ကြော်ငြာလေးတစ်ခုကနေ စတင်လာခဲ့တဲ့ စမိုင်းလ်တို့ဇနီးမောင်နှံရဲ့ရိုမန့်တစ်ဆန်ဆန် အချစ်ဇာတ်လမ်းဗီဒီယိုဖိုင်လေး

ပရိသတ်တွေကြားမှာ အားကျရတဲ့ အနုပညာရှင် ဇနီးမောင်နှံတွေထဲမှာ စမိုင်းလ်တို့ ဇနီးမောင်နှံလည်း အပါအဝင်ဖြစ်ပါတယ်။ အခက်အခဲတွေကို လင်မယားနှစ်ယောက် အတူဖြေရှင်းခဲ့ကြပြီး လက်ရှိမှာတော့ ပျော်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ ဇနီးမောင်နှံလည်း ဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် မရှိအတူ ရှိအတူ ဖြတ်သန်းခဲ့ကြတဲ့ စစ်မှန်တဲ့ မေတ္တာတရားတွေကြောင့်လည်း ပရိသတ်အားကျရတဲ့ အိမ်ထောင်ရှင်စုံတွဲ ဖြစ်နေခဲ့တာပါ ။ခင်ပွန်းဖြစ်သူနဲ့အတူ Londanမှာ နှစ်ယောက်အတူ ရုန်းကန်ကာ ပြည့်စုံတဲ့ ဘဝကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားခဲ့ကြသူတွေပါ..။

စမိုင်းလ်တို့ဇနီးမောင်နှံကတော့ လက်ရှိမှာ ပြည့်စုံမှုတွေနဲ့အတူ အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နိုင်ကာ အလှူအတန်းတွေကိုလည်း အလှူရေစက်လက်နဲ့မကွာ လုပ်ဆောင်ကြတဲ့ အားကျဖွယ် ဇနီးမောင်နှံစုံတွဲလေးလို့ ပြောရင်မှားမယ်မထင်ပါဘူး..။ အမြဲလိုလို တစ်ယောက်နဲ့တစ်ယောက် ချစ်သက်လက်ဆောင်လေးတွေ စပရိုက်လုပ်ကာ ပေးတတ်ကြတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံဟာ ဖေဖော်ဝါရီလ (၁၄)ရက်နေ့မှာ ဇနီးဖြစ်သူ စမိုင်းလ်ကို ဘောလုံးကွင်းငှါးကာ နေကြာပန်းတွေနဲ့အတူ ချစ်သူများနေ့ လက်ဆောင်ကို စပရိုက်တိုက်ခဲ့တာပါ..။

စမိုင်းလ်က ခင်ပွန်းဖြစ်သူကို စပရိုက်တိုက်ဖို့လုပ်ခဲ့ပေမယ့် နောက်ကွယ်ကနေ အစီအစဉ်တွေကို ပျက်အောင်လုပ်ပြီး ခင်ပွန်းဖြစ်သူက သူမကို ပြန်လည်စပရိုက်လုပ်ခဲ့တာပါလို့လည်း လူလည်ကျကာ စပရိုက်လုပ်ခံရမှုလေးကိုလည်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါသေးတယ်..။ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှာတော့ သူမတို့ ဇနီးမောင်နှံရဲ့ အချစ်ဇာတ်လမ်းလေးကို ပုံဖော်ထားတဲ့ ဗီဒီယိုဖိုင်လေးကို “ကျမတို့ရဲ့အချစ်ဇာတ်လမ်းလေး ပုံဖော်ပေးတဲ့ Joosk team တစ်ဖွဲ့လုံးကျေးဇူးပါ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ် ပရိသတ်ကြီးရေ..။ (၁၉၉၈)ခုနှစ်က ကြော်ငြာလေးတစ်ခုကနေ စတင်ခဲ့တဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံရဲ့ အချစ်ဇာတ်လမ်းလေး ဗီဒီယိုဖိုင်လေးကိုပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်..။

Source: စမိုင်းလ် Smile’s Page,CRD-Cele Connections

Zawgyi

“ေၾကာ္ျငာေလးတစ္ခုကေန စတင္လာခဲ့တဲ့ စမိုင္းလ္တို႔ဇနီးေမာင္ႏွံရဲ႕႐ိုမန႔္တစ္ဆန္ဆန္ အခ်စ္ဇာတ္လမ္းဗီဒီယိုဖိုင္ေလး”

