အိုက်တင်အမူအရာလေးတွေနဲ့ အပီအပြင်သရုပ်ဆောင်ထားတဲ့ အေးမြတ်သူရဲ့ အခွီဗီဒီယိုဖိုင်လေး

Flower


 

 


 

Flower

 


Angella(CeleConnections)

ယူနီကုဒ်ဖြင့်ဖတ်ရန်

“အိုက်တင်အမူအရာလေးတွေနဲ့ အပီအပြင်သရုပ်ဆောင်ထားတဲ့ အေးမြတ်သူရဲ့ အခွီဗီဒီယိုဖိုင်လေး”

 

မြန်မာနိုင်ငံရဲ့နာမည်ကြီးသရုပ်ဆောင်တွေထဲကမှ ရိုးရိုးယဉ်ယဉ်လေးတွေဝတ်ဆင်တတ်ပြီး ပုရိသတွေရဲ့အသည်းကျော်မင်းသမီးတစ်ဦးဖြစ်တဲ့ အေးမြတ်သူနဲ့ တရင်းတနှီးမိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ အေးမြတ်သူကတော့ ပါးချိုင့်လေးနဲ့ချစ်ဖို့ကောင်းတဲ့မင်းသမီးချောလေးတစ်လက်ဆိုလည်းမမှားလောက်ပါဘူးနော်။ သူမဟာဆိုရင် သရုပ်ဆောင်မှုအပိုင်းမှာလည်း ကျရာဇာတ်ရုပ်ကို စိတ်ထဲနှစ်ပြီ ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့မင်းသမီးတစ်ဦးဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုအများဆုံးရရှိလာသူတစ်ဦးပါ။ အေးမြတ်သူက ယခုချိန်ထိမိဘတွေကို လုပ်ကျွေးပြုစုရင်း Single ဘဝနဲ့သာဖြတ်သန်းလျက်ရှိပါတယ်။

 

အေးမြတ်သူကတော့ သူမရဲ့ ချစ်ခင်ရတဲ့ပရိသတ်တွေအတွက် နန်းဆန်လွန်းလှတဲ့ပုံရိပ်လေးတွေနဲ့ tik tokလေးတွေဆော့ပြီး ဗီဒီယိုဖိုင်လေးတွေကို တင်ပေးလေ့ရှိသူတစ်ဦးပါ။ မတ်လ(၁၇)ရက်နေ့မှာ အေးမြတ်သူက”ကလေးတစ်ယောက်ရဲ့သွားကျိုးတဲ့ ဟာသTik Tokလေးကို “သရုပ်ဆောင်ကာ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့ ပရိသတ်တွေကို တစ်ခါတစ်လေမှာ ဟာသဗီဒီယိုလေးကိုတင်လာခဲ့တာပါပဲနော်။

 

Cele Connectionsပရိသတ်တွေအတွက် အေးမြတ်သူရဲ့ ချစ်စဖွယ်သရုပ်ဆောင်ထားတဲ့ Tik Tokဗီဒီယိုဖိုင်လေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း မမြတ်လေးကိုချစ်တယ်ဆိုရင် မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါနော်။

Soure…Aye Myat Thu’s Facebook

Written by 

Flower