ဈေးကြွေး ၁၀၀၀ အကြွေးတောင်းသည့်ကိစ္စ မကျေနပ်သဖြင့် အကြွေးရှင်၏ ကလေးငယ်ကို ရက်စက်စွာ သတ်ဖြတ်

ပဲခူးတိုင်း လက်ပံတန်းမြို့နယ်တွင် ဈေးကြွေး ၁၀၀၀ အကြွေးတောင်းသည့်ကိစ္စ မကျေနပ်သဖြင့် အကြွေးရှင်၏ ကလေးငယ်ကို ရက်စက်စွာ သတ်ဖြတ်ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊

ယွန်းသွယ်ကျေးရွာ အုပ်စု စာဖြူစုကျေးရွာမှာ ဇန်နဝါရီ ၁၇ ရက်နေ့ ညနေက ဈေးကြွေး ၁၀၀၀ ကျပ်ကျော် တောင်းတာ မကျေနပ်လို့ အကြွေးရှင်ရဲ့ သားဖြစ်သူ ၃ နှစ်အရွယ် ကလေးငယ်အား ဓားနဲ့ ခုတ်သတ်ခံတဲ့ အမျိုးသမီးတဦးကို ဖမ်းဆီးလိုက်တယ်လို့ သာရဝေါ နယ်မြေရဲစခန်းတာဝန်ရှိသူတဦးက ပြောပါတယ်။

ဖြစ်စဉ်မှာ လက်ပံတန်းမြို့နယ်၊ ယွန်းသွယ်ကျေးရွာ အုပ်စု၊ စာဖြူစုကျေးရွာနေ မအေးသန္တာက သားဖြစ်သူ ကို မတွေ့ရှိတာကြောင့် လိုက်လံရှာဖွေရာ အိမ်အနောက် ဘက်ကပ်လျက် နေအိမ်မှာ တဦးတည်းနေထိုင်တဲ့ မနန်းစိုးမိုးဟာ ဓားမကိုင်ဆောင်နေတာကို တွေ့ရှိရတဲ့ အတွက် အနီးအနားကအနီးအနားကအခြားသူတွေကို အကူအညီ တောင်းခံပြီး မနန်းစိုးမိုးရဲ့ နေအိမ်ပေါ် တက်ရောက် ရှာဖွေခဲ့ကြတယ်လို့ ဆိုပါတယ်။

မနန်းစိုးမိုးရဲ့ နေအိမ်ပေါ်တက်ရောက်ရှာဖွေရာမှာ သားဖြစ်သူ မျိုးမြင့်အောင်ကို နေအိမ်အပေါ်ထပ် အခန်း အတွင်းမှာ ခန္ဓာကိုယ်အနှံ့အပြား ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရလို့ အရေးယူပေးဖို့ သာရဝေါနယ်မြေရဲစခန်းကို သွားရောက်တိုင်ကြားခဲ့ပါတယ်သာရဝေါနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဇော်ဝင်းနိုင်နဲ့ တာဝန်ရှိသူတွေ စစ်ဆေးချက်အရ သေဆုံးသူရဲ့ မိခင်ဖြစ်သူက ဈေးကြွေး ၁၀၀၀ ကျပ်ကျော် တောင်းရမ်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မကျေနပ်တာ ကြောင့် သားဖြစ်သူ အိမ်ကို လာရောက်စဉ် ဓားနဲ့ ခုတ်သတ်ခဲ့တယ်လို့မနန်းစိုးမိုးက ဝန်ခံဖြောင့်ချက် ပေးခဲ့ကြောင်း သာရဝေါနယ်မြေရဲစခန်း တာဝန်ရှိသူက ပြောပါတယ်သာရဝေါနယ်မြေရဲစခန်းက မနန်းစိုမိုးကို (ပ)၂၁/၂၀၁၇ နဲ့ အမှုဖွင့်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အရေးယူနိုင် ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဝဏ္ဏထွန်း DVB

Flower

Written by