ဒူးနာ ၍ ဆေးခန်းပြသော်လည်း မသက်သာပဲ သဘာဝဆေးနည်းများကို တောင်းဆိုလာသူ များအတွက် ဒူးနာဆေးနည်းများကို စုစည်း၍ မျှဝေပေးလိုက်ပါတယ်။

Flower

ဒူးနာ ၍ ဆေးခန်းပြသော်လည်း မသက်သာပဲ သဘာဝဆေးနည်းများကို တောင်းဆိုလာသူ များအတွက် ဒူးနာဆေးနည်းများကို စုစည်း၍ မျှဝေပေးလိုက်ပါတယ်။

လေဖြတ် လေငန်းလေးဘက်နာ ခါးနာ ဒူးနာရောဂါများအတွက် – ဖီးကြမ်းငှက်ပျောသီးအမှည့်ကိုဖင်ဖြတ် ခေါင်းဖြတ်၍ သက်ရင်းကြီးရွက်နှင့်လုံအောင်လိပ်ကာ ( ၅ ) နာရီခန့် ပြုတ်၍တစ်နေ့သုံးလုံးစီ ( ၅ ) ရက်ဆက်တိုက်စားပေးပါက လေဖြတ် လေငန်းလေးဘက်နာ ခါးနာ ဒူးနာ နာတာရှည်ရောဂါများ ပျောက်ကင်းပါသည်။ပြုလုပ်ပုံလွယ်ကူ၍ အကုန်အကျနည်းကာ အစွမ်းထက် သက်စောင့်ဆေးအားမှီဝဲကြပါကုန် ။ (ဝိစိတ္တ ရတနာမြေ)(၂) ဆေးရုံ ၃လလောက်တက်ခဲ့ရတဲ့ အသိတစ်ယောက် ဒီနည်းနဲ့ပျောက်သွားတယ်။ ၃ ပတ်ေ လာက် ဒူးနာနေတဲ့ ကျနော့်ယောက္ခမလည်း ဒီနည်းနဲ့ပဲ ပျောက်သွားတယ်။ဆေးနည်းကတော့ ဂျင်းတက်နဲ့ မြေဖြူခဲကို ရောထောင်းပြီး နာနေတဲ့ဒူးပေါ်ကို တစ်နေ့ ၂ ကြိမ် လိမ်းပေးပါ။ ၃ ရက်အတွင်း သိသာလာမယ်။ တစ်ပတ်လောက်ဆိုပြီ ပျောက်ပြီ။ (ကိုယ်တွေ့တစ်ဦး)။(၃) ခွေးတောက်ရွက် လက်တစ်ဆုပ်ခန့်ကို ထုထောင်း၍ အရည်ညှစ်ယူကာ ၎င်းအရည်ဖြင့် သနပ်ခါးသွေးကာ ဒူးပေါ်ကို လိမ်းပေးပါ။ မနက်ရေချိုးပြီးတစ်ကြိမ်၊ ညအိပ်ခါနီးတစ်ကြိမ် လိမ်းပေးပါ။ တစ်ပတ်ခန့်လိမ်းပေးလျှင် ဒူးနာသက်သာပျောက်ကင်းစေမည်။ (Mg Naing)။(၄) ရွားစောင်းလက်ပပ် လတ်လတ်ဆတ်လတ်ကို ခူးယူ၍ အေပ်ါအခွံကိုခွါပြီး အတွင်းသားဂျယ်လီကို ဇွန်းဖြင့်ချစ်ယူ၍ ကြိုချက်ထားသော နွားနို့အေအးနွင့် သောက်ပါ။ ၅ ရက်ခန့်သောက်လျှင်ဒူးနာသက်သာလာမည်။ (၅) ဒူးနာ၊ ခါးနာပျေက်ကင်းစေမည့် သဘာဝဆေးနည်း – က။ သင်္ဘာသီးအစိမ်းတစ်လုံးကို ထိပ်ပိုင်းနေရာမှ ကြက်ဥတစ်လုံးစာခန့် ပိုင်းဖြတ်လိုက်ပါ။ အတွင်းမှ အစေ့များကိုလည်း မထုတ်ပဲ ထားပါ။ခ။ ကြက်ဥကို ထည့်လိုက်ပါ။ (သဘာဝြကက်ဥ၊ တောကြဥ ဆိုလျှင် ပိုကောင်းပါသည်)။ဂ။ ပိုင်းဖြတ်ထားသည့် အပိုင်းဖြင့် ပြန်အုပ်လိုက်ပါ။ သူ့အစေးနှင့်သူ ပြန်ကပ်ပါသည်။ ပိုပြီး