လက်ကို သေချာဆေးပြီး မျက်နှာသစ်တိုင်း သရဏဂုံရွတ်တဲ့ ဆုပန်ထွာသားလေး Roar Raor ရဲ့ ဗီဒီယိုဖိုင်လေး

Flower

က်ရာဇာတ္ရုပ္တိုင္းကို ဘယ္က႑ကမဆို ပီျပင္ေအာင္ သရုပ္ေဆာင္နိုင္တဲ့ မင္းသမီး ဆုပန္ထြာကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ရင္းနွီးခ်စ္ခင္ၿပီးသားျဖစ္မယ္ထင္ပါတယ္ေနာ္..။ ပရိသတ္ေတြရဲ႕ အခ်စ္နဲ႕ အားေပးမႈေတြကို ရရွိထားတဲ့ ဆုပန္ထြာကေတာ့ ခ်စ္စရာေကာင္းတဲ့သားေလးနဲ႕ ေပ်ာ္ရႊင္ေအးခ်မ္းတဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ထားတဲ့သူပဲျဖစ္ပါတယ္..။ အနုပညာအလုပ္ေတြကိုလည္း အဆက္မျပတ္လုပ္ကိုင္ေနသလို သားသားေလး Roar ေလးအတြက္လည္း အခ်ိန္ေပးကာ ပဲ့ျပင္ဆံုးမတဲ့ မိခင္ေကာင္းတစ္ေယာက္ဆုိရင္လည္း မွားမယ္မထင္ပါဘူး..။

 

 

 

ဆုပန္ထြာကေတာ့ ခ်စ္စရာေကာင္းၿပီး လိမၼာတဲ့သားေလး Roar Roar Kyaw ေလးကို လူႀကီးသူမေတြအေပၚ လိမၼာယဥ္ေက်းေအာင္ ေျပာဆိုဆက္ဆံတတ္ဖုိ႕ သင္ေပးျဖစ္တဲ့အေၾကာင္းေလးေတြနဲ႕ သားျဖစ္သူရဲ႕ ခ်စ္စရာေကာင္းတဲ့ ပံုရိပ္ေလးေတြကုိ သူမရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္ေပးေလ့ရွိသူပါ..။ ဒီေန႕ မတ္လ (၁၇)ရက္ေန႕မွာေတာ့ ဆုပန္ထြာက “(17.3.2020) Roar Roar Kyaw တစ္ေန႔တစ္ေန႔လုပ္ေနက်အလုပ္ေလးပါ။ အၿမဲလက္ကေလးေတြစင္ၾကယ္ေအာင္ေဆး၊မ်က္ႏွာသစ္ရင္ “သရဏဂုံ” ႐ြတ္။ ကိုယ္ကအရင္ကတည္းကအိမ္ကလူေတြအားလုံး၊အျပင္ကျပန္လာရင္ လက္ေဆး။ တစ္ခုခုဆိုမကိုင္ခင္လက္အရင္ေဆးခိုင္းတာ။(အိမ္အကူညီမေလးတစ္ေယာက္ဆိုလက္ေဆးခိုင္းလို႔ဆိုၿပီးမလုပ္ခ်င္‌ေတာ့လို႔ဆိုၿပီးျပန္သြားဖူးပါတယ္ ။) အခု ဝူဟန္ကာကြယ္ဖို႔လႉံ႔ေဆာ္ၾကေတာ့ အားလုံးကိုအဓိက ဦးဆုံးလုပ္ခိုင္းတာ လက္ကိုစင္ၾကယ္ေအာင္ေဆးတာကစတာပါပဲ။

Flower

 

 

 

 

ေဆး႐ုံ၊ေဆးခန္းေတြမွာ အၿမဲကပ္ထားေပးေနက်ေဆာင္ပုဒ္ေလး။ လက္ေဆးတိုင္း Roar Roar ႐ြတ္ေနက် ေလး Video ေလးတင္ေပးလိုက္ပါတယ္။ အားလုံးလူက်န္းမာ၊စိတ္ခ်မ္းသာၾကပါေစ။”ဖဝါး၊ဖမိုး လက္ေခါက္ခ်ိဳး။ လက္မ၊လက္ၾကား မက်န္ရ။ ကုတ္၍ျခစ္ပါ လကၡဏာ။ လက္ေကာက္ဝတ္မွာ အဆုံးသတ္ပါ။”ဆုိၿပီး ေန႕စဥ္ အက်င့္ေကာင္းေလးျဖစ္ေအာင္ ေလ့က်င့္ေပးျဖစ္ခဲ့ပံုေလးကို သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ တင္လာခဲ့ပါတယ္ေနာ္..။ လိမၼာလြန္းတဲ့သားသားေလး Roar Roar ေလးကလည္း ခ်စ္ဖို႕ေကာင္းေအာင္ ေမေမသင္ေပးတဲ့အတိုင္း လိုက္လုပ္ကာ ျပံဳးေပ်ာ္ေနတာပါပဲေနာ္ ပရိသတ္ႀကီး..။ Cele Connections ပရိသတ္ႀကီးအတြက္လည္း လက္ေသးေသးေလးေတြနဲ႕မ်က္နွာသစ္ကာ လက္ကို ေသခ်ာေဆးရင္း သရဏဂံုပါရြက္ေနတဲ့ ဆုပန္ထြာသားေလး Roar Roar ေလးရဲ႕ ဗီဒီယုိဖို္င္ေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္..။
Source: Supan Htwar’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“လက်ကို သေချာဆေးပြီး မျက်နှာသစ်တိုင်း သရဏဂုံရွတ်တဲ့ ဆုပန်ထွာသားလေး Roar Raor ရဲ့ ဗီဒီယိုဖိုင်လေး”

