ယနေ့ည(၇:၃၀)ထိ မြစ်ထဲရေနစ်သည့် ကလေးအား ရှာမတွေ့သေးပါ(ရုပ်သံ)

Flower

ည(၇:၃၀)ထိ မြစ်ထဲရေနစ်သည့် ကလေးအား ရှာမတွေ့သေးပါ

ည(၇)နာရီ(၃၀)ထိ ကျွန်တော်တို့ ကယ်ဆယ်ရေးအဖွဲ့တွေ သံလွင်မြစ်အတွင်း လူအင်အားဖြင့် ရေငုတ်ပေးခြင်း ပိုက်ဆွဲခြင်း ငါးမျှားချိတ်တန်းခြင်းတို့ဖြင့် ရှာဖွေပေးနေသော်လည်း မတွေ့သေးပါ

မြစ်ရေကလဲ တက်ချိန်ဖြစ်နေတော့ ရှာရခက်ပါတယ်။ ရေကလဲ ချောက်နက်ပါတယ်။ မိသားစုတွေရဲ့ အပူမီးကို ကိုယ်ချင်းစာနာသောအားဖြင့် ကလေးကို ပြန်လည်တွေ့တဲ့အထိ မြစ်ရေအခြေအနေပေါ်မူတည်ပြီး ရှာဖွေပေးမှာပါ။

ဖြစ်စဉ် … 17.3.2020 (4:50)Pm ခန့် မော်လမြိုင်မြို့ ပန်းဘဲတန်းရပ်ကွက် ကမ်းနားလမ်း ကျားတံတားရပ် ရာမညကုန်တိုက်နား သဲဆိပ် သံလွင်မြစ်အတွင်း ရေဆင်းကူးရာမှ ကလေး တယောက်ရေနစ် ပျောက်ဆုံး …

Flower

မောင်လွှမ်းမိုးထက်(ခ)ဇင်ပိုင်ဖြိုး ၉ နှစ် (၃)တန်း မော်လမြိုင် မရမ်းကုန်းရပ် ကိုင်းတောရပ်နေသူဟု သိရပါသည်။

မော်လမြိုင် မြို့ပေါ် Rescue လူမှုကယ်ဆယ်ရေးအဖွဲ့များမှ ရှာဖွေပေးနေ။

Videoကြည့်ရန်

Credit.

Written by 

Flower