ “ပြန်စုံစည်းခွင့်ပေး”သီချင်းကတော့ အဝေးရောက်နေတဲ့ ချစ်သူတွေအတွက်သီဆိုထားတာကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ သူမကတော့ အကပိုင်းမှာကော အဆိုပိုင်းမှာပါ ကျွမ်းကျင်တဲ့ အဆိုတော်တစ်လက်ဆိုလည်းမမှားလောက်ပါဘူး။ မေလကတော့ အပြုံးချိုချိုလေးတွေကြောင့် ပုရိသပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတစ်ဦးပါ။
မေလသံစဉ်ကတော့ ၂၀၁၉ရဲ့ ရွှေကြိုမောင်မယ်ရွေးပွဲမှာလည်း ဝင်ပြိုင်နေတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

 

အခုခေတ်စားနေတဲ့ Tik Tokလေးတွေကိုလည်း စတင်ဆော့နေတတ်တဲ့ သူတစ်ဦးပါ။ သူမဟာဆိုရင် ပရိသတ်တွေအတွက် ချစ်ဖို့ကောင်းတဲ့ ပုံရိပ်လေးတွေနဲ့ Tik Tokဗီဒီယိုဖိုင်လေးတွေကို လူမှုကွန်ယက်စာမျက်နှာမှာတင်ပေးလေ့ရှိပါတယ်။ မတ်လ(၁၇)ရက်နေ့မှာ မေလသံစဉ်ကတော့ “ခေတ်စားနေတဲ့ သီချင်းလေးနဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန် သရုပ်ဆောင်ကာ” ဗီဒီယိုလေးကို စာမျက်နှာပေါ်မှာတင်လာခဲ့တာပါ။ ဗီဒီယိုလေးထဲမှာ သူမနဲ့ မတူညီတဲ့ ပုံစံမျိုးဖြင့် အမိုက်စား Tik Tokလေးကို တင်ပေးလိုက်တာပါပဲနော် ပရိသတ်ကြီးရေ….။

 

CeleConnectionsပရိသတ်တွေအတွက် မေလသံစဉ်ရဲ့ချစ်စရာကောင်းတဲ့ အမူအရာအပြည့်နဲ့ Tik Tokဗီဒီယိုဖိုင်လေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း မေလသံစဉ်ကို အားပေးချစ်ခင်တယ်ဆိုရင် မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါနော်။

Soure…. May La Thanzin’sFacebook

Written by 

Flower