ဝူဟန်ကြောင့် ကုန်ဈေးနှုန်းမတက်ပဲ ၊ လျော့ပြီးတော့ပင် ရောင်းနေတဲ့ ချစ်စရာ မန္တလေးသားများ

Flower

အခုဆိုရင် WHO က ဝူဟန်ဗိုင်းရပ်စ်ခေါ် Covid-19 ကို ကမ္ဘာ့ ကပ်ရောဂါအဖြစ် ကြေငြာခဲ့ပြီဖြစ်သလို ၊နိုင်ငံတော်တော်များများမှာလည်း Panic Buying လို့ခေါ်တဲ့ စိုးရိမ်စိတ်ကြောင့် ကုန်စည်တွေကို ယခင်ထက် ပိုမိုစုဆောင်းတာတွေလုပ်နေကြပါတယ်။

ဒါပေမယ့် မန်တလေး သားတွေကတော့ ဒီလိုမဟုတ်ပါဘူး။ ယခင်ဈေးထက်တောင် လျော့ရောင်းပေးပါသေးတယ်။ ပြီးတော့ စိုးရိမ်စိတ် မရှိကြဖို့နဲ့ ဆန်တွေလည်းရှိတဲ့အကြောင်း ဆန်လည်း မပြတ်ပါဘူးဆိုတဲ့ အကြောင်းတွေကို အသိပေးလာပါတယ်။ ဒီလို အသိပေးတဲ့ မိတ်ဆွေတစ်ယောက်ကို မေးကြည့်တဲ့ အခါမှာတော့….

“တစ်နိုင်ငံလုံး ဒုက္ခရောက်နေချိန်မှာ ကိုယ့်အတွက်ပဲ အမြတ်ကြီးစားရမှာ ရှက်လို့ပါ ”ဆိုတဲ့ စကားဟာ အတော်လေး သင်ခန်းစာယူစရာမို့ အားလုံး သိအောင် မျှဝေလိုက်ပါတယ်။

Flower

မြန်မာနိုင်ငံသားများ ဒီလိုစိတ်ထားမျိုးကို အတုယူနိုင်ကြပါစေ။

Unicode Versionဖြ​င့်ဖတ်ရန်

အခုဆိုရင် WHO က ဝူဟန်ဗိုင်းရပ်စ်ခေါ် Covid-19 ကို ကမ္ဘာ့ ကပ်ရောဂါအဖြစ် ကြေငြာခဲ့ပြီဖြစ်သလို ၊နိုင်ငံတော်တော်များများမှာလည်း Panic Buying လို့ခေါ်တဲ့ စိုးရိမ်စိတ်ကြောင့် ကုန်စည်တွေကို ယခင်ထက် ပိုမိုစုဆောင်းတာတွေလုပ်နေကြပါတယ်။

ပြီးခဲ့တဲ့ အပတ်လောက်မှာလည်း ရန်ကုန်က ဈေးဝယ်စင်တာတွေမှာ ပစ္စည်းများ ပြတ်မတတ်လုယက်ဝယ်ယူနေကြတာတွေကိုလည်းတွေ့ရပါတယ်။ အခုလို ဖြစ်လာပြီဆိုရင်တော့ ဈေးသည်တွေဟာ ဈေးကို အဆမတန် တင်ရောင်းကျလေ့ရှိပါတယ်။ အခုတောင် MASK တစ်ခု ဘယ်လောက်ပါလဲနော်။

Written by 

Flower