စိတ်ချချင်လျှင် ရွံ့စေးများဖြင့် အုပ်ပေးထားနိုင်ပါသည်။ဃ။ ၎င်းသင်္ဘောသီးကို မီးသွေးမီးဖိုထဲမှာ မီးဖုတ်ပေးပါ။ ပျော့အိပြီး အတွင်းမှ ကြက်ဥ ကျက်သွားသည့်အထိ ဖုတ်ပါ။င။ ပြီးလျှင် အခွံကို ခွါချလိုက်ပြီး အတွင်းမှ ကြက်ဥကို စားရမှာဖြစ်ပါတယ်။ တစ်ပတ်ကို တစ်ကြိမ်နဲ့ (၃)ကြိမ်ခန့် စားပေးပါက ဒူးနာ၊ ခါးနာပျောက်ကင်းသွားပါလိမ့်မယ်။ (အစာလည်းဆေး၊ ဆေးလည်းအစာ)။
(၆) သံပုရာသီးကို ထက်ခြမ်းပိုင်း၍ ၎င်းသံပုရာခြမ်းဖြင့် နာနေသည့်ဒူးပေါ်ကို အရည်များကုန်ခမ်းသည့်အထိ ညင်သာစွာ ပွတ်တိုက်ပေးပါ။ ပြီးလျှင် (ဆရာခို-အနာလိမ်းဆေး) သို့မဟုတ် ဒဏ်ကြေဆေးတစ်မျိုးမျိုးဖြင့် လိမ်းပေးပြီး ၁၅ မိနစ်ခန့် အဝတ်ပါးပါး၊ ပတ်တီးစီးထားပါ။ အထူးသဖြင့် ညအိပ်ခါနီး လိမ်းပေးလျှင် ပိုထိရောက်ပါတယ်။ တစ်ပတ်ခန့်လိမ်းပေးလျှင် ဒူးနာပျောက်ကင်းစေပါမည်။(၇) ဒူးနာသူများအတွက် ဆေးမြီးတို နောက်တနည်း – ခါးနာ ဒူးနာ သူများအတွက် မခက်ပါ …. ဘဲဥကိုပွတ်နေသော ရေနွေးအိုးထဲ့ကို ၂ မိနစ်ခန့်ပြုတ်လိုက်ပြီး ဆယ်ယူလိုက်ပါ ၊ ဆယ်ယူလိုက်သည့် ဘဲဥကို ပန်းကန်လုံးထဲ့ကို ဖောက်ထည့် လိုက်ပါ စားကောင်းစေရန် သကြားအနည်းငယ် သင်စားကောင်းစေလောက်သည့် အနေအ ထားသို့ထည့်ပြီး ခေါက်စားလိုက်ပါ တခြားမည်သည်အရာမှ ရောစပ်ပြီး မစားရပါ ဘဲဥတ လုံးကိုတော့ ကုန်အောင် စားရပါလိမ့်မည်။တနေ့ကို ဘဲဥတလုံးကို ကုန်အောင်စားရပါလိမ့်မည် ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတလုံးစီ စားသုံးရမည်၊ အနည်းဆုံး မိမိအသက်၏ တဝက် အလုံးရေအထိ စားသုံးရမည်၊ ( ဥပမာ ) အသက် ၄၀-နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလုံးရေ (၂၀ ) စားသုံးရမည်၊ ထိုထက် များများစားသုံးနိုင်လျှင် ပိုကောင်းပါသည်။ဘဲဥစား သုံးခြ င်း သည် လိုအပ်သော ခြင်ဆီဓာတ်အတွက် ပြန်လည်ဖြစ်ပေါ်စေရန်ဖြစ်ပါသည်။ ထိုကဲ့သို့ စားသုံးခြင်းဖြင့် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းပေးပြီး ခါးနာ ဒူးနာများ သက်သာပျောက်ကင်းသွားပါလိမ့်မည်။
မူရင်းရေးသားသူကို လေးစားစွာဖြင့် credit ပေးပါတယ်။

Written by 

Flower