ညီအမ သုံးယောက်လို့တောင် ထင်သွားလောက်စေတဲ့ စမိုင်းလ်တို့ သားအမိသုံးယောက်ရဲ့ ပုံရိပ်များ




Sunflower-Wow Myanmar

ညီအမ သုံးယောက်လို့တောင် ထင်သွားလောက်စေတဲ့ စမိုင်းလ်တို့ သားအမိသုံးယောက်ရဲ့ ပုံရိပ်များ

အနုပညာလောကမှာ အောင်မြင်တဲ့ မင်းသမီးတစ်လက်ဖြစ်ခဲ့သလို ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ခဲ့တဲ့ စမိုင်းလ်က လက်ရှိအချိန်မှာ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး ပရိသတ်တွေအားကျရတဲ့ အမျိုးသမီးတစ်ဦးပါ။ အနုပညာအလုပ်တွေကို ယခင်ကလောက် မလုပ်ဖြစ်တော့ပေမယ့် သူမကို အားပေးတဲ့ ပရိသတ်ကြီးကတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် အချစ်တွေအပြည့်နဲ့ အားပေးကြလို့ လက်ရှိအချိန်ထိ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတုန်းပါ။

အလှူရေစက်လက်နဲ့မကွာဆိုတဲ့ ဆောင်ပုဒ်ကို လက်ဆွဲကိုင်ထားတဲ့ စမိုင်းလ်တို့မိသားစုလေးက မလှူရရင် မနေနိုင်လောက်အောင် အလှူတစ်ခုပြီးတစ်ခု လုပ်တတ်တဲ့ မိသားစုလေးပါ။ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး သမီးလေးတွေရဲ့ လေးစားအားကျရတဲ့ အမေတစ်ဦးအဖြစ် မိသားစုရဲ့ ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝခံစားရပြီး ကံကောင်းတဲ့ သူတစ်ယောက်ပါ။ အမေနဲ့ တူတဲ့ စမိုင်းလ်ရဲ့ သမီးလေးတွေက ထက်ထက်မြတ်မြတ်ရှိပြီး မေမေ စမိုင်းလ်လို မင်းသမီးတစ်ယော်ဖြစ်ဖို့ အိမ်မက်တွေရှိကြပါတယ်။

စမိုင်းလ်ကလည်း သမီးလေးတွေကို ကောင်းကောင်း သွန်သင်ဆုံးမပြီး ထိန်းကြားခဲ့တာကြောင့် လိမ္မာယဉ်ကျေးသူလေးတွေပါ။ အခုလည်း သမီးလေးနှစ်ယောက်သာ အရွယ်ရောက်လာတယ် စမိုင်းလ်ရဲ့ အလှတွေကတော့ အိမ်ထောင်ရှင်မတစ်ယောက်လို့တောင် မထင်ရပါဘူး။ ရုတ်တရက်ဆို ညီအမတွေလို့တောင်ထင်ရတဲ့ စမိုင်းလ်နဲ့ သမီးလေးနှစ်ယောက်တို့ရဲ့ ပုံလေးတွေကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

Sunflower-Wow Myanmar
Source- စမိုင်းလ်(Smile)

Flower

Written by