ပရိသတ္ေတြၾကားမွာ အားက်ရတဲ့ အႏုပညာရွင္ ဇနီးေမာင္ႏွံေတြထဲမွာ စမိုင္းလ္တို႔ ဇနီးေမာင္ႏွံလည္း အပါအဝင္ျဖစ္ပါတယ္။ အခက္အခဲေတြကို လင္မယားႏွစ္ေယာက္ အတူေျဖရွင္းခဲ့ၾကၿပီး လက္ရွိမွာေတာ့ ေပ်ာ္စရာမိသားစုဘဝေလးကို ပိုင္ဆိုင္ထားတဲ့ ဇနီးေမာင္ႏွံလည္း ျဖစ္ပါတယ္။ တစ္ေယာက္ကိုတစ္ေယာက္ မရွိအတူ ရွိအတူ ျဖတ္သန္းခဲ့ၾကတဲ့ စစ္မွန္တဲ့ ေမတၱာတရားေတြေၾကာင့္လည္း ပရိသတ္အားက်ရတဲ့ အိမ္ေထာင္ရွင္စုံတြဲ ျဖစ္ေနခဲ့တာပါ ။ခင္ပြန္းျဖစ္သူနဲ႔အတူ Londanမွာ ႏွစ္ေယာက္အတူ ႐ုန္းကန္ကာ ျပည့္စုံတဲ့ ဘဝကို ပိုင္ဆိုင္ႏိုင္ေအာင္ ႀကိဳးစားခဲ့ၾကသူေတြပါ..။

စမိုင္းလ္တို႔ဇနီးေမာင္ႏွံကေတာ့ လက္ရွိမွာ ျပည့္စုံမႈေတြနဲ႔အတူ ေအးေအးခ်မ္းခ်မ္းေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ေနထိုင္ႏိုင္ကာ အလႉအတန္းေတြကိုလည္း အလႉေရစက္လက္နဲ႔မကြာ လုပ္ေဆာင္ၾကတဲ့ အားက်ဖြယ္ ဇနီးေမာင္ႏွံစုံတြဲေလးလို႔ ေျပာရင္မွားမယ္မထင္ပါဘူး..။ အၿမဲလိုလို တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္သက္လက္ေဆာင္ေလးေတြ စပ႐ိုက္လုပ္ကာ ေပးတတ္ၾကတဲ့ စမိုင္းလ္တို႔ဇနီးေမာင္ႏွံဟာ ေဖေဖာ္ဝါရီလ (၁၄)ရက္ေန႔မွာ ဇနီးျဖစ္သူ စမိုင္းလ္ကို ေဘာလုံးကြင္းငွါးကာ ေနၾကာပန္းေတြနဲ႔အတူ ခ်စ္သူမ်ားေန႔ လက္ေဆာင္ကို စပ႐ိုက္တိုက္ခဲ့တာပါ..။

စမိုင္းလ္က ခင္ပြန္းျဖစ္သူကို စပ႐ိုက္တိုက္ဖို႔လုပ္ခဲ့ေပမယ့္ ေနာက္ကြယ္ကေန အစီအစဥ္ေတြကို ပ်က္ေအာင္လုပ္ၿပီး ခင္ပြန္းျဖစ္သူက သူမကို ျပန္လည္စပ႐ိုက္လုပ္ခဲ့တာပါလို႔လည္း လူလည္က်ကာ စပ႐ိုက္လုပ္ခံရမႈေလးကိုလည္း သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ တင္လာခဲ့ပါေသးတယ္..။ေဖေဖာ္ဝါရီလ(၁၆)ရက္ေန႔မွာေတာ့ သူမတို႔ ဇနီးေမာင္ႏွံရဲ႕ အခ်စ္ဇာတ္လမ္းေလးကို ပုံေဖာ္ထားတဲ့ ဗီဒီယိုဖိုင္ေလးကို “က်မတို႔ရဲ႕အခ်စ္ဇာတ္လမ္းေလး ပုံေဖာ္ေပးတဲ့ Joosk team တစ္ဖြဲ႕လုံးေက်းဇူးပါ” ဆိုၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ တင္လာခဲ့ပါတယ္ ပရိသတ္ႀကီးေရ..။ (၁၉၉၈)ခုႏွစ္က ေၾကာ္ျငာေလးတစ္ခုကေန စတင္ခဲ့တဲ့ စမိုင္းလ္တို႔ ဇနီးေမာင္ႏွံရဲ႕ အခ်စ္ဇာတ္လမ္းေလး ဗီဒီယိုဖိုင္ေလးကိုပရိသတ္ႀကီးအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္..။

Flower

Written by