ဟယ်လ်ပင်ကလေးဆေးရုံကြီးမှာ အလှူငွေတွေနဲ့အတူ နှာခေါင်းစည်း၊ လက်သန့်ဆေးရည်တွေ လှူဒါန်းခဲ့တဲ့ ရွှေကစ်

Flower

မြန်မာနိုင်ငံရဲ့ ထိပ်တန်းစာရင်းဝင်တဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ပရိသတ်အခိုင်အမာရရှိထားပြီး အကယ်ဒမီရွှေစင်ဆုတွေကိုလည်း သိမ်းပိုက်ရရှိထားသူလေးပဲဖြစ်ပါတယ်။ဝတ်မှုံရွှေရည်ကတော့ သူတစ်ပါးအပေါ်မှာလည်းကိုယ်ချင်းစာတရားအပြည့်နဲ့ကူညီတတ်တာကြောင့် ပရိသတ်တွေ အချစ်ပိုနေရတဲ့သူဆိုလဲမမှားပါဘူးနော်..။

လတ်တလောမှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်ကိုကာကွယ်ဖို့အတွက်ဒီနေ့မှာတော့ ဝတ်မှုံရွှေရည်က Covid 19 နဲ့ ပတ်သတ်တဲ့အခြေအနေတွေက မျိုးစုံကြားနေရတော့ ချစ်တဲ့ပရိသတ်ကြီး လက်ကိုသေချာဆေးကြပါ..တစ်ကိုယ်ရေကာကွယ်မှုတွေကို ဂရုတစိုက်လုပ်ကြပါလို့ သူ့ရဲ့ပရိသတ်တွေကို အသိပညာပေးတာမျိုးတွေ ပြုလုပ်ခဲ့ပြီး ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် လှူဒါန်းမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

ဝတ်မှုံရွှေရည်ကတော့ ရန်ကုန် ဟယ်ပင်ကလေး ဆေးရုံကြီးမှာ တတ်ရောက်ကုသနေတဲ့ ကလေးငယ်များနှင့်ဆရာဝန် ဆရာမများအတွက်လိုအပ်နေတဲ့ လက်သန့်ဆေးရည် ၊ Mask များ နှင့် အဟာရတစ်နေ့လုံးစာ အတွက်လည်းအလှူငွေ (၃) သိန်းကျပ်တိတိကို လှုဒါန်းခဲ့တာပဲဖြစ်ပါတယ်နော် ။ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ မွန်မြတ်တဲ့ အလှူလေးကို သာဓုခေါ်ပေးကြပါဦးနော်။

Flower

Source- Was Min Maung

Zawgyi





Written by 

Flower