ကျရာဇာတ်ရုပ်တိုင်းကို ဘယ်ကဏ္ဍကမဆို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီး ဆုပန်ထွာကိုတော့ Cele Connections ပရိသတ်ကြီးလည်း ရင်းနှီးချစ်ခင်ပြီးသားဖြစ်မယ်ထင်ပါတယ်နော်..။ ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးမှုတွေကို ရရှိထားတဲ့ ဆုပန်ထွာကတော့ ချစ်စရာကောင်းတဲ့သားလေးနဲ့ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့သူပဲဖြစ်ပါတယ်..။ အနုပညာအလုပ်တွေကိုလည်း အဆက်မပြတ်လုပ်ကိုင်နေသလို သားသားလေး Roar လေးအတွက်လည်း အချိန်ပေးကာ ပဲ့ပြင်ဆုံးမတဲ့ မိခင်ကောင်းတစ်ယောက်ဆိုရင်လည်း မှားမယ်မထင်ပါဘူး..။

ဆုပန်ထွာကတော့ ချစ်စရာကောင်းပြီး လိမ္မာတဲ့သားလေး Roar Roar Kyaw လေးကို လူကြီးသူမတွေအပေါ် လိမ္မာယဉ်ကျေးအောင် ပြောဆိုဆက်ဆံတတ်ဖို့ သင်ပေးဖြစ်တဲ့အကြောင်းလေးတွေနဲ့ သားဖြစ်သူရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိသူပါ..။ ဒီနေ့ မတ်လ (၁၇)ရက်နေ့မှာတော့ ဆုပန်ထွာက “(17.3.2020) Roar Roar Kyaw တစ်နေ့တစ်နေ့လုပ်နေကျအလုပ်လေးပါ။ အမြဲလက်ကလေးတွေစင်ကြယ်အောင်ဆေး၊မျက်နှာသစ်ရင် “သရဏဂုံ” ရွတ်။ ကိုယ်ကအရင်ကတည်းကအိမ်ကလူတွေအားလုံး၊အပြင်ကပြန်လာရင် လက်ဆေး။ တစ်ခုခုဆိုမကိုင်ခင်လက်အရင်ဆေးခိုင်းတာ။(အိမ်အကူညီမလေးတစ်ယောက်ဆိုလက်ဆေးခိုင်းလို့ဆိုပြီးမလုပ်ချင်‌တော့လို့ဆိုပြီးပြန်သွားဖူးပါတယ် ။) အခု ဝူဟန်ကာကွယ်ဖို့လှူံ့ဆော်ကြတော့ အားလုံးကိုအဓိက ဦးဆုံးလုပ်ခိုင်းတာ လက်ကိုစင်ကြယ်အောင်ဆေးတာကစတာပါပဲ။

ဆေးရုံ၊ဆေးခန်းတွေမှာ အမြဲကပ်ထားပေးနေကျဆောင်ပုဒ်လေး။ လက်ဆေးတိုင်း Roar Roar ရွတ်နေကျ လေး Video လေးတင်ပေးလိုက်ပါတယ်။ အားလုံးလူကျန်းမာ၊စိတ်ချမ်းသာကြပါစေ။”ဖဝါး၊ဖမိုး လက်ခေါက်ချိုး။ လက်မ၊လက်ကြား မကျန်ရ။ ကုတ်၍ခြစ်ပါ လက္ခဏာ။ လက်ကောက်ဝတ်မှာ အဆုံးသတ်ပါ။”ဆိုပြီး နေ့စဉ် အကျင့်ကောင်းလေးဖြစ်အောင် လေ့ကျင့်ပေးဖြစ်ခဲ့ပုံလေးကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်နော်..။ လိမ္မာလွန်းတဲ့သားသားလေး Roar Roar လေးကလည်း ချစ်ဖို့ကောင်းအောင် မေမေသင်ပေးတဲ့အတိုင်း လိုက်လုပ်ကာ ပြုံးပျော်နေတာပါပဲနော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးအတွက်လည်း လက်သေးသေးလေးတွေနဲ့မျက်နှာသစ်ကာ လက်ကို သေချာဆေးရင်း သရဏဂုံပါရွက်နေတဲ့ ဆုပန်ထွာသားလေး Roar Roar လေးရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..။
Source: Supan Htwar’s Facebook

Written by 

Flower